မင်းဘာလူမျိုးလဲ.
ကျွန်တော်ကရင်လူမျိုးပါ.
စကောလား ပိုးလား.
ကျွန်တော် ပိုးကရင်ပါ။
ဒါဆို မင်းပိုးကရင်စကားတတ်မှာပေါ့၊ ရေးကော ရေးတတ်လား။
ထိုမေးခွန်းအတွက်တော့ သွက်လက်စွာ အဖြေပေးဖို့ ကျွန်ုတော့်မှာ အဆင်သင့်မရှိ။
ဒါကြောင့် -ဟင့်အင်း၊ စကားတော့ နဲနဲပြောတတ်တယ်၊ စာကျတော့ အရေးရော အဖတ်ရော မရဘူး-လို့ အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။
တုံ့ဆိုင်း လေးတွဲ့နေတဲ့ ကျွန်တော့်အဖြေအဆုံးမှာ အထင်သေးနေသော မျက်ဝန်းများစွာကို သိမ်ငယ်စွာ ရင်ဆိုင်လိုက်ရသည်။
-မင်းကွာ ကရင်တစ်ယောက်ဖြစ်ပြီး စာလဲမတတ် စကားလဲမတတ်ဆိုတော့ ကရင် အ ပဲကွ ဟားဟား။
နောက်ပြောင်လိုသောစကားလား ချိုးဖဲ့လိုက်သောစကားလား ကျွန်တော်မခွဲခြားနိုင်ခဲ့။
ပိုးကရင်လူမျိုးအများစု ရှိနေသော ဤလုပ်ငန်းခွင်မှာ ပိုးကရင်စာမတတ်သူ ပိုးကရင်စကား မတတ်သူက ကျွန်တော်တစ်ယောက်တည်းမို့ အထင်သေးသော အကြည့်များ ရှုံ့ချလိုသော စကားသံများကို ခံပြင်းခြင်း၊ ၀မ်းနည်းခြင်းများစွာဖြင့် ခံစားလိုက်ရ၏၊ အလုပ်စတင် ၀င်ရောက်တဲ့နေ့မှာပဲ် လူတောမတိုးဝံ့သော ခံစားမှုကို အားငယ်စွာ ခံစားလိုက်ရ၏၊
ရင်မှာ နာကျင်နေသော်လည်း ပြန်လည်ချေပ ပြောဆိုနိုင်ဖို့ စကားများက ကျွန်တော့်မှာမရှိ။
-သူ့ကိုယ်သူ ကရင်တဲ့ကွာ ဟားဟား-
မလှမ်းမကမ်းဆီမှာ ခနဲ့တဲ့တဲ့စကားသံနှင့်အတူ လှောင်ပြောင်ရယ်မောလိုက်သော အသံများက နားစည်အတွင်းသို့ တိုးဝင်လာသည်။ ထောင်းခနဲထွက်လာသော ဒေါသကို အချိနိမှီ မတားဆီးနိုင်ခဲ့။
-ဒီမှာ မင်းတို့က ကိုယ့်လူမျိုးအချင်းချင်း အားနည်းချက်တွေကို ကူညီပေးရမဲ့အစား လှောင်စရာပြောင်စရာလို့ သတ်မှတ်နေကြတယ်၊ ဒါကြောင့်ပဲ ပိုးကရင်ဆိုတဲ့ လူမျိုးစုက တစ်ခြားလူမျိုးစုတွေရဲ့နောက်မှာ တစ်ဖြည်းဖြည်း နောက်ကျကျန်ရစ်ခဲ့ရတာကွ….၊ မင်းတို့လို လူမျိုးတွေကြောင့် ကိုယ့်လူမျိုးအချင်းချင်း ချစ်ခင်သွေးစည်းမှုတွေ မရှိတော့တာ၊ အေး မင်းတို့ကြည့်ထား မင်းတို့လှောင်ပြောင်ခဲ့တဲ့ကောင်က တစ်နေ့မင်းတို့အပေါ်မှာ အစစအရာရာ သာစေရမယ်…၊
ဒေါသသွေးတို့ ဆူပွက်စွာဖြင့် စိတ်ရှိရှိ ပြန်ပြောပစ်လိုက်သည်။ အနီးရှိထိုင်ခုံကို အားရှိပါးရှိ ဆောင့်ကန်ပြီး နေရာမှ နားနေဆောင်သို့ ထွက်လာခဲ့သည်။ ထိုနေ့ တစ်နေ့လုံး အလုပ်ခွင်သို့ မရောက်တော့။
နောက်တစ်နေ့
မနေ့က အရှိန်မပြယ်သေးတာကြောင့် အလုပ်ခွင်ကို ၀င်လာသော ကျွန်တော့်မျက်နှာက မှုန်တေတေနှင့် တင်းမာနေသည်၊ လူအသစ်ဖြစ်နေရတာကတစ်ကြောင်း၊ စကားများထား သောအဖြစ်ကတစ်ကြောင်းမို့ ဘာလုပ်ပြီးဘာကိုင်ရမည်မသိ။ ယောင်လည်လည်ဖြင့် အခန်း ထောင့်တွင် တစ်ယောက်တည်းရပ်နေမိသည်။
-ထောင်ဖန်း .. ဟိုနေ့ကအလုပ်ဝင်လာတဲ့ အသစ်တစ်ယောက်ကို ၀က်ဆီနွှာတာ သွားပြ လိုက်.၊
ဟုတ်ကဲ့ ဆရာမ၊
စားဖိုတာဝန်ခံ ဆရာမ၏စကားအဆုံး ထောင်ဖန်းဆိုသူက ကျွန်တော့်ကို လက်ယပ်ပြီး လှမ်း ခေါ်သည်၊
-ကဲ ဟိုနောက်ဖေး စင်ပေါ်က ဓားမတစ်ချောင်းယူပြီး ငါနဲ့လိုက်ခဲ့-၊
ထောင်ဖန်း ဆိုသူက မျက်နှာချိုပြီး ဆက်ဆံရအဆင်ပြေမယ့် လူတစ်ယောက်ဟု အကဲခပ်မိ သည်။
လာ ညီလေး
သူ့အမူအရာ သူ့စကားသံကို ကြည့်ပြီး ထောင်ဖန်းဆိုတဲ့သူဟာ ယဉ်ကျေးချိုသာပြီး ဆက်ဆံရေးကောင်းမယ့်လူတစ်ယောက်လို့ ကျွန်တော်အကဲခတ်လိုက်သည်။
ဒီဆိုင်မှာ အလုပ်စ၀င်တဲ့သူမှန်သမျှ ၀က်ဆီနွှာ ပေါင်းအိုးဆေးတဲ့ အလုပ်ကို တစ်လလောက် ဦးစွာ လုပ်ရတယ်၊ ဒါကတော့ ထုံးစံပဲ၊
ဟုတ်ကဲ့
ဒါနဲ့ မနေ့က ငါ့ညီနဲ့ အိုင်းဘွားတို့အုပ်စု စကားများကြတယ်ဆို ဟုတ်လား
ဟုတ်တယ် အစ်ကို
မနေ့က အစ်ကိုနားရက်ဆိုတော့ မသိလိုက်ဘူး၊ ဘယ်လိုဖြစ်ကြတာလဲ
သူ့အမေးကြောင့် မနေ့က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်၊
သူတို့က ဒီလိုပါပဲ၊ စိတ်ထဲမှာ မထားနဲ့ အားလုံးက ရိုးသားကြပါတယ်၊ တောက တက်လာကြ တဲ့သူတွေဆိုတော့ စကားအပြောအဆိုမတတ်သေးလို့ပါ၊ နောက်တော့ အဆင်ပြေသွားပါလိမ့်မယ်၊ ၀က်အဆီပေါ်ရှိ အခေါက်ကို နွှာပြရင်း သူက ပြောသည်။
ပြီးတော့ သူက ထပ်ပြောသည်-
-ကရင်တစ်ယောက်ဖြစ်ပြီး စကားလဲမတတ် စာလည်းမတတ်ဆိုတာကတော့ မကောင်းဘူး ငါ့ညီရဲ့၊ တစ်ခုမဟုတ် တစ်ခု ဒါမှမဟုတ် နှစ်ခုစလုံးတတ်တာ ပိုကောင်းတာပေါ့၊ လေ့လာဖို့မမေ့ပါနဲ့ ကိုယ့်လူမျိုးရဲ့ စကားနဲ့စာပေဆိုတာ ကိုယ်တိုင်ထိန်းသိမ်းမှ ကျန်မှာကွ၊
ကဲ ပြတဲ့အတိုင်း ဖြေးဖြေးဆက်လုပ်လိုက်ပါ၊ အစ်ကိုသွားလိုက်အုံးမယ် ဆိုပြီး ထွက်သွားသည်။
ဟုတ်ကဲ့ ကျေးဇူးပါပဲ အစ်ကို
ကိုယ့်လူမျိုးရဲ့ စာပေနဲ့စကားဆိုတာ ကိုယ်ကထိန်းသိမ်းမှ ကျန်မှာကွ ဆိုတဲ့ စကားသံက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပြီး ကျန်ရစ်တော့သည်၊
ကျွန်တော်တို့အိမ်မှာ မောင်နှမတွေဆုံလို့ မြန်မာစကားပြောတဲ့အခါ အဖေက အမြဲသတိပေးဆူတတ်သည်၊ တစ်ခါတစ်လေ စကားကောင်းနေတုန်းမှာ -ဟေ့ကလေးတွေ ကရင်စကားပြော လို့ အဖေကလှမ်းအော်လိုက်ရင် ကျွန်တော်တို့က အဖေ့ကို စိတ်ဆိုးတတ်သေးသည်၊ အဖေက အမြဲပြောတယ် မြန်မာစကားဆိုတာ နိုင်ငံသုံးစကားဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြောလို့ရတယ်တဲ့၊ အိမ်မှာလူဆုံတုန်း ကရင်စကား ကို အမြဲတိုင်းပြောပေးမှ ကိုယ့်ရဲ့မိခင်စကားကို မမေ့မှာပေါ့၊
ကျွန်တော်တို့လည်း လူငယ်တွေ ဆိုတော့ နားမ၀င်ခဲ့ဘူးလေ၊ အခုမှ ကိုယ့်လူမျိုးကြားထဲရောက်ပြီး ကိုယ့်ဘာသာစကားကို မပြောနိုင် မရေးနိုင်တာ အတော်ရှက်မိတယ်။
ကျွန်တော့်စကားကို နားထောင်ရင်း ကိုထောင်ဖန်းက ခေါင်းတစ်ညိတ်ညိတ်နဲ့ ပြုံးပြီး-
ဟုတ်တယ်ငါ့ညီ ဒါတကယ်ရှက်စရာပါ၊ ကိုယ့်မိခင်ဘာသာစကားနဲ့ စာပေကို မတတ်တာ ရှက်စရာအကောင်းဆုံးပဲကွ၊ အခု သဘောပေါက်သွားပြီးဆိုတော့ ပြန်ပြီး ကြိုးစားသင်ယူပေါ့ကွာ လို့ ကျွန်တော့်ကို ပြောပါတယ်၊
ဟုတ်ကဲ့ ကျွန်တော်ပြန်ကြိုးစားလေ့လာပါ့မယ်၊
မသိတာရှိရင် အစ်ကို့ကိုမေးပေါ့ ဟုတ်လား၊ စကားပြောတာကတော့ အလုပ်ထဲမှာလဲ သူများပြောတာကို အသေချာလိုက်မှတ်ရင် တစ်ဖြေးဖြေးနဲ့ ငါ့ညီ ပြောတတ်သွားမှာပါ၊
ဟုတ်ကဲ့ အစ်ကို၊
ကျွန်တော့်ကိုကြည့်ပြီး ကိုထောင်ဖန်း တစ်ယောက် ကျေနပ်စွာ ပြုံပြပြီး ကျွန်တော့်ဖခုံးကို တင်းကြပ်စွာ ဖက်လိုက်သည်။
ငါတို့ စကား ငါတို့စာပေကို ငါတို့ ထိန်းသိမ်းမှ ငါတို့ယဉ်ကျေးမှု ငါတို့လူမျိုး တည်မြဲမှာကွ၊
သူ၏ ထက်သန်စွာ ပြောလိုက်သော စကားသည် ကျွန်တော့်နှလုံးအိမ်မှာ ခိုင်မာစွာ နေရာယူလျှက်။
…………………………….
-စန်းသိမ်ထောင်… နင်အရက်တွေ သောက်တတ်နေပြီဆို
-ဟ ယောက်ျားပဲ အရက်သောက်တတ်တာ ဘာဆန်းလဲ
-လူကိုဖျက် အရက်တဲ့ နင်လဲ ကြားဖူးတာပဲ အကျင့်မလုပ်စမ်းပါနဲ့
-ဟာကွာ.. အလုပ်အားရက်မှာ လာမြည်းမိပါတယ် ဆူဖို့မောင်းဖို့ပဲ သိတယ်၊ နင်လဲ ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကို ပြင်စမ်းပါ၊
-ငါက ကောင်းစေချင်လို့ ပြောတာဟဲ့
အလုပ်အားရက်တစ်ရက်မှာ အရက်သောက်မိလို့ ကျွန်တော်တို့ ချစ်သူနှစ်ဦးစကားများကြသည်၊ ဖြူဖြူက အဲမှာတွင် မရပ်သေး
-နင်တို့လို ပေါပျက်ပျက်ယောက်ျားတွေကြောင့် ကရင်မတွေက ကိုယ့်ကရင်ယောက်ျားတွေကို အားမကိုးရဲတာ၊ တစ်ချို့ အရွယ်က မရောက်ချင်သေးဘူး၊ အရက်ကလေးတမြမြနဲ့၊
-ဟေ့ ဟေ့ မဆိုင်တာတွေ လျှောက်မပြောနဲ့ ကိုယ့်ဘာသာကို တစ်ခြားတွေကို ကြိုက်ချင်တိုင်း ငါတို့ယောက်ျားတွေကို နှိမ့်ချမပြောနဲ့၊
-စမ်းသိမ်းထောင်… နင့်ကို ငါစကားနိုင်လုနေတာမဟုတ်ဘူး၊ အတည်ပြောနေတာ၊
နင်စဉ်းစားကြည့်စမ်း၊ ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီးရွေးချယ်ဖို့ ဘယ်မှာလဲ အရည်ချင်းရှိတဲ့ ကိုယ့်အမျိုးတွေ၊ ကိုယ့်အသိုက်အမြုံ၊ ကိုယ့်ကျင်းထဲမှာပဲ ရောင့်ရဲနေပြီး ဘာမှ တိုးတက်ချင် စိတ်မရှိတဲ့အပြင် အရက်သမားလည်းဖြစ်ဆိုတော့ ပိုဆိုးတယ၊်
စကားလမ်းကြောင်းတွေ ဘယ်လိုကနေဘယ်လိုပြောင်းသွားတယ်မသိ၊ သူမက မျက်နှာမှာ ခံစားချက်အပြည့်နဲ့ ပြောနေသည်။
-ကဲ ထားပါတော့ ဒါပေမယ့် နင်ဝါးလုံးရှည်ကြီးနဲ့တော့ သိမ်းကျုံးပြီး မရမ်းသင့်ပါဘူး၊
-ငါက ၀ါးလုံးရှည်နဲ့ ရမ်းနေတာမဟုတ်ဘူးဟဲ့၊ ဖြစ်နေတာကိုပြောတာ၊ ငါတို့လို မိန်းမသားတွေက ကိုယ့်လူမျိုးထဲကနေ အရည်ချင်းရှိပြီး အားကိုးရမယ့် ယောက်ျားတွေ ရှာဖို့ မလွယ်တော့ဘူး ဒါကိုပဲ နင်ကများ ငါ့ကို ကိုယ့်ကြိုက်ချင်တိုင်း အကြောင်းရှာလျှောက်ပြောတယ်လို့ ပြောချင်သေးတယ်၊
မထင်မှတ်တဲ့ ကျွန်တော့်စကားတစ်ခွန်းက သူမရင်ကို ထိုမျှအထိ ထိခိုက်သွာမယ်ဆိုတာ မထင်မိခဲ့ပါ၊ အခုတော့ ထိုစကားအတွက် နောင်တရပြီး သူမခံစားချက်ကို ကျွန်တော်သဘောပေါက် ကိုယ်ချင်းစာမိသွားသည်၊
-နင် ဘယ်သူ့ကိုမှ မကြည့်နဲ့ ငါ့အဖေကိုပဲကြည့်၊ သူအရက်မသောက်တတ်ခင်တုန်းက ငါတို့ မိသားစု ဘယ်လောက်သာယာခဲ့သလဲ၊ အခု နင့်အမြင်ပဲလေ၊ တစ်ချိန်လုံး အရက်ကိုပဲ ဖက်တွယ်နေတာ၊ မိသားစု အပေါ် ဘယ်နှစ်ခါများ ပြန်ပြီး ဂရုစိုက်နိုင်လို့လဲ၊ နင်လဲ ဒီလိုပုံပဲဖြစ်လာပြီး ရှေ့လျှောက် နင့်ကို အားကိုးဖို့ ငါဘယ်လို စဉ်းစားရမလဲ၊
နောက်ဆုံး စကားတစ်လုံးကတော့ ကျွန်တော့်ရင်ကို ဖောက်ထုတ်မတတ် နာကျင်စွာ ခံစားလိုက်ရသည်။
-တောင်းပန်ပါတယ် ဖြူရယ်၊ ငါနင့်ကို တောင်းပန်ပါတယ်၊ တစ်ချိန်မှာ နင်အားကိုးရမယ့် အိမ်ထောင်ဦးစီး ယောက်ျားကောင်းတစ်ယောက်ဖြစ်စေရမယ်လို့ ငါနင့်ကို ခိုင်ခိုင်မာမာကတိ ပေးပါတယ်၊ နင်ယုံကြည်လိုက်ပါနော်၊
သူမလက်ဖ၀ါးနုနုကိုဆုပ်ကိုင်ပြီး ကျွန်တော်ခိုင်မာစွာ ကတိစကားပေးလိုက်တော့ ၀မ်းသာကြည်နူးစွာ ၀င်လက်သွားသော ချစ်သူမျက်နှာကို ငုံ့ကြည့်ပြီး
-နင့်ကို ငါယုံကြည်ပါရစေ စမ်းသိမ်းထောင်ရယ်-
ပခုံးထက်မှီခိုရင်း ဖြူဖြူက ဆို့နင့်စွာ ပြောရှာသည်။
-အခုကစပြီးယုံကြည်လိုက်ပါ၊ တစ်သက်လုံးစာအတွက် ယုံကြည်လိုက်ပါ ဖြူဖြူ၊
ကျွန်တော်လည်း အလေးအနက် ပြန်စဉ်းစားလိုက်တော့ မိမိလူမျိုး၏ စာပေ၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို မြတ်နိုးချစ်ခင်သော ကိုထောင်ဖန်း၊ မိမိလူမျိုးကို တိုးတက်မြင့်မားစေချင် သော ကျွန်တော့်ချစ်သူ၊
မိမိလူမျိး ယဉ်ကျေးမှုနဲ့ စာပေကို မသိခဲ့သောကျွန်တော်၊ မိမိလူမျိုးက မိမိကို အားကိုးချင်စိတ် ရှိအောင် မစွမ်းဆောင်နိုင်သေးသည့်ကျွန်တော်၊
မိမိချစ်သူက မိမိကို အားကိုးချင်သလို အခြားသော ကရင်အမျိုးသမီးများသည်လည်း မိမိလူမျိုးချင်းကို အားကိုးချင်စိတ်ရှိမည်မှာမလွဲ…
အခြားကရင်အမျိုးသားများသည်လည်း သူမက မိမိအပေါ် ပြောခဲ့သလို အမှန်တကယ်ပင် အားကိုးချင်စရာမရှိလောက်အောင် မိမိလူမျိုး ယောက်ျားလေးများ အရည်ချင်းနိမ့်ပါးကုန်ပြီလော..စသည် စသည်
မေးခွန်းပေါင်းများစွာက ရင်ထဲ ပြည့်သိပ်လာသည်။
ကျွန်တော်ဘာလုပ်ရမလဲ…
ကျွန်တော့်လူမျိုး
ကျွန်တော့်စာပေ
ကျွန်တော့်ယဉ်ကျေးမှု
ကျွန်တော့်ချစ်သူအတွက်..
ဦးဆုံး သူများတကာကို မပြောခင် မတိုက်တွန်းခင် ကျွန်တော့်ကိုယ်ကျွန်တော် ပြင်ဆင်ရအုံးမည်၊
ထို့နောက်မှ ကျွန်တော့်လူမျိုးများကို တိုက်တွန်းရမည်ဟု အခိုင်အမာဆုံးဖြတ်ချက်ချပြီး ….
ကျွန်တော့်အိပ်ရာခေါင်းရင်းမှာ စာတစ်ကြောင်း ရေးသားလိုက်သည်၊
မိမိကိုယ်ကို အစပြုပါ-ဟူ၍…။
ရေးသားသူ- သီအိုရို
မှတ်ချက်= အသုံးနှုန်းအထားသို အနည်းငယ်ပြင်ဆင်ထားရုံကလွဲပြီး ရေးသားသူ၏ဇာတ်လမ်းအတိုင်းဖြစ်သည်။
မူရင်း. ၂၀၀၆ခုနှစ်ထုတ်ဝေသော ပိုးကရင်မဂ္ဂဇင်း။
Monday, January 26, 2009
မိမိကိုယ်ကို အစပြုပါ
Thursday, January 22, 2009
ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း
ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွား
လူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။
ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။
ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။
ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။
ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။
မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိ
ကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။
ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။
မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။
ကရင်သက္ကရာဇ်ရေတွက်ခြင်း
ဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။
သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။
ကရင်ဟု ခေါ်တွင်ခြင်း
ကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။
အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။
အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။
ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။
အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။
ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။
မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။
သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။
စရှောင်ဖန်း(အင်းစိန်)
၂၀၀၆-ထုတ် ပိုးကရင်မဂ္ဂဇင်းမှ
Saturday, December 20, 2008
Tuesday, September 9, 2008
DEMOCRACY AROUND THE WORLD
India
Nonviolent resistance to British colonialism led by Mohandas (Mahatma) Gandhi and Jawaharlal Nehru brought independence to India in 1947. Its 1950 constitution, with 395 articles, is the longest written constitution of any independent nation. Over the past six decades, Indian democracy has weathered several bouts of sectarian violence and the country has remained unified.
In 2004, the Indian National Congress Party (INC) and its allies won an unexpected victory in the general election, defeating the National Democratic Alliance led by the Bharatiya Janata Party (BJP).
See "India's Democracy Has Many Voices."
Government
Executive -- India's executive branch is headed by a president and a prime minister.
• President Pratibha Patil, India’s first woman president, was elected by India’s Parliament and state legislatures to a five-year term in 2007.
• Prime Minister Manmohan Singh, India’s first Sikh prime minister, was appointed in 2004 after his INC Party led a coalition of political forces to an unexpected victory in legislative elections.
Friday, September 5, 2008
Rifts behind Thailand's political crisis
It has been nearly two years since an unexpected military coup deposed then-Prime Minister Thaksin Shinawatra and appeared to freeze Thailand's democratic evolution in its tracks.
The country has experienced 15 months of benign military rule, the drafting of a new constitution, and a general election which returned a party run by Mr Thaksin's allies to office.
Yet there is still a sense of unending crisis, of a country still deeply polarised over the former prime minister and his attempts to transform Thailand.
The occupation of the main government offices in central Bangkok this week by protesters from the People's Alliance for Democracy (PAD) has underscored just how difficult it is to end this turbulence.
Thaksin's critics
The PAD first emerged in September 2005. At the time it was a largely personal crusade by maverick media mogul Sondhi Limtongkul, once a passionate Thaksin supporter who turned on his former mentor after feeling abandoned when his business went bankrupt.
But it picked up momentum at the end of that year as public unease grew over the tax-free sale of the Shinawatra family telecoms business for an estimated $2bn (£1bn) and escalated into a movement that helped bring the seemingly impregnable Thaksin administration down.
Most Thais probably thought that was the last they would see of the PAD.
A tank on a highway in Bangkok, on 25 September 2006
The PAD was behind the street protests that preceded the coup in 2006
But in May this year the movement reformed, starting a series of boisterous demonstrations that have periodically brought central Bangkok to a halt.
There are a number of factors that explain why this happened.
Firstly, the key PAD leaders, in particular Sondhi Limthongkul and Chamlong Srimuang, an ascetic former military general and mayor of Bangkok who played a key role in the anti-government protests back in 1992, remained virulently opposed to allowing any of Mr Thaksin's associates a role in government.
They rejected last December's election victory by the pro-Thaksin People's Power Party (PPP), arguing it was achieved by vote-buying (the impartial Election Commission contradicts this view).
Samak Sundaravej has proved surprisingly skilful in handling the challenge from the PAD, despite a series of verbal gaffes early on in his term
They have now refined their argument to propose rural voters in Thailand are too poorly educated to be allowed to elect a parliament, and that it should be a largely appointed body instead.
The PAD has also ridden a national wave of anxiety over the future of the monarchy, once 80-year-old King Bhumibol Adulyadej is no longer on the scene.
Its supporters believe Mr Thaksin and the PPP have a republican agenda - hence the sea of yellow shirts seen at PAD rallies, yellow being the colour associated with the king.
Government bungles
Secondly, Thaksin Shinawatra made a triumphant return to Thailand in February. He insisted he had abandoned any political ambition, but few believed him, and he was widely assumed to be funding and influencing the governing party.
Although banned from holding political office for five years, with his own party in government many Thais assumed he would find a way to overturn the ban, and dismiss various charges of corruption and abuse of power that were pending against him.
File image of Prime Minister Samak Sundaravej
The PAD accuse Prime Minister Samak Sundaravej of incompetence
Thirdly, the government of Samak Sundaravej bungled its first months in office, and provoked fears that it was more concerned with helping Mr Thaksin than sorting out the country's other problems.
Its attempt to revise the military-drafted constitution was the spark that brought the PAD out on the streets in May. They feared constitutional amendments might offer a legal justification for throwing out the charges against Mr Thaksin.
The PAD also accused the government of being corrupt, incompetent and authoritarian.
When the government agreed to support Cambodia's bid to have a disputed temple on their common border listed as a World Heritage Site, the PAD saw this as selling out Thai sovereignty for Mr Thaksin's business interests in Cambodia. The resulting row forced the foreign minister, who had once been Mr Thaksin's lawyer, to resign.
Skillful handling
However developments in recent weeks have undermined the PAD's claims.
The government backed away from changing the constitution, although it still says it wants to do this. It allowed a no-confidence debate in parliament.
Then the legal cases against Mr Thaksin started moving with surprising speed and vigour. His lawyers were jailed for contempt of court. His wife was sentenced to three years in prison for tax evasion. Reading the signs, the family moved back into exile in Britain.
Samak Sundaravej has proved surprisingly skilful in handling the challenge from the PAD, despite a series of verbal gaffes early on in his term.
He has built a close relationship with the military, in particular with army commander General Anupong Paochinda and General Prayuth Chanocha, the commander of the crucial First Amy Division, based in Bangkok.
The support of these two men would be crucial for any military challenge to the government.
In addition, both are known as staunchly loyal to the monarchy, helping burnish Mr Samak's own royalist credentials. Mr Samak has listened to the police, the army, and most importantly, the king, and handled the protests with restraint.
By contrast the PAD now appears to have overplayed its hand. Mr Sondhi and Mr Chamlong have both called this a last-ditch attempt to overthrow the government, and their actions smack of desperation. Many Thais who once sympathised with the PAD have now turned against it.
The atmosphere in Bangkok, though, remains charged and volatile. The PAD is well-funded, and is believed to have support in some very high circles, including factions of the military.
The rifts which opened up at the start of this decade, when Thaksin Shinawatra worked out how to win unbeatable parliamentary majorities, and then used them to drive through his ambitious and controversial policies, are still wide open.
Thursday, August 28, 2008
မညီညွတ်မှုကြောင့် ပေးဆပ်ရသည့် အဖိုးအခများ
မန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ၏ ဦးတည်ရည်မှန်းချက်များ မဆုံးရှုံးလိုပါက ယခုအချိန်တွင် မိမိကိုယ်မိမိ ပြန်လည်ဝေဖန် သုံးသပ်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်နေပေပြီ။
မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုက နှစ် ၂၀ တိုင်ခဲ့လေပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ကာလအတွင်း မည်သည့်အောင်မြင် မှုများရခဲ့သနည်း။ လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပို၍ နီးကပ် လာခြင်း ရှိ မရှိ ဆိုသည့် မေးခွန်းများ ထုတ်ရပါ တော့မည်။
ထိုမေးခွန်းများကို အဖြေထုတ်ရန် ၈ လေးလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားဟောင်း ၅ ဦး၏ ကံကြမ္မာကို လေ့လာကြည့်ရှုသင့်သည်။ သွေးစွန်းသော ထိုနေ့ရက်များတွင် သူတို့တတွေ အတူတကွ မျှော်လင့်ချက်များဖြင့် မမောမပန်း ချီတက်ခဲ့ကြဖူးသည်။
၁၉၈၈ ခုနှစ်တွင် အသက် ၂၀ အရွယ်သာရှိသေးသော ကိုထွန်းမြင့်အောင်က ယခုအခါ ရန်ကုန်မြို့တနေရာတွင် ပုန်းအောင်း နေရ၏။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အကျဉ်းထောင် ၅ ခုသို့ ၀င်ချည်၊ ထွက်ချည်ဖြင့် ဘ၀ကိုဖြတ်သန်းခဲ့ရင်း အကျဉ်းသား ဘ၀ကို လုံလုံလောက်လောက် ခံစားတွေ့ကြုံခဲ့ဖူးပြီးဖြစ်သည့် ကိုထွန်းမြင့်အောင်မှာ အသက် ၄၀ အရွယ်ယခုတိုင် ၀ရမ်းပြေး ဘ၀ဖြင့် စစ်အစိုးရ၏ အဖမ်းအဆီး မှ လွတ်ရန် တိမ်းရှောင်နေရသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသော ကိုတင်အေးကတော့ ယခုအချိန်တွင် ပြည်ပသို့ထွက်ပြေး လာခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသည်။ သူက ပြည် ပြေးဘ၀ဖြင့် လောလောဆယ် လွတ်လပ်မှုကို ခံစားနေရချိန်တွင် သူ့ချစ်သူ မနိုဘယ်အေးက မြန်မာနိုင်ငံ၏ အရက်စက်ဆုံးဟု နာမည်ကြီးသည့် အင်းစိန် ထောင် အကျဉ်းခန်းတခုထဲ၌ ဒုတိယအကြိမ်မြောက် ထောင်ဒဏ် ကျခံနေရသည်။
လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်လျှက် ရှိသော ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ နှစ်ဦးကမူ ရက်စက်ကြမ်း ကြုတ်သော စစ်အစိုးရ လက်အောက်တွင် ပြေးလွှားရုန်းကန်နေရသည်ထက် ပြည်ပတွင် နေထိုင်ခြင်းက ပို၍ကောင်းသည် ဟု ယူဆကာ ဤလမ်းကို ရွေးချယ်ခဲ့ကြသည်။
ကိုညိုအုန်းမြင့် ကူညီ ဖွဲ့စည်းပေးခဲ့သည့် ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်ဌာနခွဲ) ကမူ အန္တရာယ်များစွာ ကြားတွင် ဆက်လက် လှုပ်ရှားနေကြဆဲဖြစ်သည်။
ကိုအောင်နိုင်ဦးကတော့ ၁၉၈၈ ခုနှစ်တွင် နယ်စပ်၌ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF - မြန်မာနိုင်ငံ၏ တခုတည်းသော ကျောင်းသား တပ်မတော်) ၏ နိုင်ငံခြားရေး အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။
ဖော်ပြခဲ့သည့် ၅ ဦးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများကြားမှ ရုန်းကန် လှုပ်ရှားနေကြသည့် ထောင်ပေါင်း များစွာသော ပြည်သူများနှင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား များကို ကိုယ်စားပြုနေသည့်ပြင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ပုံရိပ် ကဲ့သို့လည်း ဖြစ်နေသည်။ ထို့အပြင် ၄၆ နှစ်ကြာ အာဏာရှင် စစ်တပ် ကြီးစိုးရေး ၀ါဒအောက်မှ တိုင်းပြည်တခု၏ နိုင်ငံရေးအခြေအနေ ကိုလည်း ဖော်ပြပေါ်လွင် နေစေသည်။
ထို ၅ ဦးသည် မတူညီသော လမ်းကြောင်း များပေါ်တွင် ရွေးချယ် လျှောက်လှမ်း နေခဲ့ကြသော်လည်း ၎င်းတို့၏ ဘုံရည်မှန်းချက် ပန်းတိုင် ကတော့ အတူတူပင် ဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံနေရသော သူတို့၏ တိုင်းပြည်အတွက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် ရည်သန်ထားကြပြီးလည်း ဖြစ်သည်။
