Sunday, July 6, 2008

သာသီ့လင်မာ.ပ်ုလ၀်

KNU ဘာလဲ
ကရင်အမျိုးအသားအစည်းအရုံး(KNU)ဟာ စစ်အစိုးရနဲ့ အပစ်အခတ်မရပ်သေးတဲ့ သူပုန်အဖွဲ့တွေထဲမှာ အကြီးဆုံး အဖွဲ့ပဲ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက မဟာမိတ်ကြီးအဖြစ် လေးစားရတဲ့၊ အားကိုးရတဲ့ အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မြန်မာစစ်အစိုးရကို ပုန်ကန်ခဲ့တာ နှစ်ပေါင်း ၆၀ ရှိပါပြီ။ သိပ်မကြာသေးခင်ကပဲ စောဘိုမြ၊ ပဒိုမန်းရှာ၊ စောဘသင်စိန် စတဲ့ KNU ခေါင်းဆောင်တွေ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားပါတယ်။ လက်ရှိအခြေအနေမှာ အင်အား ကြီးမားလှတဲ့ ဒီအဖွဲ့ကြီး တဖြည်းဖြည်း ချိနဲ့လာတာ တွေ့ရမှာပါ။

ဒီလို အားနည်းလာရတာဟာ နာမည်ကျော် ခေါင်းဆောင်ကြီးတွေ ကွယ်လွန်သွားလို့ မဟုတ်ပါဘူး။ စစ်အစိုးရက KNU နယ်မြေတွေကို နည်းမျိုးစုံနဲ့ သိမ်းပိုက်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်း KNUရဲ့ အောက်ခြေနဲ့ အလယ်အလတ်အဆင့် စစ်ရေးခေါင်းဆောင် အများအပြားကို စစ်အစိုးရက စီးပွားရေးလုပ်ပိုင်ခွင့်မက်လုံးတွေ ပေးပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

No comments: