Friday, July 15, 2011

မျက်စိမမှုန်နည်း

မနက်စောစောမှာအိပ်ရာထပြီး အရင်ဆုံးတူးခေါင်းကိုရေများများလောင်းပေးပါ၊ ပြီးရင် ထိုင်ထအခေါက်
၃၀ထက်မနည်း လုပ်ပါ၊ ပြီးမှမျက်နှာသစ်သွားတိုက်ပါ

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Thursday, February 26, 2009

ကရင်အမျိုးသားနေ့ အရင်ဆောင်းပါး



ဆောင်းရက် ကုန်ခါနီးချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ရုတ်တရက် အအေးဓာတ်က ပိုလာတယ်။ မြူတွေဆိုင်းနေတဲ့ နို့ဖိုး ဒုက္ခသည် စခန်းလေးကို တောတွေ တောင်တွေကြားမှာ တွေ့ရမယ်။ တောတောင်အလယ်က ပြားဝပ်နေတဲ့ စခန်းလေးကိုမြင်ရင် ကျမစိတ်ထဲ လွမ်းရမလို၊ ဆွေးရမလိုနဲ့ တမျိုးပဲ ခံစားရတယ်။ အနှစ် ၄၀ ကျော် ဖြတ်သန်းခဲ့ရတဲ့ ကျမဝန်းကျင်နဲ့ လားလားမှမတူတဲ့ ဒီဝန်းကျင်ကို ဒုက္ခသည်အဖြစ်နဲ့ ရောက်နေရတဲ့အဖြစ်က ကျမအတွက် အိပ်မက်ထဲ လမ်းလျှောက်နေရသလိုပါပဲ။

ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ ဒုက္ခသည်ဆိုတာကို တွေးထင်မထားခဲ့ဘူး။ ဒီဘဝကို ကျမက ရွေးချယ်ခဲ့တာ မဟုတ်ဘဲ၊ အခြေအနေတွေက ကျမကို ရွေးချယ်ခဲ့တယ်။

ဒုက္ခသည်စခန်းထဲမှာ ကျမတို့ဘဝတွေကို ဘယ်အချိန်ထိ မြှုပ်နှံထားရမယ်၊ ဘယ်အချိန်မှ တတိယနိုင်ငံ ထွက်ရမယ်၊ ဘယ်အချိန်မှ အမိမြေကို ပြန်ခွင့်ရမယ်ဆိုတာ ဘယ်သိပါ့မလဲ။ ကျမရဲ့ ဘဝတွေကို မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတယ်ဆိုရင် သိပ်များ ကြီးကျယ်သွားမလား။ ကြီးကျယ်တယ်လို့ မထင်ပါနဲ့။ စစ်အာဏာရှင်တံတိုင်းကို ဘဝနဲ့ ရိုက်ချိုးပြခဲ့တဲ့ ဖခင်နဲ့ ခင်ပွန်းသည်တို့ရဲ့ သမီးဘဝ၊ ဇနီးသည်ဘဝနဲ့ မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတာ ကျမအသက် ၄၂ နှစ်တိုင်တဲ့ ဒီကနေ့ အချိန်အထိပါပဲ။

ကျမတို့ဘဝတွေထက် ဆိုးရွားတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေရဲ့ ဘဝကလည်း ကြေကွဲနာကျင်စရာ။ တောတောင်ထဲမှာ အိုးအိမ်စွန့်ခွာပြီး စစ်ပြေးဒုက္ခသည်အဖြစ် နေနေရတာ ပြည်တွင်းစစ် နှစ် ၆၀ ကျော်တဲ့ ဒီကနေ့အထိပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်လယ်မြေမှာ စိတ်ချလက်ချ စိတ်အေးလက်အေး မနေနိုင်တဲ့ ဘဝတွေ၊ စာသင်ခန်းထဲ ဝင်နိုင်ဖို့ထက် ဗမာစစ်သားမြင်ရင် ပြေးရမယ်ဆိုတဲ့ ဘဝအသိနဲ့ ကြီးပြင်းရတဲ့ ကလေးတွေ၊ မြေကြီးပေါ် ထမင်းပုံပြီး စစ်ပြေးရင်း ပုန်းရင်း စားရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ကလေးတွေကို မောင်းထဲထည့်ထောင်း၊ မိန်းမပျိုလေးတွေကို အဓမ္မကျင့်၊ မီးဖိုထဲ အရှင်လတ်လတ် မျက်နှာအပ် အသတ်ခံရသူတွေ အို --- နာကျင်စရာ ကောင်းလိုက်တာ။


ကျောင်းစာသင်ခန်းနဲ့ ဆရာ၊ ဆရာမကို သူတို့ကလေးဘဝမှာ မမြင်ခဲ့ရဖူးတဲ့၊ ပလိုင်းတွေထဲ လွယ်ပိုးပြီး ဆင့်ထက်ကဲ ချီပိုးပြေးရတဲ့ စစ်ပြေးဒုက္ခသည်ဘဝနဲ့ ကြီးပြင်းရတဲ့ သူတို့ မျက်နှာစိမ်းတဲ့သူကို သတိထားဆက်ဆံတတ်တယ်။ စစ်ရေးအမြင်နဲ့ ကြည့်မြင်တတ်သူတွေ ဒုက္ခကို ခံစားရပုံချင်း မတူပေမယ့် ဒုက္ခရောက်ရတာချင်းကျတော့ အတူတူပါပဲ။

ကျမတို့ရဲ့ ဒုက္ခနဲ့ သူတို့ဒုက္ခတွေ ပေါင်းစည်းသွားတော့ ကျမတို့ တသားထဲ ဖြစ်သွားပါတော့တယ်။ သဘာဝတရားကလည်း တောတောင်ရေမြေကို လောကလက်ဆောင်အဖြစ် ပေးပြီး၊ ကျမတို့ ဒုက္ခသည်စခန်းလေးကို သာယာအောင် ဖန်တီးပေးတယ်။

နို့ဖိုးဒုက္ခသည်စခန်းဘေးက တောင်ကြီးကို အဝေးကကြည့်ရင် ကိုယ်ဝန်ဆောင်မိန်းမ ပက်လက်လှန်အိပ်နေသလို မြင်ရမယ်။ ကျောက်တောင်ကြီးရဲ့ထိပ် အဖုအထစ်တွေက သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားမြတ်အသီးလေးအတိုင်း ရှိနေတာလည်း အံ့သြစရာ။

အဲ့ဒီတောင်ကြီးဘေးမှာ သက်ကယ်၊ အင်ဖက်မိုး၊ ဝါးခင်း၊ ဝါးကပ်ကာ အိမ် မည်ကာမတ္တ တဲလေးတွေထဲမှာ ဒုက္ခသည်တွေရဲ့ ဘဝမျိုးစုံ ရှိပါတယ်။ အရောင်အသွေးစုံ၊ ဘဝစုံ၊ ရည်ရွယ်ချက်အစုံနဲ့ စိတ်ကူးတွေကလည်း နို့ဖိုးတောင်ထက် ကြီးပါတယ်။ ညနေစောင်းရင် မြန်မာပြည်ဘက်ကို တဖြေးဖြေး နိမ့်ဝင်သွားတဲ့ နေလုံးကြီးကိုကြည့်ပြီး ကျမတို့ လွမ်းရပြန်ရော။

မြန်မာပြည်အလွမ်းတွေနဲ့ ကျမတို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့ကို ဒုက္ခသည်စခန်းထဲမှာပဲ ကျင်းပခဲ့ကြတယ်။ မနက်စောစောမှာတော့ စခန်းရုံးထဲမှာ လူတွေ ပြည့်နေပြီ။ ရိုးသားပွင့်လင်း ကရင်လူမျိုးတွေ ရိုးရာအဝတ်အစားတွေနဲ့ လှပတင့်တယ်နေကြတယ်။ စင်ပေါ်မှာတော့ ဖားစည်ပုံပါတဲ့ ကရင်အမျိုးသားအလံက ဝင့်ဝင့်ကြွားကြွား။

ကရင်အမျိုးသားကြီးတွေက လွယ်အိတ်လွယ်သူ၊ ခေါင်းပေါင်းပေါင်းသူနဲ့ ဆေးတံကိုက်သူကိုက် လွတ်လွတ်လပ်လပ် ထိုင်နေကြတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်နေတဲ့ ကရင်အဖိုးအိုက ကရင့် တော်လှန်ရေးသမားဟောင်းကြီးလို့ ပြောပါတယ်။ အသက်အရွယ်နဲ့အမျှ စူးရှတောက်ပတဲ့ မျက်ဝန်းတွေကလည်း ကရင့်တော်လှန်ရေး မပြီးဆုံးသေးဘူးလို့ ပြောနေသရောင်။