နှစ်ပေါင်း ၂၀ ကြာ၍ ပြန်ကြည့်သောအခါတွင် ထိုရည်မှန်းချက်က ပိုမို မှုန်ဝါးလာသလို ရှိနေသည်။ အဘယ့်ကြောင့် ထိုသို့မှုန်ဝါးခဲ့ရသည်ကို ပြန်လှန်စစ်ကြောရန် လိုအပ်ပြီဖြစ်၏။
မြန်မာ စစ်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသည့် ကိစ္စအပေါ် မည်သူမျှ အငြင်းမပွား။ လူထုအပေါ် မတရား ရက်စက်စွာ ဖိနှိပ်နေသော ကိစ္စကလည်း မေးခွန်းထုတ်စရာ မလိုတော့ပါ။ အလားတူ ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ ဖိအားပေးမှုများက ထိရောက်မှု မရှိကြောင်းလည်း အထင်းသား ပေါ်လွင်နေပြီ ဖြစ်သည်။
အနှစ် ၂၀ ဆိုသော အချိန်ကာလတခုသည် ရက်စက်သော စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ ခံစားကျ ရောက်နေရသည့် တိုင်းပြည်တခု အနေနှင့် အခြေခံ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မလုံလောက်သေးသည့် အချိန် ဖြစ်နိုင်ပါသည်။ သို့သော် ဒီမိုကရေစီ ရရှိရေးအတွက် ဘ၀များကို ရင်းနှီးမြှုပ်နှံထားကြရသည့် အတိုက်အခံများ အတွက်မူ တဘ၀စာ ဖြစ်သွား နိုင်ပါသည်။ ယခုအချိန်က လေးလေးနက်နက် ပြန်လည် ဆန်းစစ် မေးခွန်းထုတ်ရမည့် အချိန် ဖြစ်သည်။ သို့မှသာ အင်အားသစ်တခု ပေါ်ထွန်းလာမည်ဟု လူအများက ယုံကြည် နေကြသည်။
“ကျနော်တို့ နိုင်ငံရေးသမားတွေက မပါးနပ်ကြဘူး။ သူတို့တွေက သာမာန် ရိုးရိုး နိုင်ငံရေး လှုပ်ရှားသူ အဆင့်လောက်ပဲ ရှိတယ်။ ဒီထက်ပိုမရင့်ကျက်သေးဘူးလို့ ကျနော်ထင်တယ်။ သူတို့တွေက အာဏာကို ဘယ်လို ယူရမယ်ဆိုတာ မသိဘူး။ သူတို့မှာ မဟာဗျူဟာကျတဲ့ မူဝါဒတွေလည်း မရှိဘူး” ဟု တက်ကြွ လှုပ်ရှားသူ တဦးဘ၀မှ နိုင်ငံရေး အကဲ ဖြတ်တဦး ဖြစ်လာခဲ့သူ ကိုအောင်နိုင်ဦးက ပြောသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် နိုင်ငံရေးခေါင်းဆောင်အများစုမှာ လူထုနောက်သို့ လိုက်နေခဲ့ခြင်းသာဖြစ်ပြီး လူထုကို ဦးဆောင်ခဲ့သူများ မဟုတ်ကြဟု ၎င်းက ဆိုသည်။
သို့သော်လည်း မကြိုးပမ်းခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။ ကျောင်းသားများက လူထုအုံကြွမှုကို စတင် လိုက်သည်နှင့် မကြာမီ မှာပင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် သြဇာတိက္ကမကြီးသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများက လှုပ်ရှားမှုအတွင်း ပါဝင်ပူးပေါင်းကာ လူပ်ရှားမှုကြီးကို ဦးဆောင်နိုင်ရန် အားထုတ်ခဲ့ကြသည်။
တိုင်းပြည်တပြည်လုံးတွင် အာဏာရှင်စနစ်အုပ်ချုပ်ရေး အဆုံးသတ်၍ ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေး အတွက် မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဒေါ်စု၊ ဦးအောင်ကြီး၊ ဦးနု အဲဒီလို သြဇာကြီးတဲ့ ခေါင်းဆောင် တွေမျိုး တိုင်းပြည်သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ဖူးဘူး၊ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲဒီခေါင်းဆောင် တွေက အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ကြဘူး” ဟု ကိုအောင်နိုင်ဦးက ပြောပြခဲ့သည်။
ထိုခေါင်းဆောင် ၃ ဦးမှာ ညီညွတ်ရေးကို ပစ်ပယ်၍ ၎င်းတို့ လမ်းကြောင်းပေါ်တွင်သာ လျှောက်ခဲ့ကြသည် ဟု သူကဆက်ပြောသည်။
“တကယ်လို့များ သူတို့သာ ညီညွတ်ခဲ့မယ်ဆိုရင် ဇာတ်လမ်းက တမျိုးတဖုံ ဖြစ်လာမှာ” ဟု ၎င်းက ဆို၏။
ဆက်လက်၍ ကိုအောင်နိုင်ဦးက စစ်တပ်အနေနှင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်တွင် ထိုခေါင်းဆောင်များက ညီညွတ်စွာဖြင့် ကြားဖြတ်အစိုးရဖွဲ့ခြင်း သို့မဟုတ် အရပ်သားအစိုးရ တရပ် အောက်မှ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းခြင်းများ ပြုလုပ်ခဲ့သင့်သည်ဟု ပြောသည်။
ထိုအချိန်က ဒေါက်တာမောင်မောင် ဦးဆောင်သည့် အရပ်သား အစိုးရတရပ် ရှိနေခဲ့ချိန် ဖြစ်သည်။ ဦးနေ၀င်းနှင့် သူ၏ အရိုက်အရာဆက်ခံသူ “သားသတ်သမား”ဟု နာမည်ကြီးသည့် ဦးစိန်လွင်တို့ ပြုတ်ကျခဲ့ရပြီးနောက် ဒေါက်တာမောင်မောင် က သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။
၁၉၈၈ လှုပ်ရှားမှု၏ အဆိုးဝါးဆုံးသော အမှားများအနက် တခုမှာ ညီညွတ်ရေး ကင်းမဲ့ခဲ့ခြင်း ဖြစ်၏။ ဧရာဝတီမဂ္ဂဇင်းက ချဉ်းကပ်မေးမြန်းခဲ့သော လှုပ်ရှား တက်ကြွသူ အများစုနှင့် နိုင်ငံရေးသမား အများစုက ထိုအချက်ကို ၀န်ခံခဲ့ကြသည်။
ညီညွတ်ရေးဆိုသည်မှာ အာဏာရှင်အစိုးရတိုင်း ယခင်ကတည်းက တုန်လှုပ်ခဲ့ပြီး ယခုတိုင် ၎င်းတို့၏ နှလုံးသားအတွင်း ကိန်းအောင်းနေသော စိမ့်၍ ကြောက်ရွံ့နေသည့် ကိစ္စ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အားထားနိုင်သည့် အထိရောက်ဆုံး လက်နက်တခုလည်း ဖြစ်သည်။ သို့သော်လည်း အတိုက်အခံများက ယခုတိုင် ညီညွတ်ရေးကို မဆုပ်ကိုင် နိုင်ကြသေးပေ။ ညီညွတ်ခြင်းကင်းမဲ့နေခြင်း ကြောင့်လည်း အာဏာရှင် စစ်အစိုးရအတွက် သက်ဆိုးရှည်ခွင့် ရနေစေ ခြင်းဖြစ်သည်။
သာဓကအားဖြင့် သြဇာတိက္ကမကြီးမားသော ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှုးချုပ်ဟောင်း ဦးအောင်ကြီး နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တို့ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းခဲ့သော အဓိကအတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည်ပင်လျင် ညီညွတ်ရေးကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့ပေ။ ဦးအောင်ကြီးက ပါတီခေါင်းဆောင်ပိုင်းမှ ခွဲထွက်ကာ နောက်ပိုင်းတွင် သူ့ ကိုယ်ပိုင်ပါတီကို တည်ထောင်ခဲ့သည်။
အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား မညီညွတ်ခဲ့သည်မှာ ယခုမှမဟုတ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ် ကာလများစွာ ကတည်းကပင် မြန်မာ့သမိုင်းတွင် ရှိခဲ့ခြင်းဖြစ်သည်ဟု လူထုအုံကြွမှု ကာလအတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့သူ ကိုတင်အေးက မှတ်ချက်ချသည်။
“၂၀ ရာစုနှစ် အစောပိုင်းကာလ ဗြိတိသျှအုပ်ချုပ်မှုကို တွန်းလှန်တဲ့ ကာလမှာ ကတည်းက နိုင်ငံရေး အင်အားစုတွေကြားမှာ တကွဲတပြား ဖြစ်နေခဲ့တာ” ဟု သူကပြောသည်။
၁၉၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတခုတွင် ညီညွတ်ရေး မရနိုင်သောကြောင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများ ပျက်ပြားခဲ့ရပုံကိုလည်း ကိုတင်အေးက ပြန်ပြောင်းပြောပြခဲ့သည်။
“ဒါက ဗြိတိသျှကိုလိုနီတွေ ကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်ရေး စနစ်ကြောင့် ဖြစ်နေတာလို့ ပြောကြ ပေမယ့် ကျနော်တို့သာ ခိုင်ခိုင်မာမာနဲ့ ညီညွတ်နေမယ် ဆိုရင် ဘယ်သူကမှ သွေးခွဲလို့မရပါဘူး” ဟု သူကဆိုသည်။
အမှန်တရားနှင့် တရားမျှတမှုအတွက် မားမားမတ်မတ် ရပ်တည်ရုံ တခုတည်းဖြင့် မလုံလောက်ဟု သြဇာကြီးသော ၈၈ မျိုးဆက် ကျောင်းသားများအုပ်စု၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ဆိုသည်။ သူကဲ့သို့သော ကျန် ၈၈ မျိုးဆက် ကျောင်းသားအုပ်စု ခေါင်းဆောင်အားလုံး ယခုအချိန်တွင် ထောင်ထဲရောက်နေကြပြီ ဖြစ်သည်။
“ကျနော်တို့တွေက အမှန်တရားနဲ့ တရားမျှတမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒါတွေကို ဆုပ်ကိုင်ထားရုံ နဲ့တော့ အလုပ်မဖြစ်သေးဘူးဗျ။ အဲဒီလို အမှန်တရားဘက်၊ ပြည်သူ့ဘက်မှာ မားမား မတ်မတ် ရပ်နေလို့ပဲ တနေ့ ဒီတိုက်ပွဲ အောင်မြင်ရမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီနေ့က ဘယ်တော့လဲ။ ကျနော်တို့ မြေးမြစ်တွေ လက်ထက် ကျမှလား” ဟု ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။
ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံး ပိုမိုကြီးမားသည့် အနစ်နာခံ စွန့်လွှတ်မှုများ ပေးဆပ်ရန် အသင့်ရှိ နေကြသည်ဟု သူကဆိုသည်။
“ဒါပေမယ့် ကျနော်တို့ လေးလေးနက်နက် စဉ်းစားသင့်တာကတော့ ကျနော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့ အောင်ပွဲ ရ၊ မရ ဆိုတာပါပဲ” ဟု သူက နှိုင်းနှိုင်းဆဆ ပြောသည်။
၁၉၈၈ ခုနှစ်မှ စ၍ ထောင်ပေါင်းများစွာသော နိုင်ငံရေး လှုပ်ရှား တက်ကြွသူ များကို စစ်အစိုးရက ရက်စက်ကြမ်းကြုတ်မှု များဖြင့် နာမည်ကြီးသည့် အကျဉ်းထောင်များတွင် ထောင်သွင်းအကျဉ်းချ ထားခဲ့ပြီး အနည်းဆုံး နိုင်ငံ ရေးအကျဉ်းသား ၁၃၇ ဦးက စစ်အစိုးရ၏ သံတိုင်များ နောက်ကွယ်တွင် အသက်ဆုံးရှုံး ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) (AAPP) က ထုတ် ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။
ထိုမျှမက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးအား ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး နောက်ပိုင်းတွင် ထောင်သောင်းချီသော လှုပ်ရှား တက်ကြွသူများလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
တကိုယ်ရေ စွန့်လွှတ်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံရေးခေါင်းဆောင် များ အနေဖြင့် လက်တွေ့ကျသော မဟာဗျူဟာ၊ ရှင်းလင်းသော ခေါင်းဆောင်မှုနှင့် ညီညွတ်ရေးအတွက် ပိုမို အာရုံစိုက်သင့်သည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။
၁၉၈၈ လူထုအုံကြွမှုနှင့် နောက်ပိုင်းနှစ်များအထိ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အပြီး ကာလများတွင် နိုင်ငံရေး ခေါင်းဆောင် အားလုံးနီးပါး တရားသေ ဆုပ်ကိုင်ခဲ့သော မူဝါဒများအနက် တခုမှာ စစ်တပ်ကို သူတို့၏ နေရာမှန်၊ စစ်တန်း လျားသို့ ပြန်ပို့ရေးပင် ဖြစ်သည်။ ဤမူဝါဒကို ဆုပ်ကိုင် သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င် ဖြစ်သည်။ သူ၏ဖခင်က စစ်တပ်ကို တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး စစ်တပ်၏ အခန်းကဏ္ဍသည် လူထုကို နှိပ်စက်ရန်မဟုတ် ဟုလည်း သူက ပြန်ပြောင်းပြောခဲ့သည်။
ယခုအချိန်တွင် ပြည်ပရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ၏ နိုင်ငံခြားရေး ကော်မတီ တာဝန်ခံ ဖြစ်သော ကိုညိုအုန်းမြင့်က ထိုနည်းလမ်းကို အစွန်းရောက်သည်ဟု မြင်ကြောင်း ပြောသည်။
“ကျနော်တို့ရဲ့ မူဝါဒအားနည်းချက်တခုက မင်းတို့ ငါ့ဘက်ကလား ရန်သူ့ဘက်ကလား ဆိုပြီး စဉ်းစားကြတဲ့ အချက်ပဲ။ အလယ်အလတ် ရပ်တည်ချက်ပုံစံမျိုးဆိုတာ မရှိခဲ့ဘူး။ စစ်အစိုးရကို ပိုပြီး ခပ်ရိုင်းရိုင်း၊ ခပ်ထန်ထန်၊ ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ မပြောနိုင်ရင် ခင်ဗျား နိုင်ငံရေးခေါင်းဆောင်နေရာ ရမှာမဟုတ်ဘူး” ဟု ကိုညိုအုန်းမြင့်က သုံးသပ်သည်။
အကျိုးဆက်အဖြစ် ဘက်နှစ်ဘက်စလုံးက တဘက်နှင့်တဘက် အပေးအယူ လုပ်ခြင်းထက် အပြီးသတ် ချေမှုန်း ရေးကိုသာ ဦးတည်နေကြသည်ဟု သူက ပြောပြခဲ့သည်။
“အန်အယ်လ်ဒီက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဘဝင်မြင့်သွားတယ်။ ရွေးကောက်ပွဲ ရလဒ်က ပါတီဝင် တွေကြားမှာ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်စေခဲ့တယ်။ နိုင်ငံရေးအသာစီး ရပြီလို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပွဲသိမ်းလို့ ထင်မြင်ယူဆတာ မဟာအမှားပဲ” ဟု ကိုညိုအုန်းမြင့်က ပြောပြခဲ့သည်။
အန်အယ်လ်ဒီအဖွဲ့ဝင် အများစုလိုချင်သည်မှာ စစ်တပ်က ၎င်းတို့ပါတီထံသို့ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။ သို့သော်လည်း ယင်းအချက်ကြောင့်ပင် စစ်တပ်ကို ပို၍ ဝေးကွာ သွားစေပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ရန် အတွက်လည်း ပို၍ အလှမ်းဝေး သွားစေသည်ဟု သူက ဆိုသည်။
“၁၉၈၈၊ ၉၀ ကာလတွေမှာ မြန်မာနိုင်ငံက စစ်မြေပြင်ကြီးလိုပဲ။ ဒေါ်စုက ကျနော်တို့ရဲ့ တပ်မှူးပေါ့။ ပြည်သူတွေကတော့ ကျနော်တို့ရဲ့ ရဲဘော်တွေ။ ကျနော်တို့က အင်အားကြီးတဲ့ တကယ့်စစ်တပ်ကြီးနဲ့ တိုက်ပွဲဖြစ်နေတာနဲ့ တူတယ်။ စစ်တပ်က ကျနော်တို့ တပ်တွေကို ဖြိုခွင်းလိုက်တဲ့ အချိန်မှာ ကိုယ့်အင်အား ကို ကိုယ် ကျနော်တို့ ပြန်မတည်ဆောက် နိုင်တော့ဘူး” ဟု ကိုညိုအုန်းမြင့်က ပြောသည်။
ထိုစဉ်က နိုင်ငံရေးသမားများနည်းတူ လှုပ်ရှား တက်ကြွသူများ၏ နိုင်ငံရေး အတွေ့အကြုံမှာ ၃၊ ၄ လ ခန့်သာ ရှိသေး သော်လည်း အဖွဲ့ချုပ်တွင် မူဝါဒချမှတ်သူများ ဖြစ်လာခဲ့ကြသည်ဟု သူက ပြောပြသည်။
“ကျနော်တို့ရဲ့ အမှားတခုကတော့ စိတ်ခံစားချက်တွေကို အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာ ရောထည့် ခဲ့ကြတာပဲ။ နွားရိုင်းသတ်ပွဲလို မည်းမည်းမြင်ရာ လိုက်ဝှေ့နေသလို ဖြစ်နေတယ်” ဟု သူက ပြန်ပြောင်း သုံးသပ်သည်။
မြန်မာလူမျိုး အများစုကလည်း ဤသို့ ရပ်တည်ချက် ပြင်းထန်မှုမျိုးကို သဘောကျခဲ့ပြီး အပေးအယူ လုပ်ရန် မလိုလား ခဲ့ကြဟု ကိုညိုအုန်းမြင့်က ဆိုသည်။
“၁၉၈၈ ခုနှစ်က တကယ့်ကို ကြီးမားတဲ့ လူထုအုံကြွမှုကြီးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်မှာ ကျနော်တို့ တွေက လုံးဝ ပြီးပြည့် စုံတဲ့ အောင်ပွဲတခု ရတော့မယ်လို့ ထင်ခဲ့ကြတာ” ဟု သူက ဆက်ပြောသည်။
ကိုအောင်နိုင်ဦးက အင်္ဂလိပ်ကဗျာဆရာ ၀ီလီယံ အားနက်စ် ဟန်နလီ ရေးသည့် အနိုင်မခံ (Invictus) ဆိုသော ကဗျာထဲမှ စာကြောင်းတကြောင်းကို ဗိုလ်ချုပ် အလွန်သဘောကျခဲ့သည်ဟု ပြောပြသည်။
“ငါ၏ ဦးခေါင်း သွေးများဖြင့် ရဲရဲနီလျှက်ရှိသည်။ သို့သော် ညွတ်ကား မညွတ်.. ဆိုတဲ့စာသားလေးပဲ။ ကျနော်တို့တွေလည်း အဲဒီသတ္တိမျိုးနဲ့ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမယ့် တခြားဘက်မှာတော့ ကျနော်တို့ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ကိုအောင်နိုင်ဦးက ပြောပြသည်။
အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက စစ်အစိုးရနှင့် အပေးအယူမလုပ်နိုင်ခြင်းမှာ အံအားသင့်ဖွယ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အတိုက်အခံများ အချင်းချင်း အကြားတွင်ပင် အပေးအယူ မလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကိုအောင်နိုင်ဦးက သုံးသပ်သည်။
“ရန်သူကို အထီးကျန်မဖြစ်ပါစေနဲ့။ ရန်သူကို ချောင်ထဲမှာ ထိုးမထားပါနဲ့။ ကျနော်တို့က ရန်သူကို အလင်းထဲကို ဆွဲထုတ်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင်တော့ အပြောင်းအလဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
သို့သော် စစ်တပ်ခေါင်းဆောင်များကို အလင်းရောင်အတွင်းသို့ ထွက်လာ စေရန် မည်သို့ ဆွဲဆောင်ရမည်ကို မည်သူ တဦး တယောက်မျှ မသိခဲ့ကြပေ။ သေချာသည်ကတော့ စစ်အစိုးရတွင် ထို့ကဲ့သို့သော နိုင်ငံရေးဆန္ဒ မရှိသည် ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားရင်ကြားစေ့ရေး အတွက် ခြွင်းချက်မထား၊ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေ မည့်အစား စစ်အစိုးရ ထံသို့ ရှင်လင်းပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာကာ တင်ပြ သင့်သည်ဟု ကိုအောင်နိုင်ဦးက ယုံကြည်နေသည်။
“မြန်မာ့နိုင်ငံရေးက အစွန်း ၂ ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့က အစွန်းရောက် အဖြေတွေ ရှာကြမှာလား။ စစ်အစိုးရကို ဗုံးကျဲပြီး အပြတ် ရှင်းပစ်နိုင်မှာလား။ ဒါက မဖြစ်နိုင်ဘူး။ ဒါဆို စစ်အစိုးရနဲ့ လုံးဝ ပူးပေါင်းမလား။ ဒါကလည်း မဖြစ်နိုင်တဲ့ နည်းလမ်းတခုပဲ” ဟု သူက ဆိုသည်။
အလယ်အလတ်ကျသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသည်လည်း အလုပ်မဖြစ်ဟု သူကပြောပြန်သည်။
“ဒါဆိုရင် ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဝေဖန် ဆန်းစစ်မှု လုပ်ဖို့ လိုအပ်နေပြီ။ နိုင်ငံရေး ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်တဲ့ နည်းတွေကို စဉ်းစားဖို့လိုလာပြီ။ ၁ နှစ် ဒါမှမဟုတ် ၂ နှစ် လောက် မှား ခဲ့တာက ပြဿနာမဟုတ်ပေမယ့် အနှစ် ၂၀ တောင် မှားတယ် ဆိုတာတော့ မဖြစ်သင့်ဘူး” ဟု ကိုအောင်နိုင် ဦးက မှတ်ချက်ချသည်။
