Thursday, August 28, 2008

An Obama-Biden Foreign Policy

Barack Obama, we are told, chose Joe Biden to be his running mate because he needed an older man, more experienced in foreign policy, to fill the gaps in his resume and reassure American voters that the United States would be safe under an Obama presidency. That’s true, but it is assumed that he also chose him because Biden’s views on foreign policy are not radically different from his own. Since American foreign policy still affects almost everybody in the world, that makes Biden’s views very interesting.

Joe Biden, now 65, has been a senator since he was 29. For almost half that time he has been a member of the Senate Foreign Relations Committee, which he now heads. He has been around long enough to leave plenty of evidence about his view and his reflexes, and it is safe to say that he qualifies as a liberal interventionist (or, as they say on the other side of the Atlantic, a liberal imperialist). He has never met an international problem that he didn’t think the US should help to solve.

Unlike the neo-conservatives, who are brothers under the skin to the liberal interventionists, Biden does not believe that every problem in the world can be solved by the application of US military power, but he does think that many of them can. He backed the US military intervention in Bosnia, the bombing of Serbia during the Kosovo crisis, the invasion of Afghanistan after 9/11, and the invasion of Iraq (although he subsequently had the grace to admit he was wrong and apologise for that).

Indeed, the Democratic vice-presidential candidate has even called for the use of US troops in Sudan, unilaterally if necessary. He would doubtless agree with Obama’s famous remark (over Iraq) that he was not against all wars, just against dumb ones – but Biden’s criteria for which wars are dumb wars are not very discriminating. A unilateral US military intervention in Sudan would make the Iraq fiasco look like a wise act of statesmanship.

On larger issues, by contrast, Biden has usually been a voice of moderation among the chorus of Democratic hawks vying to outdo their Republican colleagues in their hostility to Russia and their enthusiasm for the "war on terror." He did support the expansion of NATO right up to Russia’s frontiers (and visited Georgia immediately after the recent fighting), but he has resisted the temptation to paint Russia as the Soviet Union in sheep’s clothing. And his contempt for the "war on terror" has been consistent and exemplary.

"Terror is a tactic," Biden has said. "Terror is not a philosophy." It is a mantra that everybody in US politics should be required to chant each morning before work, even if it is slightly inaccurate. ("Terror" is actually an emotion. "Terrorism," however, is a tactic – a political tool or technique, more precisely – that can be used in support of a wide variety of causes. It is as misleading to declare war on terrorism as it would be to declare war on propaganda.)

Knowing this has enabled Biden to concentrate (most of the time, at least) on the need to eliminate the particular groups of terrorists that had attacked the United States, who were mostly located in Afghanistan and Pakistan. When he briefly supported the invasion of Iraq, he did not do so out of an ignorant belief that Saddam Hussein had links with those terrorists. It was his liberal interventionism that drove his decision, combined with a naive belief that the US intelligence services would not bend the evidence on Iraq’s alleged weapons of mass destruction to serve the president’s purposes.

So that is Joe Biden’s take on foreign policy, and it probably isn’t vastly different from Barack Obama’s. The difference lies mostly in the "experience" factor, which tells you all you needed to know about the value of experience in these matters. It is Biden’s long residence at the heart of the Washington political/military/intelligence machine that makes him such a conventional character.

All that stuff about Obama being "not ready to lead" is simply a coded warning that he might not lead in the time-honoured, conventional way. John McCain certainly would, and so would have Hillary Clinton if she had won the Democratic nomination The selection of Joe Biden as his running mate is intended to allay those fears by linking Obama to someone who is deeply embedded in the conventional wisdom, but it doesn’t actually prove that Obama is too.

There is still room for suspicion that Barack Obama harbours a secret desire to lead move American foreign policy in a quite different direction, away from the traditional great-power realpolitik and the occasional forays into liberal interventionism. That would probably appal Biden, and it would horrify the rest of the Washington establishment.