ကရင်အမျိုးသားနေ့အတွက် အခမ်းအနား စတင်တဲ့အခါ စခန်းဥက္ကဋ္ဌ ဦးလှရွှေက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပြုတဲ့ ထိုင်းတော်ဝင် အစိုးရနဲ့ စခန်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ တက်ရောက်လာသူတွေကို “ဝါလေးကေ” လို့ ကရင်လို နှုတ်ဆတ်လိုက်တော့၊ ပရိသတ်ကလည်း “ဝါလေးကေ” လို့ ပြန်နှုတ်ဆတ်လိုက်တာ ခန်းမတခုလုံး ဟိန်းထွက်သွားတယ်။ “ဝါလေးကေ'' ဆိုတာ ကရင်လို ''မင်္ဂလာနံနက်ခင်းပါ” လို့ အဓိပ္ပာယ်ရပါတယ်။

ဦးလှရွှေ မြန်မာလို ပြောတဲ့အထဲမှာ “ကရင်လူမျိုးတွေကို အမြဲတမ်း ဖိနှိပ်သတ်ဖြတ်ညှဉ်းဆဲတဲ့ ဗမာစစ်အစိုးရကို မုန်းသလို ဗမာလူမျိုးတွေကိုလည်း မုန်းခဲ့တယ်။ ကရင်တွေကိုမှ ဗမာစစ်အစိုးရက ညှဉ်းပန်းတာ သတ်ဖြတ်တာလို့ ထင်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်လာတော့မှ ဗမာပြည်သူလူထုပါ သတ်ဖြတ်နှိပ်စက် ခံရတာလို့ သိခဲ့ရတယ်။ ဒါကြောင့် ဗမာနဲ့ ကရင် အတူတူပါပဲ” လို့ ပြောသွားတယ်။

KNU ဗိုလ်ချုပ်မန်းကျော်ဖေကတော့ ကရင်အမျိုးသားနေ့ ဖြစ်ပေါ်ပုံကို ပြောပြပါတယ်။ အခုတတ်ရောက်နေတဲ့ စခန်းထဲက လူမျိုးစုံတွေကိုမြင်တော့ ပင်လုံ ညီလာခံလားလို့ ထင်မြင်မိတဲ့အကြောင်း စတင်ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့လို့ ဘာကြောင့် သတ်မှတ်ရသလဲဆိုတော့ ၁၉၄၈ ခု ဖေဖော်ဝါရီ ၁၁ ရက်မှာ မြန်မာတပြည်လုံး ကရင်လူမျိုး ၄ သိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ တောင်းဆိုချက်တွေက (၁) ကရင်ပြည် ချက်ချင်းပေး၊ (၂) ကရင်တကျပ်၊ ဗမာတကျပ် ချက်ချင်းပြ၊ (၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ် အလိုမရှိ ဆိုတဲ့ တောင်းဆိုချက်တွေပါပဲ။

ကရင်တွေ သွေးတစက်မှမကျဘဲ ကရင်ပြည်ရအောင် တောင်းမယ်လို့ ခေါင်းဆောင် စောဘဦးကြီးက ပြောခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ကရင်အမျိုးသားတွေ လိုလားတယ် ဆိုတာကို ပြသနေပါတယ်။ ကရင်တွေရဲ့ တောင်းဆိုချက်ကိုကြည့်ရင် အကြမ်းဖက်တာကို မလိုလားပါဘူး။ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့် ကရင့်အမျိုးသား ငြိမ်းချမ်းရေးနဲ့ ကိုယ့်အမျိုးသားကို ကာကွယ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို မရှောင်မလွှဲသာ လိုက်ခဲ့ရပါတယ်။ ရွေးစရာလမ်းမရှိလို့ လက်နက်ကိုင် တော်လှန်ရေးကို ရွေးခဲ့ရတာပါ” လို့ ကြေကြေကွဲကွဲ ပြောသွားပါတယ်။

ဗိုလ်ချုပ်ဆိုပေမယ့် ဘာအဆောင်အယောင်မှ မရှိရှာဘူး။ တင်းတိမ်ရောင့်ရဲမှုတွေ၊ ဖြူစင်မှုတွေသာရှိတဲ့ တော်လှန်ရေးခေါင်းဆောင်များပါ။

ခေါင်းတွေ ဖွေးဖွေးဖြူနေတဲ့ ကရင့်တော်လှန်ရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဗလာဒူးက “ဟိုတုန်းက ကျနော်တို့ ကရင်တွေနဲ့ ဗမာတွေက ၃ နဲ့ ၄ ပါ။ အခုအချိန်မှာ စစ်အစိုးရရဲ့ ဖိနှိပ်ကို အတူခံနေရတဲ့အတွက် ၄ နဲ့ ၃ ဖြစ်သွားပါပြီ” တဲ့။

ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ကချင်၊ ချင်း၊ ကရင်၊ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း တိုင်းရင်းသားတွေလည်း ရိုးရာဝတ်စုံတွေနဲ့ ကရင့်အမျိုးသားနေ့ကို တတ်ရောက်အားပေးကြပါတယ်။ တယောက်ကိုတယောက် မှီတွယ်ပေါင်စည်းလျက်ရှိတဲ့ ခွန်အားတွေ၊ စိတ်ဓာတ်တွေက မြစ်ကြီးတခုထဲကို ရေပေါင်းများစွာ ပေါင်းစပ်စီးဆင်း နေသလိုပါပဲ။

ရိုးရာအစားအစာတွေကိုလည်း ပြပွဲလုပ်သွားပါတယ်။ ကရင်လူမျိုးတို့ရဲ့ ရိုးရာအမှတ်အသား အစားအစာဖြစ်တဲ့ “တာလပေါ” ဟင်းကို ကရင်စာသင်တဲ့ ကျောင်းဆရာကြီးက ရှင်းပြတော့ ကျမမှာ အံ့သြချီးမွမ်း တုန်လှုပ်သွားရတယ်။ ပြောတတ်လိုက်တာလို့လည်း နှုတ်က ဖွင့်ဟမိတဲ့အထိပါ။

“ကျနော်တို့ ကရင်လူမျိုးတွေမှာ ဖူလုံတဲ့ အစားအစာနဲ့ မဖူလုံတဲ့ အစားအစာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကို နှိမ့်နှိမ့်ချချ တာလပေါစားကြီးတဲ့ ကောင်တွေလို့ ပြောကြတယ်။ တာလပေါဆိုတာ ဆန်ကိုလှော်ပြီး အသီးအနှံမျိုးစုံနဲ့ ချက်တဲ့ဟင်းကို ပြောတာပါ။ ကျနော်တို့ ဒေသတောင်ယာတွေက ထွက်တဲ့ ဆန်၊ အသီးအနှံတွေ ရောချက်ထားတဲ့၊ ဖူလုံရင်တော့ အသားငါး ထည့်ပါတယ်။ တာလပေါထဲမှာ ကြိမ်ဖူးလည်း ပါပါတယ်။ ကြိမ်ဖူးက ဆိမ့်သက်ပြီး စိတ်ဓာတ်ခွန်အား ပေးပါတယ်။ ဒါကြောင့် ရှေ့တန်းစစ်မျက်နှာပြင်မှာ တာလပေါထဲကို ကြိမ်ဖူးထည့်ပေးတယ်။ တာလပေါစားပြီး ကရင့်တော်လှန်ရေးကို တိုက်ပွဲဝင်နေကြတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။

တာလပေါစားပြီး အသက်ဆက်ရတဲ့ ကရင့်တော်လှန်ရေးက ကြေကွဲဖွယ်ရာ တာလပေါအကြောင်း နားထောင်ပြီးတော့ ပရိသတ်က ငြိမ်သက်သွားတယ်။

ကျမတို့ ဗမာအစားအစာကတော့ ကြက်သားနဲ့ ဘူးသီး ကာလသားချက်နဲ့ လက်ဖက်ပွဲပါ။ ကြက်သားနဲ့ ဘူးသီးကို အလွယ်တကူမို့သာ ချက်ရတယ်။ ရိုးရာဟင်းတော့ မဟုတ်ပါဘူး။ ရိုးရာမဟုတ်ပေမယ့် ပျော်စရာအဖြစ် ကာလသားတွေ ကြက်ခိုး၊ ဘူးသီးခိုးပြီး အပျော်ချက်စားကြပါတယ်။ ကြက်သားချက်ရင် ဆရာကြီးသော်တာဆွေ ပြောတဲ့ စကားကို သတိရမိပါတယ်။ သဘာဝအလျောက် ပျော်ရွှင်နေတဲ့၊ သေရမယ်မှန်းမသိတဲ့ ကြက်က ပိုချိုတယ်တဲ့။ ဒါကြောင့် ထင်ပါရဲ့၊ တောရွာတွေရောက်လို့ ဆွေမျိုးတွေ ချက်ကြွေးတဲ့ ကြက်သားဟင်းက သိပ်စားလို့ ကောင်းပါတယ်။ ကြက်ဆိုရင် တောင်ပံ၊ ဆီဖူး လူမဦးစေနဲ့လို့ အဆိုရှိပါတယ်။ ကာလသားချက်က ဆီနည်းနည်းနဲ့ အရည်သောက်ဟင်းမို့ ထမင်းမိန်ပြီး စားကောင်းတယ် ဆိုတဲ့အကြောင်း ဒေါ်နွယ်နွယ်ဝင်းက ပြောသွားပါတယ်။