ဧရာဝတီမှ ကူးယူသည်
စောဂျွန်ဆင်ဒီဘိုးမင်း
မွေးရးပ်ဇာတိ
စောဂျွန်ဆင်ဒီဘိုးမင်းသည် တောင်ငူမြို့၊ စစ်တောင်းမြစ်အရှေ့ဖက်ခြမ်း၊ ကသဲစုကျေးရွာတွင် အဖ ဒေါက်တာဒါမေဘိုးမင်း၊ အမိ နော်ဆယ်ဖောတို့မှ မွေးဖွားသော သားသုံးယောက်အနက် သြရသသားကြီးဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၉၀၄-ခု၊ ဧပြီလ (၂၇)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့ သူဖြစ်ပါတယ်၊
စောဂျွန်ဆင်ဒီဘိုးမင်းသည် ငယ်စဉ်ပညာသင်ချိန်၌ တောင်ငူမြို့-ဘန်းကားမစ်ရှင် အထက်တန်းကျောင်း-တွင် ဆဋ္ဌမတန်းအောင်မြင်သည့်အထိ ပညာဆည်းပူးခဲ့သည်၊ထို့နောက် ရန်ကုန်မြို့၊ ကူရှင်အထက်တန်းကျောင်းတွင် ဒဿမတန်းအောင်မြင်သည့်အထိ ဆက်လက် ပညာဆည်းပူးခဲ့ပြီး ရန်ကုန် -ဂျပ်ဆင်ကောလိပ်-တွင် L.A Senior အောင်မြင်သည့်အထိ တက္က သိုလ်ပညာကို (၂)နှစ် သင်ယူခဲ့သည်။
အိမ်ထောင်သည်ဘဝ
တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မပြီးမြောက်ခင်မှာပဲ ဆွေမျိုးတော်စပ်သူ -နော်သေး ဖြူ-နှင့် အိမ်ထောင်ကျခဲ့သည်၊ ၄င်းတို့ နှစ်ဦးအိမ်ထောင်သက်တမ်းတွင် သားသမီး (၁၁) ယောက်ထွန်းကားခဲ့သည်၊ အိမ်ထောင်ကျပြီးသည့်နောက် အမျိုးသားအကျိုးအတွက် ဆောင် ရွက်နေသော ဖခင်ကြီး၏ အလုပ်ကိစ္စများကို တတ်အားသရွေ့ပါဝင်ဆောင်ပေးခဲ့ရသလို တစ် ဖက်မှာလည်း မိဘများပိုင်ဆိုင်သော ဆင်များနှင့် လုပ်ဆောင်ရသော သစ်လုပ်ငန်းများကို လည်း ကွပ်ကဲစီမံဆောင်ရွက်ပေးရသည်။
ဘ၀အပြောင်းအလဲ
၁၉၂၆-ခုနှစ်၌ ဆင်ဖြူတော်ကို အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများသို့ ခေါ်ဆောင်ပြသခဲ့သော ဖခင်ကြီး၏ အနောက်နိုင်ငံခရီးစဉ်၌ ဖခင်နှင့်အတူ ညီဖြစ်သူ စောတွန်မ်ဆင်နှင့်တကွ လိုက် ပါသွားကြသည်၊ ထိုခရီးစဉ်မပြီးဆုံးမီ မြန်မာနိုင်ငံတွင် ဆောင်ရွက်စရာကိစ္စများရှိနေ၍ မိမိတစ် ဦးတည်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်၊ ဖခင်ကြီးသည် နိုင်ငံခြားခရီးစဉ်မှာ ပြန်ရောက်လာပြီး မကြာခင်မှပဲ ၁၉၃၁-ခုနှစ်တွင်ကွယ်လွန်ခဲ့ပါသည်၊ ဖခင်ကွယ်လွန်ပြီး နောက် မခင်ကြီးအပါးမှာ သားသမီးအရင်းချာဟူ၍ စောဂျွန်ဆင်ဒီဘိုးမင်းတစ်ယောက် တည်းသာ ရှိနေ ခဲ့ပါသည်၊ ညီဖြစ်သူ စောဝေါလ်ဆင်မှာ တောင်ငူတွင် မေးခိုင်ရောဂါဖြင့် ကွန်လွန်ခဲ့ရပြီး ညီလတ် စောတွန်မ်ဆင်က အင်္ဂလန်မှာပညာသင်ယူရန်နေခဲ့သည်။
သတောကရင်ဘာသာရေးအသင်းခေါင်းဆောင်
ဖခင်ကြီးမကွယ်လွန်မီ ကရင်လူမျိုးတို့၏ဗီဇကို အခြေခံသော မိရိုးဖလာယုံကြည်ကိုးကွယ်မှု အယူဝါဒဂိုဏ်း ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်၊ ယင်းဘာသာရေးဂိုဏ်းကို တည်ထောင် ပေးခဲ့သူမှာ ဘိုးပိုက်ဆံ ခေါ် ဖူးဘူးဘွယ်မူး ဖြစ်ပြီး ဆင်ဖြူရှင်ဖြစ်လာသော ဒေါက်တာဒီဘိုးမင်းသည် ဘိုးပိုက်ဆံ၏ ဗျာဒိတ်အရ ဘာသာရေးဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ရသည်၊အဆိုပါ ဘာသာရေးဂိုဏ်း တရားဝင်ရပ်တည်နိုင်ရေးအတွက် ဒေါက်တာဒီဘိုးမင်း က (The Register of Joint Stock Companies, Burma) မှတ်တမ်းရုံးတွင် (The Society of Righteousness ) -သတောကရင်ဘာသာရေးအသင်း- တစ်သင်းအဖြစ် မှတ်ပုံတင်ခဲ့ သည်၊ ဒေါက်တာဒီဘိုးမင်း ကွယ်လွန်သွားသောအခါ ၄င်းအရိုက်အရာကို ဆက်ခံသူ ခေါင်း ဆောင်တစ်ဦးအဖြစ် သားကြီးဖြစ်သူ စောဂျွန်ဆင်ဒီဘိုးမင်းကို ယင်းဘာသာရေးအသင်း၏ အဖွဲ့ဝင်လူကြီးအားလုံးတို့က တညီတညွတ်တည်း သဘောတူလိုက်ကြသည်၊ လူမှာအမျိုး ကြက်မှာအရိုး-ဆိုရိုးစကားအတိုင်း စောဂျွန်ဆင်ဒီဘိုးမင်း၏ အဘိုးဖြစ်သူ ဖူးပယော်သဲ သည်လည်း ထိုစဉ်တစ်ချိန်က တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊ သဲဘောဒဲ ကရင်စုကျေးရွာ၌ သြဇာညောင်းသောကျေးရွာလူကြီးတစ်ဦးဖြစ်ခဲ့သည်၊ ဖခင်ကြီးမှာလည်း ထင်ပေါ်ကျော်ကြား သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒေါကလုခေါ် ကရင်အမျိုးသားအစည်းအရုံးအသင်း၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်ခဲ့သည်၊ ထို့ကြောင့် အများကို ခေါင်းဆောင်မှုပြုရသော စောဂျွန်ဒီဘိုးမင်း သည် မျိုးရိုးကပေးအပ်သော အမွေအနှစ်တစ်ခုဟု သတ်မှတ်ရမည်ဖြစ်သည်။
အမျိုးသားရေး
စောဂျွန်ဆင်ဒီဘိုးမင်းအနေဖြင့် ယင်းဘာသာရေးအသင်းခေါင်းဆောင်ကြီးနေရာကို နှစ်နှစ်တိုင်မျှ ဆောင်ရွက်နေချိန်မှာ ညီဖြစ်သူ စောတွန်မ်ဆင်ဒီဘိုးမင်းသည် အင်္ဂလန်နိုင်ငံ၌ ပညာဆည်းပူးမှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ၁၉၃၃-ခု၊ မေလတွင် ပြန်ရောက်ရှိလာခဲ့သည်၊ ထိုအ ချိန်ကာလ၌ မြန်မာနိုင်ငံတော်ကြီးတွင် ကိုလိုနီနယ်ချက်အုပ်စိုးမှုစနစ်လက်အောက်မှ လွတ် မြောက်ရန် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များတို့သည် နိုင်ငံရေးစိတ်ဓာတ် တက်ကြွနိုးကြားလာကြသောအချိန်ဖြစ်ပြီး မြန်မာပြည်လွတ်လပ်ရေးနှင့် အမျိုးသားများအ အတွက် လှုပ်ရှားလာကြသော အချိန်အခါလည်းဖြစ်သည်၊ စောဂျွန်ဆင်ဒီဘိုးမင်းသည် ဇာတိ သွေးပြည့်ဝသူတစ်ဦးဖြစ်သည့်အတိုင်း ထိုအချိန်က သူ၏အသက်အရွယ်အားဖြင့်လည်း လူ လတ်ပိုင်းအတွင်းသို့ ချင်းနင်းဝင်ရောက်လာချိန်ဖြစ်၍ အတွေးအခေါ်အယူအဆမှာလည်း ရင့် ကျက်မှုရရှိလာသည် ဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအတွက် အခြားသော တိုင်းရင်း သားခေါင်းဆောင်များနည်းတူ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန် စိတ်အားထက်သန်နေသူ တစ်ဦးဖြစ်သည်။
သို့ဖြစ်၍ ညီဖြစ်သူ စောတွန်မ် ဆင်ဒီဘိုးမင်း နိုင်ငံခြားမှ ပြန်လည်ရောက်ရှိပြီးမကြာမီ တွင် သာသားရေးနှင့်သာသက်ဆိုင်သော သတောကရင်အသင်းတော်ကြီး၏ နေရာကို ညီဖြစ် သူအား လွှဲပြောင်းပေးနိုင်ရေးအတွက် အသင်းလူကြီးများနှင့်တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ကြ သည်၊ ထို့ကြောင့် ၁၉၃၃-ခု၊ ဇွန်လ(၈)ရက်နေ့တွင် လက်ပံတန်းမြို့၌ အသင်းအစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပသည်၊ ထိုအစည်းအဝေးတွင် စောဂျွန်ဆင်ဒီဘိုးမင်းက အသင်း၏လက်ရှိ ဂိုဏ်းချုပ်ကြီးနေရာမှ နှုတ်ထွက်ပြီး ညီဖြစ်သူ စောတွန်မ်ဆင်ဒီဘိုးမင်းအား အသင်းလူကြီးများ အားလုံးတို့၏သဘောတူညီချက်ဖြင့် အသင်းကြီး၏ ဂိုဏ်းချုပ်ကြီးအဖြင့် တင်မြောက်လိုက်ကြ သည်။
ပါလီမန်အမတ်ဖြစ်လာခြင်း
၁၉၃၆-ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ ကျင်းပပြုလုပ်သော ရွေးကောက်ပွဲတွင် စောဂျွန်ဒီဘိုးမင်းသည် တောင်ငူခရိုင်မှ ကရင်နှင့် တောင်သူလူမျိုးများကို ကိုယ်စားပြုသော ပါလီမန်အမတ်တစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာမှ အနိုင်ရရှိ၍ ပါလီမန်အမတ်တစ်ဦး ဖြစ် လာသည်။ ထိုရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သော အခြားကိုယ်စားလှယ်လောင်းခြောက်ဦးကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ကြိုးပမ်းချက်
ပါလီမန်အမတ်တစ်ဦးဖြစ်လာသည်နှင့် တစ်ပြိုင်နက် ကရင်တစ်မျိုးသားလုံးအတွက် လိုအပ် ချက်တစ်ခုဖြစ်သော ကရင်နှစ်သစ်ကူးနေ့ကို အစိုးရအသိအမှတ်ပြုတရားဝင်ရုံးပိတ်ရက်အဖြစ် -ဒေါကလု-အသင်း၏ ဆုံးဖြတ်ချက်အရ ကြိုးစားခဲ့ကြသော်လည်း အောင်မြင်ခဲ့ခြင်းမရှိသေး သည့် ယင်းကိစ္စကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်၊ ကရင်အမတ်တစ်ဦးဖြစ်သူစောမြတ်သိန်းနှင့်တိုင်ပင်ပြီး ယင်းကိစ္စအောင်အောင်မြင်မြင်ဖြင့် ဖြစ်လာစေရန် တစ်ခြားသောတိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်းများနှင့် အပေးအယူလုပ်ကာ ၄င်းတို့အားလုံး၏ ထောက်ခံမှုကိုရရှိခဲ့ခြင်းကြောင့် ကရင်နှစ်သစ်ကူးနေ့အရေးကိစ္စမှာ အောင်လံထူနိုင်ခဲ့သည်၊ ၄င်းကပင် မည်သည့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ မတင်သွင်းရဲသော လွှတ်တော်အမတ်လစာနှင့် ခရီးစရိတ်ရရှိရေးဥပဒေမူကြမ်းကို တင်သွင်းရာမှာလည်း အောင်မြင်မှုရရှိခဲ့သည်။
ထို့ပြင် လာဘ်စားမှုပပျောက်ရေးအတွက် အဆိုပြုမူကြမ်းတစ်ရပ်တင်သွင်းရာမှာလည်း ပါလီမန်က လက်ခံအတည်ပြုပေးပြီး လာဘ်စားမှုပပျောက်ရေးကော်မတီတစ်ခုကို အစိုးရက ဖွဲ့စည်းပေးလိုက်ရသည်၊
စောဂျွန်ဆင်ဒီဘိုးမင်း ပထမအကြိမ်ရွေးကောက်ခံခဲ့ရသော ပါလီမန်သက်တမ်း၌ ၄င်း မဲဆန္ဒနယ်မြေအတွက်သာမကဘဲ တိုင်းပြည်နှင့် ကရင်တစ်မျိုးသားလုံးအတွက်ပါ အကျိုးရှိ သော ဆောင်ရွက်ချက်များကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသော ကရင်လူထုကြီးက ထိုပါလီမန်သက်တမ်း ကုန်ဆုံး၍ နောက်တစ်ကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် စောဂျွန်ဆင်ဒီဘိုးမင်းကိုသာ ဆက်လက်ရွေးချယ်တင်မြောက်ကြဖို့ ကရင်လူထုအတွင်း ပြော ဆိုသံနှင့် ကရင်ဘာသာဖြင့် ထုတ်ဝေသောစာစောင်များ၌ ရေးသားတိုက်တွန်းမှုများ ဆက် တိုက်ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်၊ စောဂျွန်ဆင်ဒီဘိုးမင်းကို ထောက်ခံကြောင်း နှင့် ၄င်းအား ဆက်လက်ရွေးကောက်တင်မြောက်စေလိုကြောင်း တိုက်တွန်းရေးသားသူများအ ထဲ၌ ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်သည့် ကရင့်သမိုင်း “ Burma and the Karen” စာအုပ်ရေး သားသူ ဆရာစောအောင်လှ၊ The Karen Times စာအုပ်ရေးသားသူ ဒေါက်တာစံစီဖိုး၊ ဂျာနယ်အယ်ဒီတာ ဒေါက်တာဒွေး စသည့်ပုဂ္ဂိုလ်ကျော်များ ပါဝင်သည်ကို တွေ့ရသည်။
သို့သော်လည်း ရွေးကောက်ပွဲ နောက်တစ်ကြိမ်ပြုလုပ်ရန် အချိန်မရောက်လာမီ ၁၉၄၀-ခုနှစ် အစောပိုင်းကာလကစပြီး ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ရောင်များက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့လာသည်၊ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်အစိုးရ၏ ကြိုးဆွဲအုပ် ချုပ်မှုအောက်တွင် ရှိနေသည့်အတွက် မြန်မာပြည်တွင်းရေးအခြေအနေနှင့် ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပေါ်လာသည့် စစ်ရေးလှုပ်ရှားမှုအခြေအနေများကြောင့် ပြည်တွင်းလုံခြုံရေးကို ကွပ်ကဲထိန်း သိမ်းရန် ခက်ခဲမည့်အခြေအနေသို့ ဆိုက်ရောက်နို်င်သည်၊ ဤကဲ့သို့သော အခြေအနေမျိုးအောက်၌ အထွေထွေရွေးကောက်ပွဲကြီးပြုလုပ်ရန်မသင့်တော်ကြောင်း အင်္ဂလိပ်အစိုးရက ဆုံးဖြတ်လိုက်သည်၊ သို့ဖြစ်၍ ဘုရင်ခံ -ဆာဒေါ်မန်စမစ်-က နန်းရင်းဝန် ဦးစော အစိုးရအဖွဲ့နှင့်တိုင်ပင်ပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားပြီး လက်ရှိ ပါလီမန်သက်တမ်းကို ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နှစ်မှ နောက်ထပ်ဆယ့်နှစ်လအထိ တိုးပေး လိုက်သည်။
ဆက်လက်ဖော်ပြပါမည်
Thursday, August 7, 2008
အာဇာနည်ခေါင်းဆောင်ဝန်ကြီး မန်းဘခိုင်
အာဇာနည်ခေါင်းဆောင် ၀န်ကြီးမန်းဘခိုင်သည် ၁၉၀၃-ခုနှစ်၊ အောက်တိုဘာလ ၂၆-ရက်နေ့တွင် ဟင်္သာတမြို့အပိုင် ယုန်သလင်း ရွာတွင် မွေးဖွားသည်၊ မိဘနှစ်ပါးမှာ မန်းပေကုန်းနှင့် ဒေါပုတို့ဖြစ်ကြသည်၊ မွေးချင်း ၁၀ ဦးရှိရာ မန်းဘခိုင်သည် ပဉ္စမမြောက်ဖြစ်သည်၊ ယင်းမွေးချင်း (၁၀) ဦးအနက် ပထမနှင့် အဋ္ဌမမှာ မိန်းကလေး နှစ်ဦးဖြစ်ပြီး ကျန်ရှစ်ဦးသည် ယောက်ျားကလေးများ်း ဖြစ်ကြသည်၊ မန်းဘခိုင်နှင့် တစ်ယောက်ခြား သတ္တမမြောက် ညီ ဖြစ်သူ မန်းဘဆိုင်သည် ပထမတွင် ကရင့်ရေးရာဝန်ကြီးနှင့် ပြည့်သူလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ထိုမှ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သတိုးသီရိသုဓမ္မ မန်းဘဆိုင် ဖြစ်လာသည်၊
မန်းဘခိုင်သည် ငယ်စဉ်က ဟင်္သာတမြို့ (အေဘီအမ်) အထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်၊ ယင်းတို့၏ မျိုးရိုးမှာ ယုန်သလင်းရွာကို အခြေခံလျက် ခြံပိုင်ရှင်၊ မြေ ပိုင်ရှင်နှင့် သူကြီးမျိုးရိုးပင်ဖြစ်သည်၊ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ မန်းဘဆိုင်သည် အမျိုး သားရေး၊ နိုင်ငံရေးထဲမ၀င်မီ မျိုးရိုးအရ သူကြီးလုပ်ခဲ့ရာမှ မြန်မာတစ်နိုင်ငံလုံးရှိ သူကြီးဥက္ကဋ္ဌ အထိ ဖြစ်လာသည်။ မန်းဘခိုင်၊ မန်းဘဆိုင်၊ ဟုဆိုလျှင် ဟသာင်္တတစ်နယ်လုံးရှိ ကရင် ဗမာ အားလုံး ကြည်ညိုလေးစားကြသည့်အပြင် ဟင်္သာတမြို့ပေါ်ရှိ ဗမားများက ဦးလေးဘခိုင်၊ ဦးလေးဘဆိုင် ဟူ၍ ခေါ်ကြသည်။
အာဇာနည်ခေါင်းဆောင် ၀န်ကြီးမန်းဘခိုင်သည် အိမ်ထောင်နှစ်ဆက်ရှိသည်၊ ပထမ ဇနီးဒေါ်အေးလုံနှင့် သားသမီး (၈)ဦး ထွန်းကားရာ ယောက်ျားလေး ငါးဦးနှင့် မိန်းကလေး သုံး ဦးဖြစ်သည်၊ ဒုတိယအိမ်ထောင် ဒေါ်ခင်နီနှင့် သားတစ်ယောက် သမီးတစ်ယောက်ထွန်းကား သည်။ စုစုပေါင်း သူ၏မိဘနှစ်ပါးကဲ့သို့ပင် သားသမီး(၁၀)ယောက်တိတိ ထွန်းကားခဲ့သည်။
ပထမတွင် အာဇာနည်နေ့ ရောက်လျှင် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိကို ဖော်ပြရာ၌ ၀န်ကြီးမန်းဘခိုင်၏ အတ္ထုပ္ပတ္တိတွင် ဒုတိယအိမ်ထောင် ဒေါ်နီ၏ အမည်ကိုသာ ထုတ်ပြလေ့ရှိသည်၊ ဤသို့ဖြင့် စားရေးသူသည် အိမ်စောင့်အစိုးရလက်ထက် ဗိုလ်တထောင် သတင်းစာ၌ ၀န်ကြီးမန်းဘခိုင်၏ ပထမအိမ်ထောင်အမည်နှင့် သားသမီး(၈)ဦးတို့၏ အမည် ကိုပါ ဖော်ထုတ်ရေးသားလိုက်ရာ ၀န်ကြီးမန်းဘခိုင်၏ အိမ်ထောင်ရေးဖြစ်စဉ်မှာ ပြီးပြည့် စုံသွားပါတော့သည်၊
(နိုင်ငံရေး အမျိုးသားရေး)
မန်းဘခိုင်သည် ပထမတွင် ရန်ကုန်မြို့ရှိ (အေစကော့) ကုမ္ပဏီ၌ အမှုထမ်းခဲ့ဖူးသည်၊ ပြီးလျှင် ယုန်သလင်းရွာ၌ စိုက်ပျိုးရေးနှင့် အရောင်းအ၀ယ်လုပ်ငန်းကို လုပ်ယင်း၊ လူမှုရေး လုပ်ငန်းတစ်ရပ်အနေနှင့် ရွာသူကြီးလည်း လုပ်ခဲ့ဘူးသည်၊ ထိုမှ တစတစဖြင့် အမျိုးသားရေး နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်လာရာ (၉၁)ဋ္ဌာန အုပ်ချုပ်ရေးခေတ်(၁၉၃၇)ခုနှစ်တွင် ပုသိမ် မြောက်ပိုင်း မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်လာသည်။
ထိုစဉ်က အောက်လွှတ်တော်၌ ကရင်အမျိုးသား အမတ် (၁၂)ဦးအနက် မန်းဘခိုင် သည် တစ်ဦးအပါအ၀င်ဖြစ်သည်၊ (၁၉၃၈)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့ကို တရားဝင် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အဖြစ် ရရှိရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အောက်လွှတ်တော် ကရင်အမတ်တစ်ဦးအဖြစ်၎င်း၊ ဒေါကလု အသင်း၏ အမှုဆောင်လူကြီး တစ်ဦးအဖြစ်၎င်း ပါဝင် ခဲ့သည်၊
(၁၉၃၉) ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်လာသောအခါ မန်းဘခိုင်သည် ယုန်သလင်း ရွာတွင် ပြန်လည်နေထိုင်သည်၊ (၁၉၄၀) ပြည့်နှစ်၊ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါး မြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ကရက် ညီလာခံမှ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှုး ဖြစ်သော သခင်အောင်ဆန်းနှင့် သခင်းများသည် မြန်မာတစ်နိုင်ငံလုံးသို့ လှည့်လည်ကာ ဗြိတိသျှဆန့်ကျင်ရေးတရား ဟောပြောကြ၏၊ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၌ အရေးပေါ် ကာကွယ်ရေးဥပဒေကို ထုတ်ပြန်၍ သခင်နှင့် ကျောင်းသားခေါင်းဆောင်များကို တရကြမ်း ဖမ်း ဆီးလေသည်၊ သခင်အောင်ဆန်းသည် ဟင်္သာတမြို့ပေါ်၌ ဗြိတိသျှဆန့်ကျင်ရေးတရား ဟော ပြောမှုကြောင့် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေနှင့် ဖမ်းဝရန်း ထုတ်လိုက်လေသည်၊ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှုးဖြစ်သူ သခင်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် ရှေ့တွင် အစီအစဉ်များရှိနေ၍ အဖမ်းမခံပဲ ဒေသခံသခင်ခေါင်းဆောင်များနှင့်အတူ ယုန်သ လင်းရွာရှိ မန်းဘခိုင်၏အစီအစဉ်ဖြင့် မန်းဘခိုင်တို့၏ ယုန်သလင်းရွာ ငှက်ပျောခြံ ထဲတွင် လုံခြုံဘေးကင်းစွာ သခင်အောင်ဆန်း ပုန်းအောင်းနေခဲ့သည်၊ (၁၉၄၅) ခုနှစ်၊ ဖက်စစ်တော်လှန်ရေး စတင်လာ သောအခါတွင်လည်း ဟင်္သာတခရိုင် ဖက်စစ်တော်လှန်ရေး ဋ္ဌာနချုပ်စခန်းကို ယင်း ယုန်သလင်းရွာရှိ မန်းဘခိုင်တို့၏ ငှက်ပျောခြံမှာ ပင် အသုံးပြုခဲ့ကြသည်။