Vice-presidents don’t have a veto, so the choice of Biden poses no problem there. But the Washington establishment probably does have a veto, so whatever Obama intends, Biden will not be disappointed by the outcome.

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

ဖႜုံဖေါဟ်ထာ်္ဘံင်

ဆိုဒ်ဖေါဟ်ဖႜုံယိုဝ် ထာ်္ဘံင်အိုဝ်ဏှ်
ဏဲစိုဝ်မ်ုလ၀် လ်ုကောဝ်ဒှ်ခါ့
အှ်ထ၀့်ခေါဟ်လံင် မွဲာထာ်္ဘံင်အှ်
အ်ုဖႜံင်လ၀်ထာင် ယှာ.ဆ်ုခႜါင်္ဘ၀့်
လ်ုစာင်မောဝ်ခေါဟ် ဖႜုံဆိုဒ်ဖေါဟ်လ၀့်
ပါဍောဟ်မောဝ်.စွး မွဲာဝေ့အးဍ၀်
လ်ုဖးမုဂ်္ဘျာ ထူရူ့ခႜာဏှ်
္ဘးမာမောဝ်.ထာ် မွဲာကိုဝ်.္ဘႜာ်လှ်။
အှ်ဍ်ာလုထ၀် ကိုဝ်ဆ်ုယ၀်ဟှဟ်
အင်းအ၀်ခါစွး ဆိုဒ်လ်ုဖးခ၀့်
မ္ဘဲွားစာင်းလင် ခေါဟ်လံင်ဆင်ဖ၀့်
ထံင်ပြင်ပ္တီ လ်ုကောဝ်္ဘီထ၀့်
ကိုဝ်.ဏီစာင်းဟှာ သီ့ဃှဲုးအွာဏှ်
ဝီးလာယှုဂ်ဖေႜ၀်. သာမဲဆေ၀်လှ်။
မာဏေ၀်အ်ုထိုဝ် ၀ီးလာကိုဝ်လၜ
လ်ုအုဝ်ခါင်.စူး မေ၀်ထံင်ဍူးဍ၀်
ဍေလူးသၞ၀့် မေ၀်ထံင်ဖ၀့်သယ်
လင်.ထ၀့်ခေါဟ်ဍံင် ခႜိုဝ်လင်ဟှံင်ဏှ်
ပြေယှံင်နိုဝ်စါ် ယုက်ထ၀့်ဆ်ာဟှဟ်။
အ်ုထာ်အှ်ဝယ် ဟှယ့်လင်တယ်္ဘ၀့်
အင်းဃှယ်လ်ုထ၀် မွဲာလင်ပ၀်အှ်
္ဘါဖ၀့်လ်ုစာင် ထူရူ့ယာင်ထင်း
အးကာင်ထေံဖါ သုဂ်လင်သာဖ၀်.
ဆ်ုဍာထံင်လင် ခါန်.ပ်ုယင်လှ်
ဍုံဌာန့် ပ္တံင်အးတယ်ဟှဟ်။

မာန်ကျာ်အဲဆိုဒ်
္ဘုံးက်ုတိက်

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

မညီညွတ်မှုကြောင့် ပေးဆပ်ရသည့် အဖိုးအခများ

မန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ၏ ဦးတည်ရည်မှန်းချက်များ မဆုံးရှုံးလိုပါက ယခုအချိန်တွင် မိမိကိုယ်မိမိ ပြန်လည်ဝေဖန် သုံးသပ်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်နေပေပြီ။

မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုက နှစ် ၂၀ တိုင်ခဲ့လေပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ကာလအတွင်း မည်သည့်အောင်မြင် မှုများရခဲ့သနည်း။ လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပို၍ နီးကပ် လာခြင်း ရှိ မရှိ ဆိုသည့် မေးခွန်းများ ထုတ်ရပါ တော့မည်။