ဗမာအသင်းတာဝန်ခံ ကိုထိန်လင်းအောင် က ကျမကို လက်ဖက်ပွဲအကြောင်း ပြောပြပေးပါတဲ့။ တာလပေါဟင်းအကြောင်းလို ရသစုံအောင် ပြောနိုင်ဖို့ ကျမဘက်က ကြိုတင်ပြင်ဆင်မထားနိုင်ပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပြောခဲ့ပါတယ်။

တာလပေါအကြောင်း နားထောင်နေတုန်းက ကျမရင်ထဲ ခံစားရပါတယ်။ ဒေသအစားအစာဆိုတာ ကိုယ့်ဒေသထွက်တဲ့ ထွက်ကုန်ပေါ်မှီပြီး အသက်ရှင် ရပ်တည်ကြရတာမို့လား။ တောင်ယာစိုက်ခင်းများမှ၊ ရာသီဥတုကောင်းပါမှ ဒေသခံများ ဖူဖူလုံလုံ စားရတာပါ။ ကျမရောက်ဖူးတဲ့ ပုံတောင်ပုံညာ ယောနယ်ဘက်မှာ ရာသီဥတု မကောင်းလို့၊ စိုက်ပျိုးစရာ တောင်ယာနည်းလို့ သုံးလွန်းတင်စားရတယ် ကြားတော့ ဘာ့လို့ သုံးလွန်းတင်ခေါ်လည်း မေးကြည့်မိတယ်။ ကြွေဥ၊ ပြောင်း၊ ဆန်အနည်းငယ်ရောပြီး ချက်ရတယ်။ ဆန်တမျိုးထဲ မစားနိုင်ပါဘူး။ ဒါကြောင့် သုံးလွန်းတင်လို့ ခေါ်တာပါတဲ့။

ဒီအကြောင်းကို မြန်မာပြည်မှာ စာရေးဖော်ပြခွင့် မရှိပါဘူး။ ဒါ့ကြောင့် တော်တော်များများ ဒီအကြောင်းကို မသိကြပါဘူး။ တကယ်ဆင်းရဲကြသူတွေ ထမင်းနှစ်နပ် စားခွင့် မရှိပါဘူး။ မနက်စာ၊ ညစာ ပေါင်းပြီး တနပ်ထဲ စားရသူတွေ တောရွာတွေမှာတင် မဟုတ်ပါဘူး။ မြို့ပြတွေမှာလည်း ရှိပါတယ်။ အာဟာရခမ်းခြောက်ပြီး ဘဝလမ်းပျောက်နေရတဲ့ ပြည်သူလူထုတွေ မြန်မာပြည်မှာ အများကြီးပါ။

လက်ဖက်ကို ဘယ်အချိန်ကတည်းက စတင်စားသုံးတယ် ဆိုတာကိုတော့ ကျမ မသိပါဘူး။ လက်ဖက်ကတော့ ကျမတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအစားအစာတင် မဟုတ်ဘဲ ရိုးရာနတ်တင် ကတော့ပွဲပြင်ရင် လက်ဖက်နဲ့ တင်ရပါတယ်။လက်ဖက်ကို ကြားခံ သံခင်း၊ တမန်ခင်းအဖြစ် အသုံးပြုကြတာ မြန်မာ့ရိုးရာဓလေ့လို ဖြစ်နေပါပြီ။ အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်သည်ကို မွန်မြတ်တဲ့ အစားအစာအဖြစ် လက်ဖက်နဲ့ ဧည့်ခံပါတယ်။

ကျေးလက်တွေမှာ တရားတဘောင်ဖြစ်လို့၊ ပဋိပက္ခဖြစ်လို့ တဖက်နဲ့ တဖက် ကျေအေးချင်လို့ ကျေအေးမယ်ဆိုရင် လက်ဖက်ပွဲ ပြင်သွားကြပါတယ်။ လက်ဖက်ပွဲကို တဖက်လူက ဖွင့်စားတယ်ဆိုရင် အမျက်ပြေ ကျေအေးတယ်လို့ ယူဆပါတယ်။

ဒါ့ကြောင့် ကျမတို့ လက်ဖက်ပွဲကို ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်အမျိုးသားများ စားပြီး ဗမာပြည်သူလူထုကို အမျက်ဖြေကြပါ။ ဒီလက်ဖက်ပွဲကို ကြည့်ရင် လက်ဖက်ပွဲလို့ ထင်ကြမယ်။ ရိုးရိုးလက်ဖက် မဟုတ်ပါဘူး။ လက်ဖက်အသားက ရှမ်းပြည်က ထွက်ပါတယ်။ ကြက်သွန်ကြော်၊ နှမ်း၊ ပဲကြော်က ကျမတို့ အညာမြေလတ်က ထွက်ပါတယ်။ ဒီငြုပ်သီးလေးက နို့ဖိုးဒုက္ခသည်စခန်းက ကရင်အမျိုးသမီးလေးတွေ စိုက်ထားတဲ့ ငြုပ်သီးမို့ ကျမတို့ မျှော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု လက်ဖက်ပွဲဆိုရင် မမှားပါဘူး။

ကရင်အမျိုးသားနေ့ကို ဒုက္ခသည်အဖြစ်နဲ့ ကျင်းပရပေမယ့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး အကြောင်းကို သီဆိုတီးမှုတ် ဖျော်ဖြေသွားကြသူတွေက ရခိုင်အမျိုးသားအဆိုတော်၊ တယောထိုးသူက ချင်းအမျိုးသား၊ ဂစ်တာ ဒရမ်တီးသူတွေက ကရင်အမျိုးသားတွေ တပ်မဟာ ၂၄ က တော်လှန်ရေးသမားများ။ ဗမာ၊ ရခိုင်၊ မွန် အမျိုးသားတွေ ဝိုင်းဝန်းသီဆိုသွားပါတယ်။ သီချင်းသံက စခန်းအတွင်းက ပရိသတ်ပါ အားမာန်တက်ကြွ မြူးခုန်ကြတာ မဟုတ်ပါဘူး။ ကောင်းကင်က လမင်းနဲ့ ကြယ်တွေပါ ကခုန်နေကြတာများ ကြယ်တွေဆိုတာ တဖျပ်ဖျပ်နဲ့။

ခေါင်းဆောင်ဆိုတာ တိုက်ပွဲကြားက ပေါ်ခဲ့တယ်ဆိုတာ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးက သက်သေပြခဲ့ပါပြီ။

ကရင့်အမျိုးသားတွေ ငြိမ်းချမ်းရေးကို လိုချင်ပေမယ့် အခြေအနေက လက်နက်ကိုင် တော်လှန်ရေးကို တွန်းပို့ခဲ့တယ်ဆိုတာကို ကျမတို့ နားလည်ခံစားခဲ့ရတဲ့ နေ့ပါပဲ။

နှင်းပန်းအိမ်၊
mizzima news

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Sunday, February 1, 2009

နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂုဏ်ပြုမှတ်တမ်းဓာတ်ပုံအချို့(၃၁-၁-၀၉)

နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ထိန်းချုပ်ရာ တပ်မဟာ (၇) နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ မဟာမိတ်အင်အားစုများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့က တက်ရောက်ခဲ့ကြသည်။


ကရင့်တော်လှန်ရေးသည် ကရင်လူထုတရပ်လုံးနှင့်အတူ မြန်မာပြည်သူများအားလုံး၏ တော်လှန်ရေးဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကရင်လူထုတရပ်လုံးနှင့် မြန်မာပြည်သူအားလုံး ပူးပေါင်းပြီး နအဖစစ်အာဏာရှင် ပြုတ်ကျရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်သွားရန်ကို တောင်းဆိုကြောင်း ဇိုယာဖန်းက ပြောသည်။

“ကျမတို့တော်လှန်ရေး မအောာင်မြင်သေးတာက ကျမတို့ ညံ့လို့မဟုတ်သလို ရန်သူကတော်နေလို့လည်း မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရော ဒီမိုကရေစီအင်အားစုတွေရော ဒီထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုမယ်ထင်ပါတယ်၊ လူထုတွေကိုလဲ ထိထိရောက်ရောက် စည်းရုံးဖို့လိုတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကိုလဲ ဖိအားပေးဖို့ စည်းရုံးလုပ်ဆောင်ရမယ်” ဟု ၎င်းက ပြောသည်။


ထို့အပြင် ကရင်အမျိုးသားတပ်မတော်မှ စစ်သည်တဦးက “ကရင့်တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ ဘာကြောင့် ကျနော်တို့ မျှော်လင့်ရတာလဲဆိုတော့ စစ်မှန်တဲ့တရားကို ကိုင်စွဲပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွှဲတယ်၊ ကျနော် ကရင်စစ်သားတယောက်အနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးတယ်၊ အမှန်တရားကို ကိုင်စွဲတိုက်ပွဲဝင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

ကရင့်အမျိုးသားတော်လှန်းရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ပြီး တိုင်းရင်းသားတန်းတူညီရေးအတွက် ကရင့်ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူများအတိုင်း ဆက်လက်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Monday, January 26, 2009