ယင်းကရင်အမျိုးသားထု အစည်းအဝေးတွင် ယခင်ရှိနေသော ဒေါကလု အသင်းနှင့် ခေါင်းဆောင်များအား ပထမစဉ်းစားကြရ၏၊ သို့ရာတွင် စစ်အတွင်း ယင်းအဖွဲ့မှာ ရပ်ဆိုင်းသွား ရုံမျှမက လက်ရှိ ရှိနေသော ခေါင်းဆောင်အများစုသည်လည်း အိုမင်းမစွမ်းဖြစ်ကြသည်ကို တွေ့ရသဖြင့် ရှေ့အနာဂတ်တွင် ကရင်အမျိုးသားရေးဆောင် ရွက်ရန် အသင်းအဖွဲ့တစ်ခုလို အပ်ကြောင်းကို ဆုံးဖြတ်ခဲ့ကြသည်။
ယင်းသို့ ကရင်အဖွဲ့အစည်းတစ်ရပ် မဖွဲ့နိုင်သေးမီ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်နိုင်စေရန် ဗဟိုကရင်အမျိုးသား အကြံပေးဘုတ်အဖွဲ့ (Karen Central Advisory Board) ကို ဖွဲ့စည်းခဲ့ကြသည်၊ ယင်းသို့ဖြင့် (၁၉၄၅) ခုနှစ်၊ သြဂုတ်လ(၁၅) ရက်နေ့တွင် ဂျပန်က လက်နက်ချလိုက်ကြောင်း ကြေညာလိုက်သဖြင့် မြန်မာနိုင်ငံ အပါဝင် ကမ္ဘာ့အရှေ့ ဘက်ခြမ်း၌ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားလေသည်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေးနှင့် ညီညွတ်ရေးအတွက် ဖတပလ (ဖဆပလ) အဖွဲ့မှကြီးမှုးသော -နေသူရိန်- အစည်းအဝေးကြီးကို ကျင်းပသည်၊ ယင်း အစည်းအဝေးမှ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် (၃၆)ဦး အား ရွှေးချယ်ခန့်အပ်ရာတွင် ကရင် အမျိုးသား အကြံပေးဘုတ်အဖွဲ့ဝင်ဖြစ်ကြသော မန်း ဘခိုင်၊ စောဘဦးကြီးနှင့် ဆရာ သာထိုတို့ က ဗဟိုဦးစီးအဖွဲ့ဝင်များ ဖြစ်လာကြသည်။
ထိုမှ အောက်တိုဘာလရောက်လျှင် အောက်တိုဘာ(၁)ရက်နေ့မှ (၃)ရက်နေ့ အထိ ကြည့်မြည်တိုင်မြို့နယ်၊ ဦးလူနီလမ်းရှိ အိမ်အမှတ်(၂)၌ အထက်ဖော်ပြပါ ဗဟို ကရင်အမျိုး သား အကြံပေးဘုတ်အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့သည်၊ ထိုအစည်း အဝေးတွင် ယခင် ဗဟိုကရင်အကြံပေးဘုတ်အဖွဲ့အစား ကရင်အမျိုးသားဗဟိုအဖွဲ့ ချုပ် (Karen Central Organization) ဟူ၍ ခေါ်ဝေါ်ဖွဲ့စည်းခဲ့ကြသည်၊ ယင်း (K.C.O) ကရင်အမျိုးသားအဖွဲ့သည် ဒေါကလု အသင်းပြီးလျှင် စစ်ပြီးခေတ်၌ ပထမဖွဲ့စည်းခဲ့ သည့် ကရင်အမျိုးသား အဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။
မန်းဘခိုင်သည် (K.C.O) အဖွဲ့၏ ကော်မတီအမှုဆောင်လူကြီးအဖြစ် စောမြ သိန်းနှင့် အတူဆောင်ရွက်ကြပြီး (K.Y.O) ခေါ် Karen Youth Organization အဖွဲ့မှာ လည်း မန်းဘ ခိုင်သည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်၊ (၁၉၄၇)ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပ သော တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲသို့ မန်းဘခိုင်နှင့် မန်းဝင်းမောင်တို့ ခေါင်းဆောင် သော (K.Y.O) က ၀င်ရောက်ရာ ၀န်ကြီးမန်းဘခိုင် သည် မိမိဇာတိ ဟင်္သာတကရင် သီးသန့် မဲဆန္ဒနယ်မှ ရွေးချယ်ခြင်းခံရသည်၊ သို့ဖြစ်၍ မန်းဘခိုင်သည် အာဇာနည်ခေါင်းဆောင်အဖြစ် ကျဆုံးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကြားဖြတ်အစိုးရအဖွဲ့တွင် အလုပ်သမားနှင့် စက်မှု လက်မှုဝန်ကြီးဋ္ဌာန၏ ၀န်ကြီးလည်း ဖြစ်၊ တိုင်းပြည်ပြုလွှတ်တော်အမတ်နှင့် (K.Y.O) ဥက္ကဋ္ဌ လည်းဖြစ်လေသည်၊ လွတ်လပ်သော မြန်မာနိုင်ငံအစိုးရကို ဖွဲ့စည်းတည်ထောင်သောအခါ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မန်းဘခိုင်၏ တည်ကြည်ထက်မြက်မှုအရ ဒုတိယ၀န်ကြီးချုပ် အထိ ခန့်အပ်ရန် ရည်ရွက်ချက်ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ဖွင့်ဟပြောဆိုခဲ့ဘူးသည်။
ဆရာမောင်စင်ကြယ်
Monday, August 4, 2008
Finding Your Way
Each of us, in our own way, in our own time will awaken and
remember who and what we really are. The first step in that process
often comes in the form of a question. Who am I and/or what am I
doing here?
It is a solitary journey no one can take for us. It is solitary,
but we are not alone. We never were and never can be.
As a species we seem most comfortable with rules, signs posts and a
familiar, well worn path. Fear arises when we are in unknown
territory and have to find our own way.
We have come to a point in our evolution that traditional pathways
no longer serve us. It is time to go beyond the end of the road and
find our own path.
Find things that work for you. Create bookends for your day. Take
time each morning and evening to connect with your divinity. Find
rituals that work for you, perhaps take time to meditate. Find a
practice that helps you feel the energy of love that lives within
and surrounds you. Write, dance, draw, sing, laugh, cry, take long
walks in nature, run naked through your house, go to church, sit in
the energy of worship, practice worshiping yourself, look in the
mirror and connect with yourself, hold a baby, cuddle a teddy bear,
help a homeless person, do random acts of kindness and don't get
caught, love, journal - do it all - do none of it. Adopt a rock -
the list is endless.
Find what works for you and do it. Remember you are in the process
of awakening to a world filled with love and a universe that is
absolutely safe and abundant. It is a world worth finding.
Tuesday, July 29, 2008
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်;
The Karen National Liberation Army (KNLA) is the military branch of the Karen National Union (KNU). At the time of Burma's independence from the British in 1948, there was considerable tension between the Karen community and Burma. Some Karens sought independence while others attempted co-existence within Burma. In early 1949, portions of a socialist political militia raised by the government went on a rampage in Karen civilian areas. The Burmese government then arrested the Karen leader of the armed forces and replaced him with radical Burmese anti-Karen nationalist Ne Win. This action led to civil war with some Karen units of the Burma Army coming over to the side of the Karen political leaders and others being imprisoned by the government.
Early in the fighting, Karen forces overran much of Northern Burma including towns such as Mandalay and established strong positions outside Rangoon at Insein. But lacking a port from which to receive military supplies, the Karen forces gradually withdrew to the southeast of Burma. Since that time, the KNLA has been fighting for an independent state, called Kawthoolei, to be located in eastern Burma near the border with Thailand and in other places with large Karen populations.
ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး အာဏာရှင်ကို တော်လှန်သူများ
The Karen National Union (KNU) is an armed group operating in the border area between Burma and Thailand. In Karen, this area is called Kawthoolei. The KNU has been fighting the Burmese government since 1948 through its armed wing, the Karen National Liberation Army (KNLA).
The KNU was dominated in the last three decades by Bo Mya, who was president from 1976-2000. The KNU was for many years able to fund its activities by controlling black market trade across the border with Thailand. After the failed 8888 Uprising of the Burmese people in 1988, the Burmese military government turned to China for help. Various economic concessions were offered to China in exchange for weapons. The Burmese Army was massively expanded and began to offer deals to groups fighting the government. The groups were offered the choice of cooperating with the military junta or being destroyed.
The KNU's effectiveness was severely diminished after the fall of its headquarters at Manerplaw, near the Thai border, in 1994. At that time, a group of Buddhist soldiers in the KNLA went over to the side of the Burmese military junta. This group, known as the Democratic Karen Buddhist Army (DKBA), was given territory inside of Burma to rule over in exchange. They played a significant part in the capture of Manerplaw. While the DKBA claims to be fighting against anti-Buddhist discrimination inside the KNU, it is in practice the small private army of a warlord in alliance with the Burmese military junta.[citation needed]. Pado Mahn Shar, the secretary-general of the union was shot dead in his home in Mae Sot, Thailand, on February 14, 2008, possibly by soldiers of the DKBA. [1][2][3]
Since then, the KNU and KNLA have continued to fight the Burma state military (Tatmadaw) by forming guerilla units and basing themselves in temporary jungle camps on the Thai-Burmese border. Following its principle of no surrender, the KNU continues despite a precarious state of existence. Nonetheless, their fight continues to garner the sympathy of the international community since the KNU represent the Karen people, one of the many ethnic nationalities of Burma that are experiencing ethnic cleansing under the military regime's Four Cuts campaigns (Pya Ley Pya), a strategy where intelligence, finances, food and recruits are eliminated through a scorched-earth policy.[citation needed]
Several attempts have been made to conclude a form of peace with Burma's military junta, the State Peace and Development Council (SPDC), but with little success. The 2004 peace talks yieled only an informal ceasefire which the regime used to reinforce their frontline troops. Analysts realized this was a ruse, and sure enough, offensives against KNU held areas have resumed in earnest.
The Karen conflict is the longest war of independence in the world, having been waged for 58 years.
Monday, July 28, 2008
History of the Karens and KNU
We, the Karens of Burma, have been cornered into fighting against the ruling Burmese Governments for the past forty-three years. Holding the reins of all organs of the state, and in full control of the press, radio, and television, the successive ruling Burmese Governments form U Nu’s AFPFL (Anti-fascist People’s Freedom League) to the present Military Junta headed by General Than Shwe and his State Law and Order Restoration Council(SLORC), have always painted us as black as they can. They have branded us insurgents, war mongers, a handful of border smugglers, black-marketeers and stooges of both the communists and the imperialists. Even so, to the extent of our ability we have always tried to refute the nefarious one-sided Burman propaganda of false accusations and make the true facts of our cause known to he world. In fighting against the ruling Burmese Government, we are not being motivated by narrow nationalism, nor by ill-will towards the Burmese Government or the Burman people. Our struggle was instigated neither by the capitalist world nor by the communists, as some have falsely accused us. It has an originality completely of its own. Throughout history, the Burman have been practicing annihilation, absorption and assimilation(3 A’s) against the Karens and they are still doing so today. In short, they are waging a genocidal war against us. Thus we have been forced to fight for our very existence and survival.In this document we venture to present a concise outline of the Karens’ struggle for freedom; the Karen case, which we consider just, righteous and noble. We hope that through it, the world may come to know the true situation of the Karens, a forgotten people who continue to fight for our freedom intensively, single-handendly and without aid of any kind from anyone.
Karen National Union(KNU)
Kawthoolei
I) The Karens, A Nation, Their Nature and History
The Karens are much more than a national minority. We are a nation with a population of 7 million, having all the essential qualities of a nation. We have our own history, our own language, our own culture, our own land of settlement and our own economic system of life. By nature the Karens are simple, quiet, unassuming and peace loving people, who uphold the high moral qualities of honesty, purity, brotherly love, co-operative living and loyalty, and are devout in their religious beliefs. Historically, the Karens descend from the same ancestors as the Mongolian people. The earliest Karens (or Yangs as called by the Thais), settled in Htee-Hset Met Ywa (Land of Flowing Sands), a land bordering the source of the Yang-tse-Kiang river in the Gobi Desert. From there, we migrated southwards and gradually entered the land now known as Burma about 739 B.C.. We were, according to most historians, the first settlers in this new land. The Karens named this land Kaw-Lah, meaning the Green Land. We began to peacefully clear and till our land from all hindrances. Our labors were fruitful and we were very happy with our lot. So we changed the name of the land to Kawthoolei, a pleasant, plentiful and peaceful country. Here we lived characteristically simple, uneventful and peaceful lives, until the advent of the Burman.