ထိုမေးခွန်းများကို အဖြေထုတ်ရန် ၈ လေးလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားဟောင်း ၅ ဦး၏ ကံကြမ္မာကို လေ့လာကြည့်ရှုသင့်သည်။ သွေးစွန်းသော ထိုနေ့ရက်များတွင် သူတို့တတွေ အတူတကွ မျှော်လင့်ချက်များဖြင့် မမောမပန်း ချီတက်ခဲ့ကြဖူးသည်။

၁၉၈၈ ခုနှစ်တွင် အသက် ၂၀ အရွယ်သာရှိသေးသော ကိုထွန်းမြင့်အောင်က ယခုအခါ ရန်ကုန်မြို့တနေရာတွင် ပုန်းအောင်း နေရ၏။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အကျဉ်းထောင် ၅ ခုသို့ ၀င်ချည်၊ ထွက်ချည်ဖြင့် ဘ၀ကိုဖြတ်သန်းခဲ့ရင်း အကျဉ်းသား ဘ၀ကို လုံလုံလောက်လောက် ခံစားတွေ့ကြုံခဲ့ဖူးပြီးဖြစ်သည့် ကိုထွန်းမြင့်အောင်မှာ အသက် ၄၀ အရွယ်ယခုတိုင် ၀ရမ်းပြေး ဘ၀ဖြင့် စစ်အစိုးရ၏ အဖမ်းအဆီး မှ လွတ်ရန် တိမ်းရှောင်နေရသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသော ကိုတင်အေးကတော့ ယခုအချိန်တွင် ပြည်ပသို့ထွက်ပြေး လာခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသည်။ သူက ပြည် ပြေးဘ၀ဖြင့် လောလောဆယ် လွတ်လပ်မှုကို ခံစားနေရချိန်တွင် သူ့ချစ်သူ မနိုဘယ်အေးက မြန်မာနိုင်ငံ၏ အရက်စက်ဆုံးဟု နာမည်ကြီးသည့် အင်းစိန် ထောင် အကျဉ်းခန်းတခုထဲ၌ ဒုတိယအကြိမ်မြောက် ထောင်ဒဏ် ကျခံနေရသည်။

လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်လျှက် ရှိသော ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ နှစ်ဦးကမူ ရက်စက်ကြမ်း ကြုတ်သော စစ်အစိုးရ လက်အောက်တွင် ပြေးလွှားရုန်းကန်နေရသည်ထက် ပြည်ပတွင် နေထိုင်ခြင်းက ပို၍ကောင်းသည် ဟု ယူဆကာ ဤလမ်းကို ရွေးချယ်ခဲ့ကြသည်။

ကိုညိုအုန်းမြင့် ကူညီ ဖွဲ့စည်းပေးခဲ့သည့် ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်ဌာနခွဲ) ကမူ အန္တရာယ်များစွာ ကြားတွင် ဆက်လက် လှုပ်ရှားနေကြဆဲဖြစ်သည်။

ကိုအောင်နိုင်ဦးကတော့ ၁၉၈၈ ခုနှစ်တွင် နယ်စပ်၌ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF - မြန်မာနိုင်ငံ၏ တခုတည်းသော ကျောင်းသား တပ်မတော်) ၏ နိုင်ငံခြားရေး အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။

ဖော်ပြခဲ့သည့် ၅ ဦးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများကြားမှ ရုန်းကန် လှုပ်ရှားနေကြသည့် ထောင်ပေါင်း များစွာသော ပြည်သူများနှင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား များကို ကိုယ်စားပြုနေသည့်ပြင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ပုံရိပ် ကဲ့သို့လည်း ဖြစ်နေသည်။ ထို့အပြင် ၄၆ နှစ်ကြာ အာဏာရှင် စစ်တပ် ကြီးစိုးရေး ၀ါဒအောက်မှ တိုင်းပြည်တခု၏ နိုင်ငံရေးအခြေအနေ ကိုလည်း ဖော်ပြပေါ်လွင် နေစေသည်။

