Friday, March 13, 2009
Subscribe to:
Posts (Atom)
စောဘဦးကြီးသည်
၁၉၀၅-ခုနှစ်တွင် ပုသိမ်၌
မွေးဖွားခဲ့သည်၊ အင်္ဂလန်တွင်
တက္ကသိုလ်များ တက်ပြီးသောအခါ
၁၉၂၅-ခုနှစ်တွင်
ရှေ့နေတစ်ဦးဖြစ်လာသည်၊
၁၉၃၇-ခုနှစ်တွင် ဗမာအစိုးရထံ
ပြန်ကြားရေးဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်၊
စစ်ပြီးသောအခါ ကရင်လူထု
အကျိုးစီးပွားနှင့် ကရင်ကိုယ်ပိုင်
နိုင်ငံအတွက် ကရင်အမျိုးသား
အစည်းအရုံး (KUN) ကို
၁၉၄၆-ခုနှစ်တွင်
ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ချစ်သမီးသို့
သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။
ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊
လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊
မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊
သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။
ရေဆန်(ဗဒိုမန်းရှာလာဖန်း)
နိုင်ငံရေးနှင့်ပတ်သက်သော
အကြောင်းအရာများကိုတင်ပြခြင်း
မဟုတ်ပါ၊ မှေးမှိန်နေသောမိမိလူမျိုးရဲ့
သမိုင်းကြောင်းများ၊ရိုးရာယဉ်ကျေးမှု
များ၊ဓလေ့ထုံးစံအစဉ်အလာနှင့်
ကိုးကွယ်မှုဆိုင်ရာအယူအဆများ၊
အတုယူအားကျစရာပညာရေး၊
ကျန်းမာရေးကအစသိသင့်သိထိုက်
သောအကြောင်းအရာများကို
ဖော်ထုတ်တင်ပြပေးနေခြင်းသာဖြစ်သည်၊
အချုပ်အားဖြင့်ပြောရလျှင်
အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်ကာလသုံးပါးတွင်
ရှိနေသောကရင်လူမျိုးတို့၏ဘ၀ကို
တင်ပြခြင်းမျှသာဖြစ်သည်။
မျိုးချစ်ကရင်