မိမိကိုယ်ကို အစပြုပါ

မင်းဘာလူမျိုးလဲ.
ကျွန်တော်ကရင်လူမျိုးပါ.
စကောလား ပိုးလား.
ကျွန်တော် ပိုးကရင်ပါ။
ဒါဆို မင်းပိုးကရင်စကားတတ်မှာပေါ့၊ ရေးကော ရေးတတ်လား။
ထိုမေးခွန်းအတွက်တော့ သွက်လက်စွာ အဖြေပေးဖို့ ကျွန်ုတော့်မှာ အဆင်သင့်မရှိ။
ဒါကြောင့် -ဟင့်အင်း၊ စကားတော့ နဲနဲပြောတတ်တယ်၊ စာကျတော့ အရေးရော အဖတ်ရော မရဘူး-လို့ အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။
တုံ့ဆိုင်း လေးတွဲ့နေတဲ့ ကျွန်တော့်အဖြေအဆုံးမှာ အထင်သေးနေသော မျက်ဝန်းများစွာကို သိမ်ငယ်စွာ ရင်ဆိုင်လိုက်ရသည်။
-မင်းကွာ ကရင်တစ်ယောက်ဖြစ်ပြီး စာလဲမတတ် စကားလဲမတတ်ဆိုတော့ ကရင် အ ပဲကွ ဟားဟား။


နောက်ပြောင်လိုသောစကားလား ချိုးဖဲ့လိုက်သောစကားလား ကျွန်တော်မခွဲခြားနိုင်ခဲ့။
ပိုးကရင်လူမျိုးအများစု ရှိနေသော ဤလုပ်ငန်းခွင်မှာ ပိုးကရင်စာမတတ်သူ ပိုးကရင်စကား မတတ်သူက ကျွန်တော်တစ်ယောက်တည်းမို့ အထင်သေးသော အကြည့်များ ရှုံ့ချလိုသော စကားသံများကို ခံပြင်းခြင်း၊ ၀မ်းနည်းခြင်းများစွာဖြင့် ခံစားလိုက်ရ၏၊ အလုပ်စတင် ၀င်ရောက်တဲ့နေ့မှာပဲ် လူတောမတိုးဝံ့သော ခံစားမှုကို အားငယ်စွာ ခံစားလိုက်ရ၏၊
ရင်မှာ နာကျင်နေသော်လည်း ပြန်လည်ချေပ ပြောဆိုနိုင်ဖို့ စကားများက ကျွန်တော့်မှာမရှိ။
-သူ့ကိုယ်သူ ကရင်တဲ့ကွာ ဟားဟား-
မလှမ်းမကမ်းဆီမှာ ခနဲ့တဲ့တဲ့စကားသံနှင့်အတူ လှောင်ပြောင်ရယ်မောလိုက်သော အသံများက နားစည်အတွင်းသို့ တိုးဝင်လာသည်။ ထောင်းခနဲထွက်လာသော ဒေါသကို အချိနိမှီ မတားဆီးနိုင်ခဲ့။
-ဒီမှာ မင်းတို့က ကိုယ့်လူမျိုးအချင်းချင်း အားနည်းချက်တွေကို ကူညီပေးရမဲ့အစား လှောင်စရာပြောင်စရာလို့ သတ်မှတ်နေကြတယ်၊ ဒါကြောင့်ပဲ ပိုးကရင်ဆိုတဲ့ လူမျိုးစုက တစ်ခြားလူမျိုးစုတွေရဲ့နောက်မှာ တစ်ဖြည်းဖြည်း နောက်ကျကျန်ရစ်ခဲ့ရတာကွ….၊ မင်းတို့လို လူမျိုးတွေကြောင့် ကိုယ့်လူမျိုးအချင်းချင်း ချစ်ခင်သွေးစည်းမှုတွေ မရှိတော့တာ၊ အေး မင်းတို့ကြည့်ထား မင်းတို့လှောင်ပြောင်ခဲ့တဲ့ကောင်က တစ်နေ့မင်းတို့အပေါ်မှာ အစစအရာရာ သာစေရမယ်…၊
ဒေါသသွေးတို့ ဆူပွက်စွာဖြင့် စိတ်ရှိရှိ ပြန်ပြောပစ်လိုက်သည်။ အနီးရှိထိုင်ခုံကို အားရှိပါးရှိ ဆောင့်ကန်ပြီး နေရာမှ နားနေဆောင်သို့ ထွက်လာခဲ့သည်။ ထိုနေ့ တစ်နေ့လုံး အလုပ်ခွင်သို့ မရောက်တော့။
နောက်တစ်နေ့
မနေ့က အရှိန်မပြယ်သေးတာကြောင့် အလုပ်ခွင်ကို ၀င်လာသော ကျွန်တော့်မျက်နှာက မှုန်တေတေနှင့် တင်းမာနေသည်၊ လူအသစ်ဖြစ်နေရတာကတစ်ကြောင်း၊ စကားများထား သောအဖြစ်ကတစ်ကြောင်းမို့ ဘာလုပ်ပြီးဘာကိုင်ရမည်မသိ။ ယောင်လည်လည်ဖြင့် အခန်း ထောင့်တွင် တစ်ယောက်တည်းရပ်နေမိသည်။
-ထောင်ဖန်း .. ဟိုနေ့ကအလုပ်ဝင်လာတဲ့ အသစ်တစ်ယောက်ကို ၀က်ဆီနွှာတာ သွားပြ လိုက်.၊
ဟုတ်ကဲ့ ဆရာမ၊
စားဖိုတာဝန်ခံ ဆရာမ၏စကားအဆုံး ထောင်ဖန်းဆိုသူက ကျွန်တော့်ကို လက်ယပ်ပြီး လှမ်း ခေါ်သည်၊
-ကဲ ဟိုနောက်ဖေး စင်ပေါ်က ဓားမတစ်ချောင်းယူပြီး ငါနဲ့လိုက်ခဲ့-၊
ထောင်ဖန်း ဆိုသူက မျက်နှာချိုပြီး ဆက်ဆံရအဆင်ပြေမယ့် လူတစ်ယောက်ဟု အကဲခပ်မိ သည်။
လာ ညီလေး
သူ့အမူအရာ သူ့စကားသံကို ကြည့်ပြီး ထောင်ဖန်းဆိုတဲ့သူဟာ ယဉ်ကျေးချိုသာပြီး ဆက်ဆံရေးကောင်းမယ့်လူတစ်ယောက်လို့ ကျွန်တော်အကဲခတ်လိုက်သည်။
ဒီဆိုင်မှာ အလုပ်စ၀င်တဲ့သူမှန်သမျှ ၀က်ဆီနွှာ ပေါင်းအိုးဆေးတဲ့ အလုပ်ကို တစ်လလောက် ဦးစွာ လုပ်ရတယ်၊ ဒါကတော့ ထုံးစံပဲ၊
ဟုတ်ကဲ့
ဒါနဲ့ မနေ့က ငါ့ညီနဲ့ အိုင်းဘွားတို့အုပ်စု စကားများကြတယ်ဆို ဟုတ်လား
ဟုတ်တယ် အစ်ကို
မနေ့က အစ်ကိုနားရက်ဆိုတော့ မသိလိုက်ဘူး၊ ဘယ်လိုဖြစ်ကြတာလဲ
သူ့အမေးကြောင့် မနေ့က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်၊
သူတို့က ဒီလိုပါပဲ၊ စိတ်ထဲမှာ မထားနဲ့ အားလုံးက ရိုးသားကြပါတယ်၊ တောက တက်လာကြ တဲ့သူတွေဆိုတော့ စကားအပြောအဆိုမတတ်သေးလို့ပါ၊ နောက်တော့ အဆင်ပြေသွားပါလိမ့်မယ်၊ ၀က်အဆီပေါ်ရှိ အခေါက်ကို နွှာပြရင်း သူက ပြောသည်။
ပြီးတော့ သူက ထပ်ပြောသည်-
-ကရင်တစ်ယောက်ဖြစ်ပြီး စကားလဲမတတ် စာလည်းမတတ်ဆိုတာကတော့ မကောင်းဘူး ငါ့ညီရဲ့၊ တစ်ခုမဟုတ် တစ်ခု ဒါမှမဟုတ် နှစ်ခုစလုံးတတ်တာ ပိုကောင်းတာပေါ့၊ လေ့လာဖို့မမေ့ပါနဲ့ ကိုယ့်လူမျိုးရဲ့ စကားနဲ့စာပေဆိုတာ ကိုယ်တိုင်ထိန်းသိမ်းမှ ကျန်မှာကွ၊
ကဲ ပြတဲ့အတိုင်း ဖြေးဖြေးဆက်လုပ်လိုက်ပါ၊ အစ်ကိုသွားလိုက်အုံးမယ် ဆိုပြီး ထွက်သွားသည်။
ဟုတ်ကဲ့ ကျေးဇူးပါပဲ အစ်ကို
ကိုယ့်လူမျိုးရဲ့ စာပေနဲ့စကားဆိုတာ ကိုယ်ကထိန်းသိမ်းမှ ကျန်မှာကွ ဆိုတဲ့ စကားသံက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပြီး ကျန်ရစ်တော့သည်၊
ကျွန်တော်တို့အိမ်မှာ မောင်နှမတွေဆုံလို့ မြန်မာစကားပြောတဲ့အခါ အဖေက အမြဲသတိပေးဆူတတ်သည်၊ တစ်ခါတစ်လေ စကားကောင်းနေတုန်းမှာ -ဟေ့ကလေးတွေ ကရင်စကားပြော လို့ အဖေကလှမ်းအော်လိုက်ရင် ကျွန်တော်တို့က အဖေ့ကို စိတ်ဆိုးတတ်သေးသည်၊ အဖေက အမြဲပြောတယ် မြန်မာစကားဆိုတာ နိုင်ငံသုံးစကားဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြောလို့ရတယ်တဲ့၊ အိမ်မှာလူဆုံတုန်း ကရင်စကား ကို အမြဲတိုင်းပြောပေးမှ ကိုယ့်ရဲ့မိခင်စကားကို မမေ့မှာပေါ့၊
ကျွန်တော်တို့လည်း လူငယ်တွေ ဆိုတော့ နားမ၀င်ခဲ့ဘူးလေ၊ အခုမှ ကိုယ့်လူမျိုးကြားထဲရောက်ပြီး ကိုယ့်ဘာသာစကားကို မပြောနိုင် မရေးနိုင်တာ အတော်ရှက်မိတယ်။
ကျွန်တော့်စကားကို နားထောင်ရင်း ကိုထောင်ဖန်းက ခေါင်းတစ်ညိတ်ညိတ်နဲ့ ပြုံးပြီး-
ဟုတ်တယ်ငါ့ညီ ဒါတကယ်ရှက်စရာပါ၊ ကိုယ့်မိခင်ဘာသာစကားနဲ့ စာပေကို မတတ်တာ ရှက်စရာအကောင်းဆုံးပဲကွ၊ အခု သဘောပေါက်သွားပြီးဆိုတော့ ပြန်ပြီး ကြိုးစားသင်ယူပေါ့ကွာ လို့ ကျွန်တော့်ကို ပြောပါတယ်၊
ဟုတ်ကဲ့ ကျွန်တော်ပြန်ကြိုးစားလေ့လာပါ့မယ်၊
မသိတာရှိရင် အစ်ကို့ကိုမေးပေါ့ ဟုတ်လား၊ စကားပြောတာကတော့ အလုပ်ထဲမှာလဲ သူများပြောတာကို အသေချာလိုက်မှတ်ရင် တစ်ဖြေးဖြေးနဲ့ ငါ့ညီ ပြောတတ်သွားမှာပါ၊
ဟုတ်ကဲ့ အစ်ကို၊
ကျွန်တော့်ကိုကြည့်ပြီး ကိုထောင်ဖန်း တစ်ယောက် ကျေနပ်စွာ ပြုံပြပြီး ကျွန်တော့်ဖခုံးကို တင်းကြပ်စွာ ဖက်လိုက်သည်။
ငါတို့ စကား ငါတို့စာပေကို ငါတို့ ထိန်းသိမ်းမှ ငါတို့ယဉ်ကျေးမှု ငါတို့လူမျိုး တည်မြဲမှာကွ၊
သူ၏ ထက်သန်စွာ ပြောလိုက်သော စကားသည် ကျွန်တော့်နှလုံးအိမ်မှာ ခိုင်မာစွာ နေရာယူလျှက်။
…………………………….