ထို ၅ ဦးသည် မတူညီသော လမ်းကြောင်း များပေါ်တွင် ရွေးချယ် လျှောက်လှမ်း နေခဲ့ကြသော်လည်း ၎င်းတို့၏ ဘုံရည်မှန်းချက် ပန်းတိုင် ကတော့ အတူတူပင် ဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံနေရသော သူတို့၏ တိုင်းပြည်အတွက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် ရည်သန်ထားကြပြီးလည်း ဖြစ်သည်။

နှစ်ပေါင်း ၂၀ ကြာ၍ ပြန်ကြည့်သောအခါတွင် ထိုရည်မှန်းချက်က ပိုမို မှုန်ဝါးလာသလို ရှိနေသည်။ အဘယ့်ကြောင့် ထိုသို့မှုန်ဝါးခဲ့ရသည်ကို ပြန်လှန်စစ်ကြောရန် လိုအပ်ပြီဖြစ်၏။

မြန်မာ စစ်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသည့် ကိစ္စအပေါ် မည်သူမျှ အငြင်းမပွား။ လူထုအပေါ် မတရား ရက်စက်စွာ ဖိနှိပ်နေသော ကိစ္စကလည်း မေးခွန်းထုတ်စရာ မလိုတော့ပါ။ အလားတူ ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ ဖိအားပေးမှုများက ထိရောက်မှု မရှိကြောင်းလည်း အထင်းသား ပေါ်လွင်နေပြီ ဖြစ်သည်။

အနှစ် ၂၀ ဆိုသော အချိန်ကာလတခုသည် ရက်စက်သော စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ ခံစားကျ ရောက်နေရသည့် တိုင်းပြည်တခု အနေနှင့် အခြေခံ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မလုံလောက်သေးသည့် အချိန် ဖြစ်နိုင်ပါသည်။ သို့သော် ဒီမိုကရေစီ ရရှိရေးအတွက် ဘ၀များကို ရင်းနှီးမြှုပ်နှံထားကြရသည့် အတိုက်အခံများ အတွက်မူ တဘ၀စာ ဖြစ်သွား နိုင်ပါသည်။ ယခုအချိန်က လေးလေးနက်နက် ပြန်လည် ဆန်းစစ် မေးခွန်းထုတ်ရမည့် အချိန် ဖြစ်သည်။ သို့မှသာ အင်အားသစ်တခု ပေါ်ထွန်းလာမည်ဟု လူအများက ယုံကြည် နေကြသည်။

“ကျနော်တို့ နိုင်ငံရေးသမားတွေက မပါးနပ်ကြဘူး။ သူတို့တွေက သာမာန် ရိုးရိုး နိုင်ငံရေး လှုပ်ရှားသူ အဆင့်လောက်ပဲ ရှိတယ်။ ဒီထက်ပိုမရင့်ကျက်သေးဘူးလို့ ကျနော်ထင်တယ်။ သူတို့တွေက အာဏာကို ဘယ်လို ယူရမယ်ဆိုတာ မသိဘူး။ သူတို့မှာ မဟာဗျူဟာကျတဲ့ မူဝါဒတွေလည်း မရှိဘူး” ဟု တက်ကြွ လှုပ်ရှားသူ တဦးဘ၀မှ နိုင်ငံရေး အကဲ ဖြတ်တဦး ဖြစ်လာခဲ့သူ ကိုအောင်နိုင်ဦးက ပြောသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် နိုင်ငံရေးခေါင်းဆောင်အများစုမှာ လူထုနောက်သို့ လိုက်နေခဲ့ခြင်းသာဖြစ်ပြီး လူထုကို ဦးဆောင်ခဲ့သူများ မဟုတ်ကြဟု ၎င်းက ဆိုသည်။