II) Pre World War II Eras: Burman Feudalism, British Imperialism and Japanese Fascism
We the Karens could not enjoy our peaceful lives for long. The Mons were the next to enter this area, followed at their heels by the Burman. Both the Mons and Burman brought with them feudalism, which they practised to the full. The Burman later won the feudal war, and they subdued and subjugated all other nationalities in the land. The Karens suffered untold miseries at the hands of their Burman lords. Persecution, torture and killings, spppression, oppression and exploitation were othe order of the day. To mention a few historical facts as evidence, we may refer to the Burman subjugation of the Mons and the Arakanese, and especially their past atrocities against the Thais at Ayudhaya. These events stand as firm evidence of the Burman feudalism, so severe that those victimized peoples continue to harbour a deep -seated resentment of the Burman today.
At the time, many Karens had to flee for their lives to the high mountains and thick jungles, where communications and means of livelihood were extremely difficult and diseases common. We were thus cut off from all progress, civilization and the rest of the world, and were gradually reduced to backward hill tribes. The rest of the Karens were made slaves. We were forced to do hard labour and were cruelly treated.
When the Brithish occupied Burma, the conditions of the Karens gradually improved. With the introduction of law and order by the Colonial Central Authority, the Karens began to earn their living without being hindered, and we could go to school and be educated. This infuriated the Burman, to see the despised Karens being treated equally by the British. Progress of the Karens in almost all fields was fast, and by the beginning of the 20th Century, the Karens were ahead of other peoples in many respects, expecially in education, athletics and music. It could be said that the Karens had a breathing spell during the period of the British Regime. But during the Second World War, in 1942, the Japanese invaded Burma with the help of the Burma Independence Army(BIA), who led them into the country. These BIA troops took full advantage of the situation by insinuating that the Karens were spies and puppets of the British, and therefore were enemies of the Japanese and the Burman. With the help of the Japanese, they began to attack the Karen villages, using a scheme to wipe out the entire Karen populace which closely resembled the genocidal scheme Hitler was enacting against the Jews in Germany. The Karens in many parts of the country were arrested, tortured and killed. Our properties were looted, our womenfolk raped and killed, and our hearths and homes burned. Conditions were so unbearable that in some areas the Karens retaliated fiercely enough to attract the attention of the Japanese Government, which mediated and somewhat controlled the situation.
Post-World War II Eras: Demand for the Karen State, Tensions and Armed Conflicts
The Bitter experiences of the Karens throughout our history in Burma, especially during the second World War , taught us one lesson. They taught us that as a nation, unless we control a state of our own, we will never experience a life of peace and decency, free from persecution and oppression. We will never be allowed to work hard, to grow and prosper.
Soon after the Second World War, all the nations under colonial rule were willed with national aspirations for independence. The Karen sent a Goodwill Mission to England in August 1946, to make the Karen case know to the British Government and the British people, and to ask for a true Karen State. But the reply of the British Labor Government was “to throw our lot with the Burman.” We deeply regretted this, for as it predictably has turned out today, it was a gesture grossly detrimental to our right of self-determination, only condemning us to further oppression. It is extremely difficult for the Karens and the Burmans, two peoples with diametrically opposite views, outlooks, attitudes and mentalities, to yoke together.
However, differences in nature and mentality are not the main reason for our refusal to throw in our lot with the Burman. There are other more important reasons for sticking to our demand for our own State within a genuine Federal Union.
1. We are concerned that the tactics of annihilation, absorption and assimilation, which have be practiced in the past upon all other nationalities by the Burman rulers, will be continued by the Burman of the future as long as they are in power.
2. We are concerned about the postwar independence Aung Sun-Atlee and Nu-Atlee Agreements, as there was no Karen representative in either delegation and no Karen opinion was sought. The most that the Burman would allow us to have was a pseudo Karen State, which falls totally under Burman authority. In that type of Karen State, we must always live in fear of their cruel abuse of that authority over us.
On January 4, 1948, Burma got its independence from the British. The Karens continued to ask for self-determination democratically and peacefully from the Burmese Government The Karen State requested by the Karens was comprised of the Irrawaddy Division, the Tenasserim Division, the Hantha waddy District, Insein District and the Nyauglebin Sub-Division, the areas where the bulk of the Karen populace could be found. But instead of compromising with the Karens by peaceful negotiations concerning the Karen case, the Burmese Government and the Burmese Press said many negative things about us, especially by frequently repeating their accusations that the Karens are puppets of the British and enemies of the Burman. The Burmese Government agitated the Burman people toward communal clashes between the Karens and the Burman. Another accusation against the Karens demand was that it not the entire Karen people who desired a Karen state, but a handful of British lackeys who wanted the ruin of the Union of Burma.
To counter the accusations and show the world that it was the whole Karen people’s desire for a Karen state, a peaceful demonstration by the Karens all over the country was staged on February 11, 1948, in which over 400,000 Karen took part. The banners carried in the procession contained four slogans, namely: 1.Give the Karen State at once 2. Show Burman one Kyat and Karen one Kyat 3. Wedo not want communal strife. 4. We do not want civil war.
The slogans of the Karen in this mass demonstration voiced the same desire as the three slogans of the British Colonies after the Second World War: Liberty, Equality, and Peace. We followed the established democratic procedures in our request for a Karen state.
A few months after Burma got its independence, successive desertions in the AFPFL put U Nu, the then Premier, in grave trouble. The revolts of the Red Flag Communist Party in 1947, the Communist Party of Burma in March 1948, the People’s Volunteer Organization in June 1948, and the mutinies of the 1St... Burma Rifles stationed at Thayetmyo and the 3rd Burma Rifles stationed at Mingladon, Rangoon(August 15, 1948), prompted U Nu to approach the Karen leaders to help the Government by taking up the security of Rangoon, and save it from peril. The Karens did not take advantage of the situation, but readily complied to U Nu’s request and helped him out of his predicament. The KNDO(Karen National Defence Organization), officially recognized by the Burmese Government, was posted at all the strategic positions and all the roads and routes leading to Rangoon. For months the KNDO faithfully took charge of the security of Rangoon.
The KNDO was given several tasks in forming an outer ring of defence, particularly at Hlegu an Twante. Most important of all was the reoccupation of Twante town, Rangoon’s key riverain gateway to the Delta towns an upper Burma. this little town had fallen several times to the communists. Each time it was retaken by regular troops, only to fall back into the hands of the rebels as soon as conditions returned to normal and control was handed back to the civil authorities and the police. This time, a KNDO unit under the leadership of Bo Toe and Bo Aung Min was ordered to retake Twante, which was once more in the hands of the Red Flag Communists. They succeeded with their own resources and without any support from the regular army other than river transport. After wresting the town from the Red Flag Communists hands, they garrisoned it in accordance with their given orders.
The two Burma Rifles that had mutinied marched down south, unopposed along the way until they reached Kyungale bridge, near the town of Let pa-dan, where they were stopped by a company of Karen UMP(union Military police). Their truck carrying arms and ammunition received a direct hit from mortar five of the Karen UMP and was destroyed. So, they retreated after suffering heavy casualties.
But even while all this was happening, the ungrateful Burmese Government was hastily organizing a strong force of levies to make an all-out effort to smash the Karens. By December 1948, they arrested the Karen leaders in many parts of the country. Karen personnel in the armed services were disarmed and put into jail. General Smith Dun, General Officer Commanding(GOC) of the Burma Army, was forced to resign.. Many Karen villages were attacked and many Karen hearths and homes burnt and destroyed. On the 30th of January 1949, the Burmese Government declared the KNDO unlawful. Early the nest morning on the 31st of January, the Burmese troops attacked the KNDO Headquarters at Insein, a town about 10 mile north of Rangoon, where most of the top Karen leaders lived. There was no alternative left for the Karens but to fight back. An order was issued to all the Karens throughout the country to take up whatever armsthey could find and fight for their lives, their honor, and their long cherished Karen state: Kawthoolie.
When we took up arms, we attained great successes and occupied many towns and cities. We soon suffered military reverses, however, as we had not prepared for revolution and therefore, had now stockpile of arms and ammunition. We had to withdraw from many fronts, this allowing Burmese troops to reoccupy these areas. Compounding this, the Burmese Government called for unity with all the other uprising Burman rebel groups. These Burman rebel groups saw the Karens as the greatest obstacle to their seizing exclusive power and they joined hands with the Burmese Government and fought against the Karens. As a result, the Karens found themselves fighting against all the armed elements in the country.
Another reason for our setbacks was that all along, we had to stand on our own feet and fight alone without aid of any kind form any other country. In contrast, the Burmese Government received large amounts of foreign aid, including military aid from both capitalist and socialist countries and even form some so-called non-aligned nations. Many times then and since the situation of the Burmese Government has been precarious, but it has managed to continue mainly through aid from abroad. Many times it has been in dire straits, but it has not been ashamed to go begging. And as hard as it is for us to believe, its begging bowls have always come back filled.
Present Day Situation: The Karens Under Successive Burmese Regimes, The Revolutionary Areas, and the Present Situation(Editor’s note: this period covers the time up to July 1992 only. Things have changed dramatically since then)
Under the rule of the Burman, the Karens have been oppressed politically, economically, and culturally. In education, the Karen schools and institutions were taken by force and many were destroyed. We are no longer allowed to study our own language in Burmese schools. Many of the Karen newspapers and literary books were banned. Economically, our fields and plots of land were nationalized and confiscated. We have to toil hard all year round and have to take all our products to the Burmese Government for sale at its controlled prices, leaving little for ourselves. Culturally, they have attempted to absorb and dissolve our language, literature, traditions, and customs. We have been denied all political rights and militarily, our people have all along been systematically exterminated as part of the annihilation, absorption, and assimilation program of the Burman. Our educational quality and living standards have dropped considerably, falling far behind the Burman in all respects. There efforts and actions against us are as strong, or stronger, today as ever before in the past.
Since the 1960’s, they have been attacking us with the “Four Cuts Operations.” The four cuts includes cutting our lines for supplying provisions, cutting the line of contact between the masses and the revolutionaries, cutting all revolutionary financial income and resources, and cutting off the heads of all revolutionaries. To make the four cuts operation successful, the Burmese troops are using strong suppressive measures. They destroy the fields of crops planted by the villagers and eat their grains and livestock. They take away whatever they like and destroy the things they cannot carry away. Captured villagers, men as well as women and adolescents, are made to carry heavy loads as porters for the Burmese soldiers. Many of the villagers have been forced to work a porters for several months; they are deliberately starved, and regularly beaten, raped, or murdered. When the Burmese soldiers enter a village, they shoot the villagers who try to escape. Some of the villagers have been accused of helping the revolutionaries and then have been killed. In certain areas, the villagers have been forced to leave their villages and have been moved to camps some distance away. They are not permitted to leave the camps without permission from the Burmese guards. Some of the villagers, who have been found in their villages after being ordered to move to the camps, have been shot and killed by the Burmese soldiers with no questions asked.
Situations such as these and sometimes worse are happening constantly throughout Kawthoolei and are causing a large number of Karens and Shans in Kawthoolei to leave their villages and take refuge along the Thai border: a difficult situation for us, as we do not have enough money to provide for these refugees. In spite of these situations we are determined to progress. Even though there is no end of the war in sight, and we are unable to obtain assistance from other countries, we are moving forward the best we can.
During this long and grueling forty-three years of war, we have seen many changes take place in our revolution. The strong will and determination of our fighting forces and our masses to fight to win the war have increased. We have been able to endure hardships, both physically and mentally. We have grown in strength; not only in quantity but also in quality. Our masses have shown more cooperation by participating in the battlefields to fight against the enemy in various ways. Our people from towns and cities in enemy occupied areas have joined our revolution in great numbers. Many Karens who are University graduates have joined us, thus enriching the quality of our revolution. Villagers throughout Kawthoolei are active in support roles, while the morale, discipline, and military skills of our fighting forces have increased. We have been able to inflict greater setbacks on the enemy in all our military engagements.
Burma is a multi-national country, inhabited also by the Kachin, Arkanese, Karenni, Lahu, Mon, Pa-O, Palaung, Shan, and Wa, etc. After independence, these ethnic races were also denied the basic rights of freedom, self-determination, and democracy. Hence, almost all the other nationalities in Burma have also taken up arms to fight against the Burmese Government for their own self-determination, and are now united in the National Democratic Front(NDF). There are now altogether nine members in the National Democratic Front, namely: 1.Arakan Liberation Party(ALP) 2.Chin National Front(CNF) 3.Kachin Independence Organization 4.Karen National Union(KNU) 4. Karennie National Progressive Party(KNPP) 6. Kayan New Land Party(KNLP) 7. Lahu National Organization(LNO) 8. New Mon State Party(NMSP) 9. Wa National Organization(WNO).
The consolidated National Democratic Front (NDF has resolved to form a genuine Federal Union, comprised of all the states of the nationalities in Burma, including a Burman state, on the basis of liberty, equality and social progress. The NDF is determined to fight on until victory is achieved, and requests the people of all classes and all walks of life to join hands and fight the Ne Win-Than Shwe military dictatorship.
By 1988, the oppression of Ne Win’s military regime had become so severe that even the Burman masses rose up against it. The regime’s response was to gun down thousands of peaceful demonstrators, mainly young students and monks. Even so Ne Win could not subdue them, and he was forced to resign, seemingly handing over power to his chosen successors in the State Law and Order Restoration Council(SLORC), but continuing to pull the strings of power from behind the scenes. The SLORC promised a multi-party election and held it in 1990, only to persecute and imprison the winners rather than hand over state power to them. Thousands of Burmese students, monks, and other dissidents fled to the areas governed by NDF member organizations. There they were accepted and sheltered by the ethnic peoples, particularly in the Karen areas, where no less than 6,000 students arrived along with other dissidents, all wanting to organize and struggle against the SLORC. In late 1988, the KNU took the initiative in proposing that the NDF form a broader political front along with the newly formed Burman groups to meet the developing political situation. The other NDF members agreed, and the Democratic Alliance of Burma (DAB) was formed, including all the members of the NDF as well as groups such as the All Burma Students’ Front (ABSDF) and the All Burma Young Monks’ union(ABYMU). The DAB unitedly committed itself to the following four principles: 1. The removal of the military dictators. 2. The establishment of democratic government. 3. The cessation of civil war and the establishment of internal peace. 4. The establishment of National Unity and a genuine federal union.
This marks the firstime that the people of all races, even the Burmans, have been united in trying to throw off the yoke of an oppressive Burmese regime.
Saturday, July 26, 2008
အနုပညာနှင့်အတတ်ပညာ
ကျနော်တို့ သိရမှာက အနုပညာဆိုတဲ့ ဝေါဟာရစကားလေးပါပဲ၊ အနုပညာမြောက်တယ်၊ အနုပညာဝါသနာပါတယ်၊ အနုပညာစိတ်ရှိတယ်၊ အနုပညာလေ့လာလိုက်စားတယ်၊ အနုပညာရှင် စသည်အားဖြင့် အနုပညာနဲ့ပတ်သက်တဲ့ ၀ိသေသနတွေ အများကြီးတွေ့ရပါတယ်၊
အထက်ပါဝိသေသနစကားလုံးနဲ့ အနုပညာဆိုတဲ့ ဝေါဟာရကို တွဲသုံးလိုက်သောအခါ အနုပညာဟာ သီးခြားလူအဖွဲ့တစ်ခုနဲ့သာ သက်ဆိုင်တယ်လို့ ယူဆရမလိုဖြစ်နေပါတယ်၊
အနုပညာလို့ဆိုလိုက်တာနဲ့ မင်းသားမင်းသမီးတွေကို မြင်ရောင်မယ်၊ သဘင်သည် ပန်းပုဆရာ ပန်းချီဆရာတွေကို မြင်ရောင်မယ်၊ အဆိုတော်တွေ အတီးအမှုတ်သမားတွေကို မြင်ရောင်မယ်၊ ဒါက ထင်ထင်ရှားရှားမြင်နိုင်တဲ့အရာတွေဖြစ်ပါတယ်၊
ဝါသနာသည် လူတစ်ယောက်၏ သင်ယူလိုစိတ်ကို နှိုးဆွပေးသည်ဟုဆို၏၊ လူဖြစ်လာ သည်နှင့် သင်ယူရခြင်း ဆိုတဲ့ အတတ်ပညာက အတူတကွပါလာ၏၊ ထိုသင်ယူခြင်းအတတ် ပညာသည် အနုပညာတစ်ခုပင်ဆိုနိုင်၏၊ ထို့ကြောင့် အနုပညာသည် လူသားတိုင်း၏ နှလုံးအိမ်၌ အစကတည်းက ဖြစ်တည်နေသော ပညာရပ်တစ်ခုဖြစ်သည်။
အနုပညာသည် လောကတွင် အပြုသဘောဆောင်သောအသွင်ဖြင့် တည်ရှိနေသည်၊ တကယ့်အနုပညာ၏ဂုဏ်သတ္တိသည် သေသပ်စွာလုပ်ကိုင်လိုခြင်း၊ ဦးနှောက်အသိဉာဏ်ဖြင့် တီထွင်ဖန်တီးလိုသောဆန္ဒတိုးပွားလာခြင်း၊ အလှတရားကိုချစ်မြတ်နိုးတတ်ပြီး လောကကို ချစ်စရာကောင်းအောင် ဖန်တီးစောင့်ရှောက်လိုခြင်းတို့ဖြစ်သည်။
နောက်ထပ်အနုပညာ၏အရည်အသွေးတစ်ခုကတော့ အမှန်တရားကို ချစ်မြတ်နိုး တတ်ခြင်း ပင်ဖြစ်သည်၊ သို့ဆိုလျှင် လောက၌ အနုပညာလွမ်းမိုးလေ လောကကြီးသာယာ ငြိမ်းချမ်းမှုရှိလေဟုဆိုလျှင် ထိုစကားမှန်သလော့၊ ဟုတ်ကဲ့ ထိုစကားမှန်သင့်သလောက်တော့ မှန်၏၊ သို့သော် လက်နက်ငယ်ကအစ အနုမြူလက်နက်တို့အဆုံး လူသားတို့ ဖန်တီးလိုက်သော အတတ်ပညာသည် လောကကြီးသာယာငြိမ်းချမ်းအောင်မလုပ်နိုင်သေးသည်မဟုတ်လော၊ လုပ်ကောလုပ်နိုင်ပါမည်လော၊ ထိုသို့သံသယရှိအံ့၊ ဤနေရာ၌ အနုပညာနှင့် အတတ်ပညာကို ရေရေလည်လည်ခွဲခြားရပေတော့မည်၊ အနုပညာသည် အထက်ဆိုခဲ့သည့်အတိုင်း သူ၏ဂုဏ်သတ္တိတွေကို သေချာစဉ်းစာလျင် အတတ်ပညာနဲ့အနုပညာတို့ မတူညီတဲ့အချက်တွေ ကို ခွဲခြားလာနိုင်မည်ဖြစ်သည်။
အနုပညာမှာ ဦးနှောက်အသိဉာဏ်ဖြင့် တီထွင်ဖန်တီးလိုခြင်းမှအစ အမှန်တရားကိုချစ်မြတ်နိုးခြင်းအဆုံး ဂုဏ်အင်္ဂါတို့ဖြင့် ပြည့်စုံရမည်ဖြစ်သည်၊ အတတ်ပညာတွင် အနုပညာလက်ရာတို့ပါဝင်နိုင်သော်လည်း ဖန်တီးသူတို့ရဲ့ရည်ရွယ်ချက်အတိုင်း လိုက်ပါရသည် အားလျော်စွာ အတတ်ပညာသည် လူသားတို့၏နှလုံးသား၌ အနုပညာလောက် နုညံ့သိမ်မွေ့စွာ နေရာမယူနိုင်ဖြစ်နေသည်၊ အတတ်ပညာသမားတို့သည် အသိပညာဖြင့် လောကကြီးကို အနု ပညာမြောက်စွာဖန်တီးနိုင်လျင် ကျနော်တို့နေထိုင်ရသော ဤလောကကြီသည် သယာပျော်ရွှင် ဖွယ် သုခဘုံတစ်ခုကဲ့သို့ လူတိုင်းအေးချမ်းစွာနေနိုင်ကြမည်ဖြစ်သည်၊ အထက်နဲ့အောက်၊ ချမ်း သာခြင်းနဲ့ဆင်းရဲတို့ ကမောက်ကမ မဖြစ်တော့ပဲ လူသားတိုင်း ကိုယ်ပိုင်လူ့အခွင်းရေးများ ခံစား ရမှာအမှန်ပင်ဖြစ်သည်၊
အနုပညာလက်ရာတစ်ခုဟာ လက်တွေ့ဘ၀နဲ့ သိပ်တင်းကွာလွန်းနေရင်
အခြားသူတွေကို ဆက်သွယ်ပြောကြားဖို့ မဖြစ်နိုင်တော့ဘူး၊
(ဒန်မက်ကော)
အရာရာကို လုပ်ဆောင်လို၊ ဖန်တီးလိုသောအခါ လက်ရှိလူသားတို့ ခံယူထားသောဘ၀နှင့် ကိုက်ညီမှုရှိမရှိဆိုတာလည်း ထည့်စဉ်းစားရပြန်ပါသည်၊ လူသားတို့၏အတွေးအခေါ်သည် အချိန်နှင့်အမျှပြောင်းလဲတိုးတက်နေသောအခါ အတတ်ပညာနှင့်အနုပညာတို့၏ နယ်ပယ် သည်လည်း လူသားတွေရဲ့ အတွေးအခေါ်နှင့် ဘ၀အခြေအနေကို လိုရာလိုက်ပါပေးနိုင်သော
မျဉ်းဘောင်တစ်ခုရှိဖို့တော့လိုလိမ့်မည်၊ ကိုယ့်အတတ်ကို ကိုယ်လိုရာပြဌာန်းပြီး လုပ်ချင်သလိုမ ဟုတ်ပဲ အနုပညာမြောက်စွာ လုပ်နိုင်လျှင် မိမိဖန်တီးလိုက်သော အရာတွေဟာမိမိထံသို့ သိမ်မွေ့ခြင်း၊ နက်နဲစွာဝမ်းသာခံစားရခြင်း ပျော်ရွှင်ငြိမ်းချမ်းခြင်းစတဲ့ အားအင်တွေ အလိုလို ကိုယ့်ထံမှောက်ရောက်ရှိလာနိုင်မယ်ဆိုတာ ယုံကြည်မြင်မိပါတယ်။
စောနေမျိုး(ဒုံးယိမ်းမြေ)
Sunday, July 20, 2008
ကရင်အမျိုးသား နိုင်ငံကျော်ဆိုင်းဆရာကြီး( ဦး)စိန်စတင်း အကြောင်းတစေ့တစောင်း
ဆရာဘကြီးသည် ဓနုဖြူမြို့နယ်၊ သူဋ္ဌေးကုန်းကျေးရွာ အဖ ဦးမန်းဒီလုံး၊ အမိ နော်အေးချမ်းတို့မှ မွေးဖွားခဲ့ပါသည်၊
စိန်စတင်း-ဟူသောဆရာ့နာမည်ဖြစ်လာပုံက စိတ်ဝင်စားစရာကောင်းပါသည်၊ လွန်ခဲ့သော အနှစ်(၆၀)ခန့်ကဖြစ်သည်၊ ဆရာတို့ရွာနှင့်ကပ်လျက်နေသော တောကြီးရွာတွင် ကရင်အမျိုး သားနှစ်သစ်ကူးပွဲတော်ကို ဒုံးအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေချိန်ဖြစ်သည်၊ ထိုအချိန်က
တိုင်းပြည်တွင် ငြိမ်းချမ်းမှုမရှိသောကာလလည်း ဖြစ်လေရာ ကရင်နှစ်သစ်ပွဲတော်ကို ဖျက်ဆီးလိုသည့် အဖွဲ့တစ်ဖွဲ့မှ စတင်းဂန်းသေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ပွဲကိုဖျက်သိမ်းခဲ့ကြပါတယ်၊ ထိုအချိန် စိန်စတင်း၏မိခင်မှာ သူ့ကိုကိုယ်ဝန် လွယ်ထားရသဖြင့် သေနတ်သံကြားရတော့ ကြောက်လန့်ပြီး ပုန်းခိုနေရင်း ဗုံးကျင်းထဲမှာပင် စိန်စတင်းကို မွေးဖွားခဲ့ရပါသည်၊
အဖွားဖြစ်သူ ၀မ်းဆွဲသည် ဒေါ်အမာက -စတင်းဂန်းပစ်ဖောက်တဲ့အချိန်မှာ ငါ့မြေးကိုမွေးတယ်၊ ဒါကြောင့် ငါ့မြေးလေးကို စတင်းလေး-လို့ နာမည်ပေးမယ်-ဆိုပြီး စတင်းလေးမှသည် ယခုအောင်မြင်ကျော်ကြားနေသော နိုင်ငံကျော်စိန်စတင်း ဖြစ်လာခဲ့ပါသည်။
ဆရာကြီးသည် မိမိကိုယ်တိုင်ထူချွန်သူမကပဲ မိမိမျိုးဆက်သစ်တွေကိုလည်း ထူးချွန်စေသူဖြစ်ပါတယ်၊ ဆရာ့မှာ သားသမီး(၅)ယောက်ထွန်းကားပြီး ထိုသားသမီး ငါးယောက်စလုံးမှာလည်း လိမ္မာထူးချွန်သူများဖြစ်ကြပါတယ်၊ ဒါကြောင့်ဆရာသည် ဖခင်ကောင်းတစ်ယောက်ဖြစ်သလို ဥယျာဉ်မှုးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်၊ ဆရာရဲ့ထူးချွန်သော သားသမီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်--
၁။ စိန်နိုင်လင်းခေါ် နိုင်စတင်း= ဆိုကရေးတီး ဆိုင်း ရွေခုနှစ်ဆု၊ ငွေနှစ်ဆု၊
၂။ မောင်မင်းကို= ပတ်တီးလက်ထောက်၊ ဆိုကရေးတီး ပတ္တလားရွေတစ်ဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု၊
၃။ ဒေါက်တာတင်တင်ယု
၎။ ရွေအလင်္ကာ စိန်မင်းနိုင်= ဆိုကရေးတီး ရွေရှစ်ဆု၊ ငွေတစ်ဆု၊
၅။ ကျော်ကျော်ဟန်(အဆို) ရန်ကုန်တိုင်း အိုးစည်ဒိုးပတ်နည်းပြ၊ ဆိုကရေးတီး ရွေနှစ်ဆယ့်သုံးဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု….တို့ဖြစ်ပါသည်။
ဆရာကြီး၏မျိုးဆက်ရင်သွေးလူငယ်များရဲ့အောင်မြင်မှု ဘ၀မှတ်တမ်းကား အနာဂတ်ကရင် အမျိုးသား အနုပညာဝါသနာရှင်လူငယ်များ အတုယုလေ့လာစရာစပြကောင်းတစ်ခုဖြစ်ပါသည်။
Wednesday, July 16, 2008
သုဂ်ခေါဟ်ပ်ုဍောဟ်မန်းရှာ(or)ပ်ုဖုံသာဝံင်ခေါဟ်ကုလင်မာ.လ်ုဟှာ
ဖဒိုမန်းရှာ လုပ်ကြံခံလိုက်ရတယ်ကြားတော့ အတော် ကြေကွဲမိတယ်။ ကရင်လူမျိုးတွေအတွက် သာမက ကျနော်တို့နိုင်ငံအတွက်လည်း အခွင့်အရေးတွေ လက်လွတ်သလို ခံစားရပါတယ်။ ကျနော်တို့နိုင်ငံမှာ လွတ်လပ်ရေးစတင်ချိန်ကစလို့ ပြည်တွင်းစစ်ကြီး ဆင်နွှဲလာခဲ့ရတာ နှစ် ၆၀ ရှိတော့မယ်။ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဆိုတာလည်း လက်နက်ကိုင် တိုက်ပွဲဝင်လာရတာ နှစ် ၆၀ ရှိတော့မယ်။ ဒီလောက် ရှည်ကြာတဲ့ စစ်ပွဲအတွင်းမှာ အကျအဆုံး၊ အဆုံး အရှုံးတွေလည်း မနည်းလှဘူး။ ခေါင်းဆောင်တွေ အပါအ၀င် ပြည်သူတွေလည်း အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရတာတွေ ဒုနဲ့ဒေးပါ။
မန်မာနိုင်ငံအစိုးရက ထုတ်ဝေတဲ့ ၀န်ကြီးချုပ် ဦးနုမှ ပြည်ထောင်စုအစိုးရသို့ တင်သွင်းတဲ့ အစီရင်ခံစာ (မပြည့်စုံ လျှော့နည်းနေတယ်လို့ ယူဆရတဲ့ စာရင်းတွေအရပဲ) ၁၉၅၅ ခုနှစ် အစီရင်ခံစာတင်တဲ့ ကာလအတွင်းမှာပင် အစိုးရစစ်သားများအပါအ၀င် လူပေါင်း (၅,၆၉၃) ဦး သေဆုံးခဲ့ရပြီး၊ အရပ်သား သေဆုံးရမှု (၂၂,၀၇၇) ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီစာရင်းမှာ သူပုန်ဖက်က အရပ်သား သေဆုံးရမှုတွေ မပါဝင်သေးပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂-နှစ်ကာလအတွင်းမှာပင် လူပေါင်း (၆၀,၀၀၀) သေဆုံးခဲ့ရပြီး၊ လူတသန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်စောမောင် အာဏာ ရှိစဉ်ကလည်း ၁၉၈၈ ခုနှစ်၊ စစ်အာဏာ သိမ်းပြီးကာလ နောက်ပိုင်း ပြည်တွင်းစစ်ပွဲအတွင်း ကျဆုံးရသူ တပ်မတော်သားအရေအတွက်၊ ဒဏ်ရာရသူနှင့် သူပုန် အကျအဆုံး စာရင်းကို “တပ်မတော်သမိုင်း” ပြုစုရင်း အတွဲတခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ အသင့်ရှိမနေတဲ့အတွက်ကြောင့် ကျနော် အတိအကျ မဖော်ပြနိုင်ပါဘူး။ သေချာတာကတော့ မြန်မာနိုင်ငံရဲ့ ရှည်ကြာပြင်းထန်တဲ့ ပြည်တွင်းစစ်မှာ တိုင်းပြည်လည်း ချုံးချုံးကျ၊ လူတွေ၊ အသက်အိုးအိမ် စည်းစိမ်တွေ များစွာ ဆုံးရှုံးခဲ့ကြရတာကတော့ အသေအချာပါပဲ။
တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျနော် ဆက်ဆံလာခဲ့ရတဲ့ အတွေ့အကြုံအရ သူတို့ကလည်း ဒီစစ်ကို ဒီထက်မြှင့်ပြီး မီး ဟုန်းဟုန်းတောက်အောင် မတိုက်ချင်ကြတော့ပါဘူး။ သူတို့လူမျိုးတွေအတွက် ထိုက်သင့်တဲ့ အခွင့်အရေးတွေ ရခဲ့ရင် ကျေလည်ငြိမ်းချမ်းဖို့ အသင့် ရှိကြပါတယ်။ ကေအန်ယူအပါအ၀င် အချို့အဖွဲ့အစည်းတွေဟာ ယခင်က သီးခြား လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြသော်လည်း ဒီလို ကြွေးကြော်သံမျိုးကို ပြန်ရုပ်သိမ်းခဲ့တာ ကြာပါပြီ။ အချို့တိုင်းရင်းသား ခေါင်းဆောင်တွေဆိုရင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု (ဖက်ဒရယ်စနစ်)ကို သွားလိုတယ်။ သို့သော်လည်း ဒီကိစ္စတွေ အတွက် အပြန်အလှန် ကတိက၀တ်တွေ ပြုကြပြီး ရေရှည် ဆက်လက် တည်ဆောက်သွားရမယ့် လုပ်ငန်းစဉ်သဘော ဆိုတာမျိုးအထိ မြင်ထားကြပါတယ်။
သို့သော်လည်း ၀မ်းနည်းဖွယ်ရာ အခြေအနေက ဒီလို အတွေ့အကြုံများ၊ အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေ တယောက်ပြီး တယောက် ဆုံးပါးနေကြရတာပါပဲ။ သူတို့ရှိစဉ်မှာ ပြေလည်မှု ရနိုင်ခဲ့ရင် ပိုမိုအကျိုးများနိုင်ပါတယ်။ သူတို့က ရှေ့မှီနောက်မှီ တွက်ချက်နိုင်မှု ရှိသလို၊ အဖွဲ့အပေါ်လည်း သြဇာ ရှိကြပါတယ်။ ဒီတော်လှန်ရေးကို သူတို့က စတင်လာခဲ့တော့ သူတို့ကပဲ နိဂုံးချုပ်ပေးလိုခဲ့ကြပါတယ်။ သို့သော်လည်း စစ်အစိုးရက ဒီအခြေအနေတွေကို မမြင်ခဲ့ပါဘူး။ အပစ်အခတ်ရပ် အဖွဲ့တွေကိုလည်း သဘောထားမှန်မှန်နဲ့ ဆက်ဆံတာမျိုး မတွေ့ရသလို၊ တိုင်းရင်းသားတွေကြားထဲမှာတောင် သွေးခွဲအုပ်ချုပ်ရေးမူကို သုံးလို့ ဆက်လက် သပ်လျှိုနေပါသေးတယ်။ ကရင်လူမျိုးတွေမှာ ကြည့်ရင်တောင် ကရင်နဲ့ ဒီကေဘီအေ၊ အခြား ကရင်အုပ်စုငယ်တွေကို အသီးသီး ဖဲ့ထုတ်ပြီး နိုင်ငံရေးအရ သွေးခွဲအုပ်ချုပ်ရေး၊ စစ်ရေးအရ အသာရရေးကို ဆက်လုပ်နေကြတုန်းပါပဲ။ အဆိုး ဆုံးကတော့ ယခု ဖဒိုမန်းရှာကို လုပ်ကြံတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စမျိုးတွေအထိ ဖြစ်လာခဲ့ပါတယ်။
.......... ........... ..............