-စန်းသိမ်ထောင်… နင်အရက်တွေ သောက်တတ်နေပြီဆို
-ဟ ယောက်ျားပဲ အရက်သောက်တတ်တာ ဘာဆန်းလဲ
-လူကိုဖျက် အရက်တဲ့ နင်လဲ ကြားဖူးတာပဲ အကျင့်မလုပ်စမ်းပါနဲ့
-ဟာကွာ.. အလုပ်အားရက်မှာ လာမြည်းမိပါတယ် ဆူဖို့မောင်းဖို့ပဲ သိတယ်၊ နင်လဲ ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကို ပြင်စမ်းပါ၊
-ငါက ကောင်းစေချင်လို့ ပြောတာဟဲ့
အလုပ်အားရက်တစ်ရက်မှာ အရက်သောက်မိလို့ ကျွန်တော်တို့ ချစ်သူနှစ်ဦးစကားများကြသည်၊ ဖြူဖြူက အဲမှာတွင် မရပ်သေး
-နင်တို့လို ပေါပျက်ပျက်ယောက်ျားတွေကြောင့် ကရင်မတွေက ကိုယ့်ကရင်ယောက်ျားတွေကို အားမကိုးရဲတာ၊ တစ်ချို့ အရွယ်က မရောက်ချင်သေးဘူး၊ အရက်ကလေးတမြမြနဲ့၊
-ဟေ့ ဟေ့ မဆိုင်တာတွေ လျှောက်မပြောနဲ့ ကိုယ့်ဘာသာကို တစ်ခြားတွေကို ကြိုက်ချင်တိုင်း ငါတို့ယောက်ျားတွေကို နှိမ့်ချမပြောနဲ့၊
-စမ်းသိမ်းထောင်… နင့်ကို ငါစကားနိုင်လုနေတာမဟုတ်ဘူး၊ အတည်ပြောနေတာ၊
နင်စဉ်းစားကြည့်စမ်း၊ ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီးရွေးချယ်ဖို့ ဘယ်မှာလဲ အရည်ချင်းရှိတဲ့ ကိုယ့်အမျိုးတွေ၊ ကိုယ့်အသိုက်အမြုံ၊ ကိုယ့်ကျင်းထဲမှာပဲ ရောင့်ရဲနေပြီး ဘာမှ တိုးတက်ချင် စိတ်မရှိတဲ့အပြင် အရက်သမားလည်းဖြစ်ဆိုတော့ ပိုဆိုးတယ၊်
စကားလမ်းကြောင်းတွေ ဘယ်လိုကနေဘယ်လိုပြောင်းသွားတယ်မသိ၊ သူမက မျက်နှာမှာ ခံစားချက်အပြည့်နဲ့ ပြောနေသည်။
-ကဲ ထားပါတော့ ဒါပေမယ့် နင်ဝါးလုံးရှည်ကြီးနဲ့တော့ သိမ်းကျုံးပြီး မရမ်းသင့်ပါဘူး၊
-ငါက ၀ါးလုံးရှည်နဲ့ ရမ်းနေတာမဟုတ်ဘူးဟဲ့၊ ဖြစ်နေတာကိုပြောတာ၊ ငါတို့လို မိန်းမသားတွေက ကိုယ့်လူမျိုးထဲကနေ အရည်ချင်းရှိပြီး အားကိုးရမယ့် ယောက်ျားတွေ ရှာဖို့ မလွယ်တော့ဘူး ဒါကိုပဲ နင်ကများ ငါ့ကို ကိုယ့်ကြိုက်ချင်တိုင်း အကြောင်းရှာလျှောက်ပြောတယ်လို့ ပြောချင်သေးတယ်၊
မထင်မှတ်တဲ့ ကျွန်တော့်စကားတစ်ခွန်းက သူမရင်ကို ထိုမျှအထိ ထိခိုက်သွာမယ်ဆိုတာ မထင်မိခဲ့ပါ၊ အခုတော့ ထိုစကားအတွက် နောင်တရပြီး သူမခံစားချက်ကို ကျွန်တော်သဘောပေါက် ကိုယ်ချင်းစာမိသွားသည်၊
-နင် ဘယ်သူ့ကိုမှ မကြည့်နဲ့ ငါ့အဖေကိုပဲကြည့်၊ သူအရက်မသောက်တတ်ခင်တုန်းက ငါတို့ မိသားစု ဘယ်လောက်သာယာခဲ့သလဲ၊ အခု နင့်အမြင်ပဲလေ၊ တစ်ချိန်လုံး အရက်ကိုပဲ ဖက်တွယ်နေတာ၊ မိသားစု အပေါ် ဘယ်နှစ်ခါများ ပြန်ပြီး ဂရုစိုက်နိုင်လို့လဲ၊ နင်လဲ ဒီလိုပုံပဲဖြစ်လာပြီး ရှေ့လျှောက် နင့်ကို အားကိုးဖို့ ငါဘယ်လို စဉ်းစားရမလဲ၊
နောက်ဆုံး စကားတစ်လုံးကတော့ ကျွန်တော့်ရင်ကို ဖောက်ထုတ်မတတ် နာကျင်စွာ ခံစားလိုက်ရသည်။
-တောင်းပန်ပါတယ် ဖြူရယ်၊ ငါနင့်ကို တောင်းပန်ပါတယ်၊ တစ်ချိန်မှာ နင်အားကိုးရမယ့် အိမ်ထောင်ဦးစီး ယောက်ျားကောင်းတစ်ယောက်ဖြစ်စေရမယ်လို့ ငါနင့်ကို ခိုင်ခိုင်မာမာကတိ ပေးပါတယ်၊ နင်ယုံကြည်လိုက်ပါနော်၊
သူမလက်ဖ၀ါးနုနုကိုဆုပ်ကိုင်ပြီး ကျွန်တော်ခိုင်မာစွာ ကတိစကားပေးလိုက်တော့ ၀မ်းသာကြည်နူးစွာ ၀င်လက်သွားသော ချစ်သူမျက်နှာကို ငုံ့ကြည့်ပြီး
-နင့်ကို ငါယုံကြည်ပါရစေ စမ်းသိမ်းထောင်ရယ်-
ပခုံးထက်မှီခိုရင်း ဖြူဖြူက ဆို့နင့်စွာ ပြောရှာသည်။
-အခုကစပြီးယုံကြည်လိုက်ပါ၊ တစ်သက်လုံးစာအတွက် ယုံကြည်လိုက်ပါ ဖြူဖြူ၊