သို့သော်လည်း မကြိုးပမ်းခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။ ကျောင်းသားများက လူထုအုံကြွမှုကို စတင် လိုက်သည်နှင့် မကြာမီ မှာပင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် သြဇာတိက္ကမကြီးသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများက လှုပ်ရှားမှုအတွင်း ပါဝင်ပူးပေါင်းကာ လူပ်ရှားမှုကြီးကို ဦးဆောင်နိုင်ရန် အားထုတ်ခဲ့ကြသည်။

တိုင်းပြည်တပြည်လုံးတွင် အာဏာရှင်စနစ်အုပ်ချုပ်ရေး အဆုံးသတ်၍ ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေး အတွက် မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒေါ်စု၊ ဦးအောင်ကြီး၊ ဦးနု အဲဒီလို သြဇာကြီးတဲ့ ခေါင်းဆောင် တွေမျိုး တိုင်းပြည်သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ဖူးဘူး၊ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲဒီခေါင်းဆောင် တွေက အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ကြဘူး” ဟု ကိုအောင်နိုင်ဦးက ပြောပြခဲ့သည်။

ထိုခေါင်းဆောင် ၃ ဦးမှာ ညီညွတ်ရေးကို ပစ်ပယ်၍ ၎င်းတို့ လမ်းကြောင်းပေါ်တွင်သာ လျှောက်ခဲ့ကြသည် ဟု သူကဆက်ပြောသည်။

“တကယ်လို့များ သူတို့သာ ညီညွတ်ခဲ့မယ်ဆိုရင် ဇာတ်လမ်းက တမျိုးတဖုံ ဖြစ်လာမှာ” ဟု ၎င်းက ဆို၏။

ဆက်လက်၍ ကိုအောင်နိုင်ဦးက စစ်တပ်အနေနှင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်တွင် ထိုခေါင်းဆောင်များက ညီညွတ်စွာဖြင့် ကြားဖြတ်အစိုးရဖွဲ့ခြင်း သို့မဟုတ် အရပ်သားအစိုးရ တရပ် အောက်မှ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းခြင်းများ ပြုလုပ်ခဲ့သင့်သည်ဟု ပြောသည်။

ထိုအချိန်က ဒေါက်တာမောင်မောင် ဦးဆောင်သည့် အရပ်သား အစိုးရတရပ် ရှိနေခဲ့ချိန် ဖြစ်သည်။ ဦးနေ၀င်းနှင့် သူ၏ အရိုက်အရာဆက်ခံသူ “သားသတ်သမား”ဟု နာမည်ကြီးသည့် ဦးစိန်လွင်တို့ ပြုတ်ကျခဲ့ရပြီးနောက် ဒေါက်တာမောင်မောင် က သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။

၁၉၈၈ လှုပ်ရှားမှု၏ အဆိုးဝါးဆုံးသော အမှားများအနက် တခုမှာ ညီညွတ်ရေး ကင်းမဲ့ခဲ့ခြင်း ဖြစ်၏။ ဧရာဝတီမဂ္ဂဇင်းက ချဉ်းကပ်မေးမြန်းခဲ့သော လှုပ်ရှား တက်ကြွသူ အများစုနှင့် နိုင်ငံရေးသမား အများစုက ထိုအချက်ကို ၀န်ခံခဲ့ကြသည်။

ညီညွတ်ရေးဆိုသည်မှာ အာဏာရှင်အစိုးရတိုင်း ယခင်ကတည်းက တုန်လှုပ်ခဲ့ပြီး ယခုတိုင် ၎င်းတို့၏ နှလုံးသားအတွင်း ကိန်းအောင်းနေသော စိမ့်၍ ကြောက်ရွံ့နေသည့် ကိစ္စ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အားထားနိုင်သည့် အထိရောက်ဆုံး လက်နက်တခုလည်း ဖြစ်သည်။ သို့သော်လည်း အတိုက်အခံများက ယခုတိုင် ညီညွတ်ရေးကို မဆုပ်ကိုင် နိုင်ကြသေးပေ။ ညီညွတ်ခြင်းကင်းမဲ့နေခြင်း ကြောင့်လည်း အာဏာရှင် စစ်အစိုးရအတွက် သက်ဆိုးရှည်ခွင့် ရနေစေ ခြင်းဖြစ်သည်။