ဖဒိုကို ကျနော် စတွေ့ဖူးတာကတော့ မာနယ်ပလောမှာပါ။ ကျနော်တို့က မာနယ်ပလော မြောက်ဖက် တဖက်စွန်းမှာ စခန်းချနေကြတယ်။ ဖဒိုမန်းရှာတို့က တောင်ဖက်ကျတဲ့ အပိုင်းမှာ။ မာနယ်ပလောဆိုတာက သံလွင်နဲ့ သောင်ရင်းမြစ်ကြားက ရှည်မျောမျော ကျွန်းဆွယ်ကလေးလို ဖြစ်နေတဲ့ နေရာပါ။ ဒီနေရာမှာ တောင်တန်းမြင့်မားတွေ၊ ရေစီးသန်တဲ့ သံလွင်မြစ်တွေက သဘာဝ အတားအဆီးလို ဖြစ်နေတော့ သဘာဝအရ အားကောင်းတဲ့ ခံတပ်နေရာလို ဖြစ်နေခဲ့တယ်။
ကျနော် ABSDF မှာ၊ အောက်ခြေတပ်မှာ ခေါင်းဆောင်အဖြစ် တာဝန်ယူတော့ ဖဒိုမန်းရှာနဲ့ သိပ်ရင်းနှီး ဆက်ဆံရမှု မရှိလှဘူး။ ကျောင်းသားတပ်မတော် တပ်တွေနဲ့ ဆက်ဆံဖို့က ဆက်သွယ်ရေးတပ်က ဗိုလ်မှူးခေးနီ၊ ဗိုလ်မှူးရောဂျာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော့ပိ (လောဝါဒီ) တို့နဲ့ ပိုဆက်ဆံကြရတယ်။ ဖဒိုမန်းရှာက အဲသည်အချိန်က ဗိုလ်ချုပ်မြရဲ့ ကိုယ်ရေးအရာရှိ ဆိုပြီး သူ့တာဝန်က နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ NLD-LA၊ နောက်ပိုင်း စင်ပြိုင်အစိုးရဖွဲ့တော့ ညွန့်ပေါင်းအစိုးရ (NCGUB) တို့နဲ့ ပိုဆက်ဆံရတယ်။ အချို့ အစည်းအဝေးတွေမှာ တွေ့ဆုံရတာလောက်ပဲ ရှိတယ်။ သတိပြုမိတာကတော့ သူက မလိုအပ်ရင် စကားသိပ်မပြောတတ်တာရယ်၊ လိုအပ်လာရင် ချက်ကျ လက်ကျ လေအေးအေးနဲ့ တဖက်သား နားဝင်ခံသာအောင် ပြောပြနိုင်တာပါပဲ။ တကယ်တော့ ကြေညာချက် အတော်များများမှာ နောက်က ဦးဏှောက်သဖွယ် ပါဝင်ခဲ့ရတယ် ဆိုရင်လည်း မမှားဘူး။
၁၉၉၀ ပြည့်နှစ်လောက်မှာ ရွေးကောက်ခံအမတ်တွေ လွတ်မြောက်နယ်မြေ ရောက်လာကြတယ်။ အဲသည်အချိန်မှာ မာနယ်ပလောစာချုပ် ချုပ်ဆိုဖို့ လုပ်ကြတော့ အကြိတ်အနယ် ညှိနှိုင်းကြရတာ တွေ့ရတယ်။ အဲသည်အချိန်က ABSDF ခေါင်းဆောင်တွေ ကိုယ်တိုင် ညဥ့်နက်မိုးချုပ်မှ ပြန်လာခဲ့ကြရတာမျိုး တွေ့ရတယ်။ သည် အစည်းအဝေးတွေမှာလည်း ဖဒိုမန်းရှာက တည်တည်ငြိမ်ငြိမ်နဲ့ အုပ်စုအားလုံး သင့်မြတ်အောင် ကြိုးစားလို့၊ သူ့ ညှိနှိုင်းဆွေးနွေးရေး အစွမ်းကို ပြနိုင်ခဲ့တယ်။ စကားလုံး တခုချင်းက အစ သူ့စွမ်းဆောင်ချက်တွေ မနည်းဘူး။
ဖဒိုမန်းရှာက ခပ်အေးအေး နှိမ့်နှိမ့်ချချပဲ နေတတ်တယ်။ သူက အုပ်ချုပ်ရေးဌာနကသဖွယ် ဖြစ်နေတော့ စစ်ယူနီဖောင်းတွေ ဘာတွေနဲ့လည်း သိပ် မတွေ့ရပါဘူး။ စစ်အင်္ကျီအနွမ်းနဲ့ ပုဆိုးနဲ့ ၀တ်တာမျိုးတော့ တွေ့ရတတ်တယ်။ နောက်ပိုင်းတော့ ရင်းနှီးလာပါတယ်။ သို့သော်လည်း ကျနော်တို့က အလုပ်မရှိရင်လည်း သူ မအားမှန်းသိတော့ သူ့အိမ်ကို သိပ်မရောက်ဖြစ်ကြဘူး။ တခါတလေတော့ ရောက်တယ်။ ကျနော်က တခါတလေ “ဖဒို”လို့ ခေါ်လေ့ရှိသလို၊ တခါတလေလည်း “ဆရာ”လို့ပဲ လွယ်လွယ် ခေါ်မိပါတယ်။
ဖဒိုမန်းရှာက အနုပညာရှိသူလို့ ပြောရင်လည်း မမှားဘူး။ “ရေဆန်” ဆိုတဲ့ ကလောင်နာမည်နဲ့ ဆောင်းပါးတွေ ဘာတွေတော့ ရေးတယ်။ ကဗျာတွေ ဘာတွေ ရေးတာတော့ မတွေ့ဖူးပါဘူး။ သို့သော်လည်း ကဗျာဆန်တယ်လို့ ပြောရတာက သူ တောထဲမှာ ဆောက်ထားတတ်တဲ့ အိမ်အလှကလေးတွေကြောင့်ပါ။ အိမ်ဆောက်ရင် ရွေးတဲ့နေရာက ခွင်ကျတယ်။ ရသမျှ သစ်ဝါးကိုပဲ အားပြုလို့ အိမ်ကို အလှဆုံးဖြစ်အောင် ဆောက်တတ်တယ်။ ပြီးတော့ စားပင် သီးပင်တွေ၊ ပန်းပင်တွေကို အိမ်မှာ သာယာဖွယ် ဖြစ်အောင် အကျအန စိုက်ထားတတ်တယ်။ မြေပေါက်တဲ့ ပန်းရောင်စုံကလေးတွေ ရှိသလို၊ ဆိုင်းတွဲနဲ့ ချိတ်ထားတဲ့ တောသစ်ခွမျိုးစုံလည်း ရှိတတ်တယ်။
ကျနော်မှတ်မိနေတဲ့ သူ့အိမ်ကလေးက မယ်တုကွီချောင်းကလေးနားက သူ့အိမ်လေးပါ။ ကျနော်တို့က ကဗျာဆန်တဲ့ အိမ်ကလေးလို့တောင် ခေါ်ပါတယ်။ အနားမှာတော့ ဒီအေဘီရုံးစိုက်ရာကုန်း၊ ရေအားလျှပ်စစ်ထုတ်တဲ့ စက်ကလေး၊ လူ့ဘောင်သစ်ရုံးနဲ့ NLD-LA ဌာနချုပ် ရုံးစိုက်ပြီးနောက်ပိုင်း “ဒေါ်အောင်ဆန်းစုကြည်လမ်း” လို့ အမည်ပြောင်းပေးထားတဲ့ လမ်းကလေး၊ ဆရာတော် ဦးခေမာစာရ သီတင်းသုံးရာ ရဟန်းပျိုကျောင်းတို့ ရှိပါတယ်။ သူ့အိမ်ကလေးကတော့ သောင်ရင်းမြစ်ကို မေးတင်နေပြီး၊ ချောင်ကျကျ ခပ်ဆိပ်ငြိမ်ငြိမ် တည်ရှိနေပါတယ်။
တခါတလေ ကျနော်တို့ရောက်လာရင် သူ့ဇနီးက ရှိတာနဲ့ ထမင်း ထုတ်ကျွေးတတ်ပါတယ်။ ကျနော်က နာမည် မမှတ်မိတော့ဘူး။ တွေ့ရင်လည်း လွယ်လွယ် အမေ (အမိုး) လို့ပဲ ခေါ်ကြတယ်။ သူက ဗမာစကား သိပ်မရည်လည်သော်လည်း အားလုံးကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပါတယ်။ ပဲခူးရိုးမနဲ့ ကေအန်ယူ တပ်မဟာ (၃) ဒေသမှာနေစဉ် သူတို့ ခက်ခဲပင်ပန်းရပုံတွေ၊ ထိုးစစ်ကာလတွေမှာ ပြေးလွှားနေကြရပြီး အတည်တကျ မနေခဲ့ကြရတဲ့ အတွေ့အကြုံတွေကိုလည်း ပြန်ပြောပြတတ်ပါတယ်။ သူကလည်း တကယ့် ပါရမီဖြည့်ဖက်လို့ ပြောရမယ်။ နိုင်ငံရေး သိပ်မပြောပေမယ့် အမာခံ ရဲရဲတောက်ပါပဲ။ သူက ဖဒိုထက်အရင် မနှစ်က ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူ့ကို ကျနော် ဆက်ဆံရတာက ABSDF ညီညွတ်ရေး ပြိုကွဲစဉ်ကာလမှာပါ။ သည်အချိန်မှာလည်း ကျနော်တို့ ပြန်ပေါင်းစည်းရေးဖြစ်ဖို့ သူအစွမ်းကုန် ကြိုးစားပေးခဲ့တယ်။ အသိအမှတ် မပြုဘဲ နေလို့မရနိုင်တဲ့အထိ သူ ကြိုးစားပေးခဲ့ပါတယ်။ ကျနော်တို့က နှစ်ဖွဲ့ကွဲနေကြတော့ ကိုယ်ကောင်းတယ်၊ သူမကောင်း ဇွတ်ပေငြင်းနေတာမျိုးလည်း ရှိခဲ့ပါတယ်။ သူက တကယ်တိုက်တာမဟုတ်၊ ကိုယ်က ပိုရဲရဲတောက် ဆိုတာမျိုးတွေလည်း ပြောခဲ့မိကြပါတယ်။ ဖဒို ကတော့ သူတို့အရင် က KNU/ KNUP အကွဲအပြဲ ကာလအတွေ့အကြုံတွေ၊ တော်လှန်ရေးထဲမှာ ထားကြရမယ့် သဘောထားတွေနဲ့ သိမ်သိမ်မွေ့မွေ့ ရှင်းပြတတ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ ABSDF ပြန်လည် ပေါင်းစည်းရေး ညီလာခံကို ထီးကပလယ် စခန်းမှာ လုပ်တော့ သူပြောခဲ့တဲ့ မိန့်ခွန်းကို ကျနော် အမှတ်ရ နေပါသေးတယ်။ “လင်းယုန်ဆိုတာ မြင့်မြင့်ပျံတဲ့အချိန် ရှိသလို၊ နိမ့်နိမ့် ပျံရတဲ့အချိန်လည်း ရှိတယ်” တဲ့။ သူဆိုလိုတာက ပေါင်းစည်းရေးလုပ်လို့ အချို့ခေါင်းဆောင်နေရာ အပြောင်းအလဲ ဖြစ်ခဲ့ရင်၊ ညီညွတ်ရေးကြည့်ပြီး အနစ်နာခံရသူတွေလည်း ရှိပါတယ်။ ဒီလူတွေကို အားပေးတာပါ။ တော်လှန်ရေးဟာ ရေရှည်သွားရမယ့်သဘောနဲ့ ကိုယ်နိမ့်နေတဲ့ ကာလမှာလည်း စိတ်ရှည်ရှည်ထား ကြိုးကြိုးကုတ်ကုတ်လုပ်ဖို့ သူက အကြံပေးခဲ့တာပါ။
အဲသည်အချိန်က ထီးကပလယ်စခန်းက ကေအန်ယူ ယာယီဌာနချုပ် လုပ်ထားတဲ့ နေရာပါ။ အဲသည်မှာလည်း သူ့အိမ်ကလေး (တဲကလေးဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်) က သပ်သပ်ယပ်ယပ်၊ ကဗျာဆန်ဆန်ပါပဲ။ သူနဲ့ အတူနေတဲ့ ရဲဘော်တယောက်နဲ့လည်း ကျနော် စကားပြောရသေးတယ်။ ဒီလူက ကရင်လူမျိုး၊ အိန္ဒိယနိုင်ငံက တက္ကသိုလ်တခုမှာ လုံခြုံရေး ဆိုင်ရာ ဗျူဟာ လေ့လာမှုပညာ မဟာဘွဲ့ (security studies) လေ့လာပြီး ပြန်လာသူ၊ ဒါပေမယ့် ထင်းခွဲနေတာ၊ ထမင်း ချက်နေတာ တွေ့ရတယ်။ ဒါကိုတော့လည်း ကျနော် သဘောမတွေ့နိုင်ခဲ့ဘူး။ ကျနော်မြင်တာကတော့ ဒီလိုလူမျိုးတွေကို သေသေချာချာ သူတို့ တန်ဖိုးရှိတဲ့အတိုင်း အသုံးချသင့်တယ် ထင်တာကိုး။ နောက်ပိုင်းတော့ ဒီလူငယ် ဘာဖြစ်သွားမှန်း ကျနော်မသိတော့ပါဘူး။ ပြန်မတွေ့ဖြစ်ဘူး။
ဒါတင်မကပါဘူး။ ကျနော်နဲ့သူ သဘောမတူခဲ့တဲ့ အခြားအချက်တွေလည်း ရှိခဲ့ပါတယ်။ ကျနော်တို့က ငယ်ရွယ်ချိန်၊ စစ်သွေး ကြွလွန်းနေချိန်မှာ ချင့်ချင့်ချိန်ချိန်သူ့သဘောကို တခါတလေလည်း သဘောမတွေ့မိဘူး။ တခါတလေလည်း ဒီလို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရင် ရရဲ့သားနဲ့ ဘာဖြစ်လို့ ကေအန်ယူမှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ရတာလဲ။ ...ဒီလို လုပ်သင့်တယ်၊ ဟိုလို လုပ်သင့်တယ်။ သူက အင်အားကြီးတဲ့ တော်လှန်ရေးတပ်ဖွဲ့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး အနေနဲ့ ဒီလိုမျိုး ဦးဆောင်ပြီး ဘယ်လို စတင် လုပ်သင့်တယ်... စသဖြင့် မြင်ခဲ့မိကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အဲသည် အချိန်က အဖွဲ့ အစည်းရဲ့ အကန့်အသတ်တွေ၊ အခြား မမြင်သာတဲ့ အကန့်အသတ်တွေကိုလည်း ထည့်မစဉ်းစားမိခဲ့ကြပါဘူး။
ဖဒိုမန်းရှာ ဘ၀မှာ မအောင်မြင်မှုတွေ၊ မပြည့်ဝခဲ့တဲ့ အိပ်မက်တွေလည်း ရှိခဲ့လိမ့်မယ်။ အဖွဲ့အစည်းဆိုတာကလည်း လူအများနဲ့ လုပ်ကြရတဲ့သဘော၊ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်နိုင်တော့လည်း ခက်သားလား။ သူရဲ့ မပြည့်ဝခဲ့တဲ့ အကြီးမားဆုံး အိပ်မက်ကတော့ ကရင်အမျိုးသားတွေအတွက် စွမ်းဆောင်ပေးချင်တဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာပဲ ဖြစ်ပါလိမ့်မယ်။ ခေတ်မီ တိုးတက်တဲ့၊ လွတ်လပ် အမှီအခိုကင်းတဲ့၊ ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ဝပြီး လူမျိုးပေါင်းစုံ သဟဇာတ နေထိုင်နိုင်ကြမယ့် မြန်မာနိုင်ငံသစ်လည်း ပါပါလိမ့်မယ်။ သို့သော်လည်း အခြားကိစ္စတွေမှာလည်း သူ စိတ်လက် မချမ်းသာ ဖြစ်နိုင်တာကို ကျနော် တွေးမိသေးတယ်။ ဥပမာ- ကေအန်ယူကနေ ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်တွေ ဒီကေဘီအေ (DKBA)အဖြစ် ခွဲထွက် သွားကြတဲ့ အကွဲ၊ နောက်ပိုင်း ကရင်တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် ပဋိပက္ခ အဆင့် ရောက်ကြရတဲ့အထိ သွေးချောင်းစီး ပြဿနာ ဖြေရှင်း ကြရတာတွေ၊ နောက်တခုက တော်လှန်ရေးရဲ့ ဌာနချုပ်လို့ ဆိုနိုင်တဲ့ မာနယ်ပလော ကျဆုံးခန်းပဲ။ ဒီကေဘီအေ အကွဲ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ မာနယ်ပလောလည်း ကျသွားတယ်။ တကယ်တော့ ရှေ့တန်း မဲညောခီးတောင်တန်းမှာ ရံထားတဲ့ ရဲဘော်တွေက ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်တွေ အကွဲနောက် လိုက်သွားတော့ မကျလည်း ဘယ်ခံနိုင်ပါတော့မလဲ။ ဗိုလ်ချုပ်မြရေးထားတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ မာနယ်ပလောကျရတဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ အစည်းအဝေး တခုမှာ ဖဒိုမန်းရှာက သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပုံတွေကိုလည်း ဖတ်ရသေးတယ်။
ဒါတင်မကဘူး။ အစုအပြုံလိုက် ထွက်ပြေးနေကြရတဲ့ ကရင်လူမျိုး ဒုက္ခသည်တွေ၊ ပြည်တွင်းမှာပဲ ဟိုသည်ပုန်း ပြေးလွှားနေ ကြရတဲ့ ကရင်ရွာပုန်းတွေ၊ ပြည်တွင်း ဒုက္ခသည် (internally displaced person)တွေကို မြင်ရ ကြားရနေတာအတွက်ကြောင့်လည်း သူ ကြေကွဲ ၀မ်းနည်းနေနိုင်ပါတယ်။ ကျနော့်မိတ်ဆွေ ကရင်လူမျိုးဖြစ်တဲ့ ကိုစောကပိက ပြောဖူးတယ်။ အခုတကြိမ် ကရင်လူမျိုးတွေ ပြောင်းရွှေ့ထွက်ပြေးနေကြရတာဟာ၊ (migrate) လုပ်နေကြရတာဟာ မြန်မာဆိုတဲ့ မြေပြန့်လွင်ပြင်ထဲကို ကရင်လူမျိုးတွေ မွန်ဂိုကုန်းမြေမြင့်ကနေ ပြောင်းရွှေ့အခြေချလာမှုပြီးရင် ဒုတိယအကြိမ်မြောက် အကြီးဆုံး အစုအပြုံလိုက် ရွှေ့ပြောင်းရမှုကြီး (exodus) ပဲလို့ ပြောဖူးပါတယ်။ တွက်ချက်ကြည့်မယ်ဆိုရင် ဖြစ်လည်း ဖြစ်လောက်ပါတယ်။ ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ကရင်ဒုက္ခသည်တွေက သိန်းကျော် ရှိနေပါတယ်။ မြန်မာနိုင်ငံထဲမှာ အိုးအိမ်စွန့်ပစ် ထွက်ပြေးနေကြရသူတွေက မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ (၅၀၀,၀၀၀) ကျော် ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။ ဒီအထဲမှာ ကရင်လူမျိုးတွေလည်း အများအပြား ပါဝင်နေပါတယ်။
ဖဒိုမန်းရှာကတော့ သည်လူတွေရဲ့ ဒုက္ခကိုလည်းတွေးလို့ သူ့မျက်နှာမှာ မှိုင်းညို့နေလိမ့်မယ်။ အခုတော့ သည်လူတွေကိုလည်း ထားလို့ တမလွန်ကို သူခရီးမထွက်ချင်သေးဘဲ ထွက်သွားခဲ့ရပြီ။ ဒီဒုက္ခ အစုအပုံထဲကသူတွေကို သူ ထားခဲ့ရပြီ။ တဗိုလ်ကျ တဗိုလ်တက် နောက်လူတွေက သူ့တာဝန်တွေ ဆက်ထမ်းပိုးကြလိမ့်မယ် ဆိုတာ ကျနော် သံသယမဖြစ်မိပါဘူး။
ကျနော်ကတော့ ဒီစာလေးကို သူ့ရဲ့နောက်ဆုံးအချိန်ကို ဂုဏ်ပြုချင်တဲ့ စိတ်နဲ့ ရေးမိပါတယ်။ သူက ဘ၀မှာ အနိမ့်ချဆုံး နေထိုင်ခဲ့ပေမယ့် သူက အမြင့်ဆုံး ပျံသန်းသွားခဲ့တယ်။ လူတွေကတော့ သူ့ရဲ့ သူရဲကောင်းဆန်ဆန် (legendary) ဇာတ်လမ်းကို အမှတ်ရနေကြပါလိမ့်မယ်။
(မူရင်း - http://yaw-han-aung.blogspot.com/2008/02/blog-post_1303.html