ကျွန်တော်လည်း အလေးအနက် ပြန်စဉ်းစားလိုက်တော့ မိမိလူမျိုး၏ စာပေ၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို မြတ်နိုးချစ်ခင်သော ကိုထောင်ဖန်း၊ မိမိလူမျိုးကို တိုးတက်မြင့်မားစေချင် သော ကျွန်တော့်ချစ်သူ၊
မိမိလူမျိး ယဉ်ကျေးမှုနဲ့ စာပေကို မသိခဲ့သောကျွန်တော်၊ မိမိလူမျိုးက မိမိကို အားကိုးချင်စိတ် ရှိအောင် မစွမ်းဆောင်နိုင်သေးသည့်ကျွန်တော်၊
မိမိချစ်သူက မိမိကို အားကိုးချင်သလို အခြားသော ကရင်အမျိုးသမီးများသည်လည်း မိမိလူမျိုးချင်းကို အားကိုးချင်စိတ်ရှိမည်မှာမလွဲ…
အခြားကရင်အမျိုးသားများသည်လည်း သူမက မိမိအပေါ် ပြောခဲ့သလို အမှန်တကယ်ပင် အားကိုးချင်စရာမရှိလောက်အောင် မိမိလူမျိုး ယောက်ျားလေးများ အရည်ချင်းနိမ့်ပါးကုန်ပြီလော..စသည် စသည်
မေးခွန်းပေါင်းများစွာက ရင်ထဲ ပြည့်သိပ်လာသည်။
ကျွန်တော်ဘာလုပ်ရမလဲ…
ကျွန်တော့်လူမျိုး
ကျွန်တော့်စာပေ
ကျွန်တော့်ယဉ်ကျေးမှု
ကျွန်တော့်ချစ်သူအတွက်..
ဦးဆုံး သူများတကာကို မပြောခင် မတိုက်တွန်းခင် ကျွန်တော့်ကိုယ်ကျွန်တော် ပြင်ဆင်ရအုံးမည်၊
ထို့နောက်မှ ကျွန်တော့်လူမျိုးများကို တိုက်တွန်းရမည်ဟု အခိုင်အမာဆုံးဖြတ်ချက်ချပြီး ….
ကျွန်တော့်အိပ်ရာခေါင်းရင်းမှာ စာတစ်ကြောင်း ရေးသားလိုက်သည်၊
မိမိကိုယ်ကို အစပြုပါ-ဟူ၍…။



ရေးသားသူ- သီအိုရို
မှတ်ချက်= အသုံးနှုန်းအထားသို အနည်းငယ်ပြင်ဆင်ထားရုံကလွဲပြီး ရေးသားသူ၏ဇာတ်လမ်းအတိုင်းဖြစ်သည်။
မူရင်း. ၂၀၀၆ခုနှစ်ထုတ်ဝေသော ပိုးကရင်မဂ္ဂဇင်း။

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Thursday, January 22, 2009




ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း

ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွား

လူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။
ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။
ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။
ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။
ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။



မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိ

ကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။
ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။
မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။


ကရင်သက္ကရာဇ်ရေတွက်ခြင်း

ဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။
သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။


ကရင်ဟု ခေါ်တွင်ခြင်း

ကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။
အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။
အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။
ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။
အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။
ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။
မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။
သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။

စရှောင်ဖန်း(အင်းစိန်)
၂၀၀၆-ထုတ် ပိုးကရင်မဂ္ဂဇင်းမှ

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Sunday, December 28, 2008

Karen New Year Celebration in Korea



Karen ethnic people from Myanmar/Burma, now residing in South Korea as expatriates and refugees, today hold celebrations to mark their traditional New Year.

reported by Salai Kyaw Kyaw

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

ကရင်ရိုးရာတစ်မျိုးဖြစ်တဲ့ ၀ါးညှပ်အက

Watch more MySpace videos on AOL Video

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Tuesday, December 23, 2008

Merry Christma!


Christmas, also called Christmas Day, is an annual holiday that is celebrated as the birthday of Jesus Christ-the founder of Christianity. The Christmas day is chiefly marked every year on 25th December by the Christians but the festival of Christmas conveys the message of affection, peace, brotherhood and fraternity among all so it transcends the barricades of color, caste and creeds and celebrated by non-Christians as well, all over the world.

The fun, gaiety, joy and excitement associated with Christmas has made it a social-cultural festival which is observed with special prayers, Church celebrations, family get-together, gifts giving, adorning the homes with beautiful decoratives, lights, stars, Christmas Tree. Santa Claus, also called Father Christmas, is an integral part of Christmas celebrations who is loved by all, specially children, and brings gifts in his red sack on the day of Christmas.

History of Christmas
Historians claim that the first celebration of Christmas happened in Rome in 336 A.D. Early Romans, however, could not profess their religion openly as Christianity had grown up in blood and tears in Rome. It was only after the conversion of Emperor Constantine to Christianity in 4th century A.D that the religion came to be followed by vast masses of humanity. This community then felt the need to celebrate the birth of Christ as a festival. But different groups had been celebrating Jesus's birth on different dates like 6th January, 19th April, 20th May, 17th November, 25th December. By the 5th century A.D. 25th December got accepted as the most suitable date in the Western World and gradually the Eastern Churches fell in line with the west.




ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Sunday, December 21, 2008

Karen New Year 's Speech by Saw Aung Khin in 1998

Happy New Year to you all.

It is a great honor and pleasure for me to speak at our Karen New Year Day. This is the
second time I have celebrated Karen New Year with my brothers and sisters in Vancouver B C. First of all I thank the Karen community here for let me speak at this important occasion of our Karen New Year. Last year I shared about my experience how I celebrated Karen New Year in my boyhood till I have become grown up man. This time Iwould like to stress the importance of maintaining our Karen culture andheritage. As different ethnic people has their own culture and heritage, our Karen people are also unique and have our own culture and heritage. Had it not been for the Karen community in Vancouver B C, we will not be able to celebrate Karen New Year to day with Karen musics and dances which reflect our Karen culture and heritage.

Thank you so much for maintaining our Karen culture and heritage. To maintain our culture and heritage, we have to learn own language and literature. With out learning our written language and literature, we will not be able to maintain and up keep our culture and tradition. With out
knowing our written language, it will be very hard to learn our history. When I was in school we learn Burmese History from Middle School through High School and I have not come across the words " Karen or Kayin" in the text book although Karen people are the second largest minority in the country. From then I do believe that the word Karen was not included in the History text book, because we Karen people did not have written language of our own during the Burmese Monarchy days. Thank God , during the British colonial Rule The American Missionaries who came to Burma introduced Karen alphabet, probably borrowed from Burmese alphabets, and from then on we have our own written language and literature. In Burma, not long after the Military took over the country all schools were nationalized and all ethnic minority languages were not allowed to be taught in the school any more. Only minority people who live in resistant group areas have the opportunity to learn their own language. When the Mon resistant group signed cease fire agreement with the Military Regime, they were promised to established Mon National School, but later the Regime broke its promise and ordered all Mon National School to be closed. In Chin State in remote Chin hills where there is no school, villagers hire their own teachers and established primary School. Those schools were also closed by the Military Regime. So in Burma, ethnic minority people who live within the control of the Military Government do not have the chance for their children to learn their own language. Now let me share about my family and my children. My children were born in Burma during the Burma Military Regime and they do not have the chance to learn their own language. They can not read and write Karen. I also partly blame myself for not being so enthusiastic at that time as I am now. If you do not know Karen written language, how can you maintain Karen culture and heritage! At present we have small Karen community in Vancouver B C and it is not easy to build a school so that we can teach our children our culture and tradition. Never the less we can do so in Church and Monastery where we go for worshiping. I believe that if we set aside one hour or so a week and teach our children their written language and heritage, it will be wonderful to inherit our children with our precious Karen culture and heritage. Besides, Vancouver Karen community is blessed
with two wonderful teachers. One is Sgaw Karen teacher thramu Naw Loo Lu and the other is Pwo Karen teacher none other than Naw Loo Lu's beloved
husband thra Aung Mya Thein. There are only two major Karen languages and you have it all.
In conclusion, I would like to thank Vancouver Karen community, visitors and friends alike who come and join us in celebration of our Karen New Year. My special thanks to those who worked very hard last night to prepare food and those who practice so hard for musics and dances to make our Karen New Year celebration possible.

Thank you very much again and God Bless you all.


Saw Aung Khin.

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Saturday, December 20, 2008

နှစ်သစ်ကူးဆုတောင်း


ပြာသိုလမှာ နှင်းမှုံဖြာဆင်း
လယ်ယာလုပ်ခွင် ကင်းရှင်းစင်၍
ကြယ်စင်လင်းလက် အာကာထက်၊

စောင်းကောက်ခတ်သံ မိုးထက်ယံကြား
ဆိုဟန်မြူးလှ ကဟန်ကြွသည့်
ခန့်ထည်အစဉ် ဇွဲကပင်။

ပိန်းဥမျှစ်ချဉ် ခရုဖင်ချွန်
ဘိုးစဉ်ဘောင်ဆက် မူမပျက်ရေး
လက်စုံလွေးမြဲ ကောက်သစ်ပွဲ။

နှင်းပန်းမွှေးကြိုင် နှစ်သစ်တိုင်တော့
ခွေယိုင်ညစ်ထွေး စိတ်ယုတ်ဘေးထုတ်
အတွေးနုတ်တွေ ပျောက်ကြစေ။


ပြာသိုလဆန်းတစ်ရက်နေ့မှာ ကျရောက်မည့်
၂၇၄၈-ခု
ကရင်နှစ်သစ်ကူးအတွက် ကြိုဆိုလျှက်--

မင်းစိုးစံ(အဝေးရောက်ကရင်ဒုက္ခသည်တဦး)
Minnesota, USA.

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

ဏိင်းထင်းသ၀့်လိက်လ်ုမံင်.



ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Thursday, December 18, 2008

သူကနေပြည်တော်ကို ရောက်နေတယ်ဆိုပဲ



စိတ်ဝင်စားစရာဖြစ်နေပါတယ်၊ နောက်ဆက်တွဲသတင်းများကို စောင့်မျှော်နားထောင်နေကြပါတယ်

။

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Saturday, December 13, 2008

မေးခွန်း

သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်း
ငါရည်မှန်းထားတဲ့တစ်စုံတစ်ရာ
အသေအချာရှိနေတယ်။
သံလိုက်အိမ်မြောင်ကစုတ်ပဲ့
တက်မပါ ရွက်ဗလာ
ပဲ့ဆိုတာနတ္ထိ ဆွေးမြိမြိနံဘေး
စုတ်ခြာတဲ့လှေလေးကိုအားပြု
ထုထည်ကြီးမားတဲ့ သမုဒ္ဒရာရဲ့လှိုင်းထုကို
ဇရာအိုစပြုနေတဲ့ငါ အံတုနိုင်မှာတဲ့လား။

ကမ်းမမြင်လမ်းမမြင် လှိုင်းကြမ်းလေဆင်
မုန်တိုင်းဝင်နေတဲ့ ပင်လယ်ပြင်ထဲ
ရဲရဲတောက်ဇွဲသတ္တိနဲ့ မျိုးဆက်သစ်တို့ ခရီးဆက်နိုင်ဖို့အရေး
အရည်သွေးကောင်းတဲ့ လှေတစ်စင်းစာအတွက်-

ငါဘာလုပ်ခဲ့သလဲ
ငါဘာလုပ်နေလဲ
ငါဘာဆက်လုပ်မှာလဲ

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး
Minnesota, USA

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Saturday, October 4, 2008

Tuesday, September 9, 2008

DEMOCRACY AROUND THE WORLD

India
Nonviolent resistance to British colonialism led by Mohandas (Mahatma) Gandhi and Jawaharlal Nehru brought independence to India in 1947. Its 1950 constitution, with 395 articles, is the longest written constitution of any independent nation. Over the past six decades, Indian democracy has weathered several bouts of sectarian violence and the country has remained unified.

In 2004, the Indian National Congress Party (INC) and its allies won an unexpected victory in the general election, defeating the National Democratic Alliance led by the Bharatiya Janata Party (BJP).

See "India's Democracy Has Many Voices."

Government
Executive -- India's executive branch is headed by a president and a prime minister.

• President Pratibha Patil, India’s first woman president, was elected by India’s Parliament and state legislatures to a five-year term in 2007.

• Prime Minister Manmohan Singh, India’s first Sikh prime minister, was appointed in 2004 after his INC Party led a coalition of political forces to an unexpected victory in legislative elections.

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Saturday, September 6, 2008

ယု


ယ်ုဏင့်ဆာ. ယ်ုအဲဟှးဟှဝ်၊
ယ်ုဆိုဒ်ဏှ် ယ်ုအဲဝေ့ဍ၀်၊
ယ်ုထူရူ့ ယ်ုအဲတ၀်တ၀်၊
ယ်ုဆ်ုခႜာင် ယ်ုအဲယ်ုလ၀်၊
ယ်ုလိက်ဏှ် ယ်ုအဲယ်ုပ၀်.၊
ယ်ုထီ့ခါန်. ယ်ုအဲလုက်က၀်၊
ယ်ုထီသိုဝ် ယ်ုအ‎ဲသၞ၀့်။

ဏင့်ဆာ.- ဆိုဒ်- ထူရူ- ဆ်ုခႜာင်၊
လိက်-ထီ့ခါန်.-ထီသိုဝ် နိုဲစာင်၊
ဟ်ုမာဆိုင်္ဘေ့မ်ုဍုဂ်ပါင်၊
ပညာ့ဃှေံ ဏှ် ဟု္ဘးကႜာင်၊
ဆံင်းမံင်းထာင် စှ်ဆံင်းမံင်းထာင်၊
စှ်ဆံင့်မံင်း ယောဝ်လာ.အေယာင်၊
္ဘးဍံင်ဟ်ုထင်း ခေါဟ်လံင်္ဘႜာင်၊
ခေါဟ်လံင်ဍောဟ် အှ်ဝေ့နိုဲစာင်၊
ထင်းထံင်ဍင်ဍီး ဍးစိုဝ်ယာင်။




´ဆ်ုယ၀်ခါ့´

ဆ်ုယ၀်ခါ့ခေါဝ်.အုဂ်၊
ခေါဝ်.သိုဲ့ထင်းဟ်ုလံင်္ဘုဂ်၊
လီဟွယ့္ပ် သူးသူး၊
လင်အှ်ကွယ် သိင်းလာယှူး၊
သင့်၀၀်ဖေါဟ် ဟှင်းကိုဝ်၊
လ်ုသိင်းခီ့ ယ်ုဟှိုင့်စိုဝ်၊
ကႜင်ကႜာင်းဖ၀့်္ဘင်ဖါင်း၊
နိုင်မိုင့်ထင်း ဟ်ုသာစာင်း၊
က်ုတုဂ်စိုဲ ဟ်ုစာ်၊
ထီ့လ်ုအှ် ကၞာ့သာ်၊
ယးအှ်ကုံ လ်ုနံင်း၊
မႝီဟ်သီး လင်အင်းကံင်း၊
ဍောဟ်အင်းခႜံင် ခွိက်ယှး၊
ဆင်းသြုဂ် အင်းခွယ်ပျ၊
ဆေ၀်ဍေဖႜာင် သာအင်း၊
သီ့လင်ထုက် ယး္ဘးယှင်း။






မာလုက်ဝယ်

ဖႜုံဖေါဟ်လ်ုဝီ.
ထုင်းလီ.ထုင်းထာင်
အးစာင္အးဖႜဳံ
လ်ုကံင်.ဆ်ုမာ
လုက်ခႜာလင်္ဘိုင်
ဍးလိုင်လ်ုယ၀့်
ပ၀်.သ၀့်ထၝံင့်
လံင့်ကံင်လုက်ခေႜ
လ်ုကေ၀်ဍေလိက်
လင်္ဘိက်လုဂ်ခႜာ ဏိင်းလ်ုယာ။
ပု္ဘိုဝ်ဏါင်းယိုဝ်
ဍးစိုဝ်လင်.ခါင့်
သာဟှာင့်စွးတယ်
ဖုက်ဖယ်ဏံင်သာ
ဆ်ုမာပ္တံင်
ကေ၀်ဟှံင်လိက်လဲာ
တ်ုကႜယ်ဍောဟ်လင် ဃှူ့ဃှင်မာလောဟ်ဖႜုံယှင်ဖေါဟ်။




ဖံင်းပႝာ.မိင်

ဖံင်းပႝာ.မိင် မ်ုလောဟ်ကိုဲ
ဖေါဟ်သးကိုဝ်ဟှာဍေ။
အှ်ကုံထောဝ်ခါင့်မွဲာဝှ၀ှ၊
ကုိ၀္ဟွာခါခႜိက္ပ်။
စာင်းလင့်ဝေ့ဖ၀်.ဍေမ်ုဖံင်း
ဖေါဟ်သးယှောတ်မေံကံင်း။
သ၀့်မာတယ်ဝေ့ ပီပူပါ၊
ကျုဂ်လေံ ဍေကိုဝ်ယှာ။
ဖေါဟ်သးဟှင်ပေ၀့်ဟှာင်လ်ုထိုင့်
ကျုဂ်လေံပါကိုဝ်ဖိုင့်။
ဖေါဟ်သးလုက်ဆိင့်္ဘးထုင်ကျာ
ထီ့ဖါ.ကျုဂ်လင်သာ။
နိုင်ဖ၀်.နိုင်ဖ၀်.ဍေဖ်ုအ၀်
ကိုဝ်ပါင်သုဂ်ယှဝ်ယှဝ်။




ဆိုဒ်ဆတၞိုင့် ဟှးသးအေခိုင့်

၁။ စှ်သာလုက်ခေႜ ထီ့ခါန်ပြေဏှ်၊
ဖံင်ဖေႜ္ဘးသာ ကုက်ကိုဝ်ဟှာလှ်။
ဟှေဝ်အွာဆိုဒ်ဆ ဖံင်ဖေႜ၀်္ဘးဏှ်
ဏေ၀.်္ဘးလ်ုဖိုင့် ဖံင်းအေခိုင့်ဟှဟ်။
ပ်ုလိုင့်အးဖႜံင် အေဍးခံင်ဍ၀်
လံင့်ကံင်ကိုဝ်္ဘႜင် ခိုဝ်ပ်ုဍင်လ။
ဃှူဃှင်မူးခွါ့ မွဲာတုင်.ဆာ့ခ၀့်
လ်ုယာ့တ်ာခေါဟ် ဆိုဒ်ဖႜုံဖေါဟ်သီး
ပါဍောဟ်ယုဂ်ယာန်း္ဘးတုင်ယှင်းလှ်။
မူ.ထင်းလေင်.၀၀် ထာင်အးထ၀်ဏှ်
ဆေ၀်ယှဝ်.၀ါဖႜင် လ်ုမုဂ်ဍင်ဏှ်
ဖိုင့်ဃှင်ဖံင်းထး အေခိုင့်ဟှဟ်။

၂။ အှ်ပါမုက်ကိုဲ မာလာ ဃှေဝ်ဟှဟ်
လုက်ခေႜစှ်သာ လိက်ဟှေဝ်အွာအှ်
အးဖါအးစိင် ထံင်လုက်ကႜိင်ဏှ်
ကိုဝ်မိင်မာလောဟ် သှေ်အေဍောဟ်ထ၀့်
တ်ာခေါဟ်ဍုဂ်ပါင် ဖႜံင်အးစိုင်ယ၀့်။
္ဘုဂ်ယာင်မိင်ဖႜဟ် ပညာ့ အှ်ဍ၀်
ယှူး္ဘှ်ဍေကျိုင် ဆ်ုဟှယ့်ပြိုင့်သီး
ဖႜံင့္နဳိင္အးဆင့္ ဖႜာဲသယ္ဃွင့္အး
ဍုံဌာန့်ဆ်ုမာ ဆိုဒ်ဟှင်.ခႜာခ၀့်
ထ႟ာေဖွ္ကဲ ဖႜံင့္ဟွးဖႜဲယ၀့္
ဍုဂ်ဏဲလ၀်လင် ပညာ့ဖါန်ဏှ်
အး္ဘႜင်ဖံင်းထး ကိုဝ်ဖိုင့်ဟှဟ်။

၃။္ဘှ််လာ.ထုက်သဲို့ အင်းကုဂ်ဃှဲိုဏှ်
ဍောဟ်ပြေဖုက်ကႜံင် သြုက်ထံင်သီး
ပ္တံင်တာင်ဝယ် ကဲဖုက်ဖယ်လှ်။
ကးဟှယ်လ်ုဖႜဟ်္ဘေ့သာအှ်ဍ၀်
ဍောဟ်ထ၀့်ဆ်ုမာ ဆိုဒ်ဟှာင်.ခႜ္ဘာ၀့်
ဟှေဝ်အွာကိုဝ်စာင် တာင်ဍုဂ်ပါင်ယ၀့်
လေ၀်ထာင်လ်ုကး ထီသိုဝ်အးလ၀် ဆ်ုဍးအဲကဲု
္ဘေ့ဖေါဟ်လီဟှဟ် သီ့ကႜီယောဝ်.ဆိုင်
လ်ုလုက်ုလိုင်ဏယ့် လုက်ဖိုင်မိင်ဖႜဟ်
ယှူး္ဘှ်ကိုဝ်္ဘႜင် ထုက်ကောဝ်ကြင်လှ်
သာယင်သံင်းထ လ၀်ဟှိုင့်လှ်။

စ၀်အဲဆိုဒ်

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Friday, September 5, 2008

Rifts behind Thailand's political crisis

It has been nearly two years since an unexpected military coup deposed then-Prime Minister Thaksin Shinawatra and appeared to freeze Thailand's democratic evolution in its tracks.

The country has experienced 15 months of benign military rule, the drafting of a new constitution, and a general election which returned a party run by Mr Thaksin's allies to office.

Yet there is still a sense of unending crisis, of a country still deeply polarised over the former prime minister and his attempts to transform Thailand.

The occupation of the main government offices in central Bangkok this week by protesters from the People's Alliance for Democracy (PAD) has underscored just how difficult it is to end this turbulence.

Thaksin's critics

The PAD first emerged in September 2005. At the time it was a largely personal crusade by maverick media mogul Sondhi Limtongkul, once a passionate Thaksin supporter who turned on his former mentor after feeling abandoned when his business went bankrupt.

But it picked up momentum at the end of that year as public unease grew over the tax-free sale of the Shinawatra family telecoms business for an estimated $2bn (£1bn) and escalated into a movement that helped bring the seemingly impregnable Thaksin administration down.

Most Thais probably thought that was the last they would see of the PAD.
A tank on a highway in Bangkok, on 25 September 2006
The PAD was behind the street protests that preceded the coup in 2006

But in May this year the movement reformed, starting a series of boisterous demonstrations that have periodically brought central Bangkok to a halt.

There are a number of factors that explain why this happened.

Firstly, the key PAD leaders, in particular Sondhi Limthongkul and Chamlong Srimuang, an ascetic former military general and mayor of Bangkok who played a key role in the anti-government protests back in 1992, remained virulently opposed to allowing any of Mr Thaksin's associates a role in government.

They rejected last December's election victory by the pro-Thaksin People's Power Party (PPP), arguing it was achieved by vote-buying (the impartial Election Commission contradicts this view).


Samak Sundaravej has proved surprisingly skilful in handling the challenge from the PAD, despite a series of verbal gaffes early on in his term

They have now refined their argument to propose rural voters in Thailand are too poorly educated to be allowed to elect a parliament, and that it should be a largely appointed body instead.

The PAD has also ridden a national wave of anxiety over the future of the monarchy, once 80-year-old King Bhumibol Adulyadej is no longer on the scene.

Its supporters believe Mr Thaksin and the PPP have a republican agenda - hence the sea of yellow shirts seen at PAD rallies, yellow being the colour associated with the king.

Government bungles

Secondly, Thaksin Shinawatra made a triumphant return to Thailand in February. He insisted he had abandoned any political ambition, but few believed him, and he was widely assumed to be funding and influencing the governing party.

Although banned from holding political office for five years, with his own party in government many Thais assumed he would find a way to overturn the ban, and dismiss various charges of corruption and abuse of power that were pending against him.
File image of Prime Minister Samak Sundaravej
The PAD accuse Prime Minister Samak Sundaravej of incompetence

Thirdly, the government of Samak Sundaravej bungled its first months in office, and provoked fears that it was more concerned with helping Mr Thaksin than sorting out the country's other problems.

Its attempt to revise the military-drafted constitution was the spark that brought the PAD out on the streets in May. They feared constitutional amendments might offer a legal justification for throwing out the charges against Mr Thaksin.

The PAD also accused the government of being corrupt, incompetent and authoritarian.

When the government agreed to support Cambodia's bid to have a disputed temple on their common border listed as a World Heritage Site, the PAD saw this as selling out Thai sovereignty for Mr Thaksin's business interests in Cambodia. The resulting row forced the foreign minister, who had once been Mr Thaksin's lawyer, to resign.

Skillful handling

However developments in recent weeks have undermined the PAD's claims.

The government backed away from changing the constitution, although it still says it wants to do this. It allowed a no-confidence debate in parliament.

Then the legal cases against Mr Thaksin started moving with surprising speed and vigour. His lawyers were jailed for contempt of court. His wife was sentenced to three years in prison for tax evasion. Reading the signs, the family moved back into exile in Britain.

Samak Sundaravej has proved surprisingly skilful in handling the challenge from the PAD, despite a series of verbal gaffes early on in his term.

He has built a close relationship with the military, in particular with army commander General Anupong Paochinda and General Prayuth Chanocha, the commander of the crucial First Amy Division, based in Bangkok.

The support of these two men would be crucial for any military challenge to the government.

In addition, both are known as staunchly loyal to the monarchy, helping burnish Mr Samak's own royalist credentials. Mr Samak has listened to the police, the army, and most importantly, the king, and handled the protests with restraint.

By contrast the PAD now appears to have overplayed its hand. Mr Sondhi and Mr Chamlong have both called this a last-ditch attempt to overthrow the government, and their actions smack of desperation. Many Thais who once sympathised with the PAD have now turned against it.

The atmosphere in Bangkok, though, remains charged and volatile. The PAD is well-funded, and is believed to have support in some very high circles, including factions of the military.

The rifts which opened up at the start of this decade, when Thaksin Shinawatra worked out how to win unbeatable parliamentary majorities, and then used them to drive through his ambitious and controversial policies, are still wide open.


ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...