သာဓကအားဖြင့် သြဇာတိက္ကမကြီးမားသော ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှုးချုပ်ဟောင်း ဦးအောင်ကြီး နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တို့ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းခဲ့သော အဓိကအတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည်ပင်လျင် ညီညွတ်ရေးကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့ပေ။ ဦးအောင်ကြီးက ပါတီခေါင်းဆောင်ပိုင်းမှ ခွဲထွက်ကာ နောက်ပိုင်းတွင် သူ့ ကိုယ်ပိုင်ပါတီကို တည်ထောင်ခဲ့သည်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား မညီညွတ်ခဲ့သည်မှာ ယခုမှမဟုတ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ် ကာလများစွာ ကတည်းကပင် မြန်မာ့သမိုင်းတွင် ရှိခဲ့ခြင်းဖြစ်သည်ဟု လူထုအုံကြွမှု ကာလအတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့သူ ကိုတင်အေးက မှတ်ချက်ချသည်။

“၂၀ ရာစုနှစ် အစောပိုင်းကာလ ဗြိတိသျှအုပ်ချုပ်မှုကို တွန်းလှန်တဲ့ ကာလမှာ ကတည်းက နိုင်ငံရေး အင်အားစုတွေကြားမှာ တကွဲတပြား ဖြစ်နေခဲ့တာ” ဟု သူကပြောသည်။

၁၉၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတခုတွင် ညီညွတ်ရေး မရနိုင်သောကြောင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများ ပျက်ပြားခဲ့ရပုံကိုလည်း ကိုတင်အေးက ပြန်ပြောင်းပြောပြခဲ့သည်။

“ဒါက ဗြိတိသျှကိုလိုနီတွေ ကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်ရေး စနစ်ကြောင့် ဖြစ်နေတာလို့ ပြောကြ ပေမယ့် ကျနော်တို့သာ ခိုင်ခိုင်မာမာနဲ့ ညီညွတ်နေမယ် ဆိုရင် ဘယ်သူကမှ သွေးခွဲလို့မရပါဘူး” ဟု သူကဆိုသည်။

အမှန်တရားနှင့် တရားမျှတမှုအတွက် မားမားမတ်မတ် ရပ်တည်ရုံ တခုတည်းဖြင့် မလုံလောက်ဟု သြဇာကြီးသော ၈၈ မျိုးဆက် ကျောင်းသားများအုပ်စု၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ဆိုသည်။ သူကဲ့သို့သော ကျန် ၈၈ မျိုးဆက် ကျောင်းသားအုပ်စု ခေါင်းဆောင်အားလုံး ယခုအချိန်တွင် ထောင်ထဲရောက်နေကြပြီ ဖြစ်သည်။

“ကျနော်တို့တွေက အမှန်တရားနဲ့ တရားမျှတမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒါတွေကို ဆုပ်ကိုင်ထားရုံ နဲ့တော့ အလုပ်မဖြစ်သေးဘူးဗျ။ အဲဒီလို အမှန်တရားဘက်၊ ပြည်သူ့ဘက်မှာ မားမား မတ်မတ် ရပ်နေလို့ပဲ တနေ့ ဒီတိုက်ပွဲ အောင်မြင်ရမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီနေ့က ဘယ်တော့လဲ။ ကျနော်တို့ မြေးမြစ်တွေ လက်ထက် ကျမှလား” ဟု ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံး ပိုမိုကြီးမားသည့် အနစ်နာခံ စွန့်လွှတ်မှုများ ပေးဆပ်ရန် အသင့်ရှိ နေကြသည်ဟု သူကဆိုသည်။

“ဒါပေမယ့် ကျနော်တို့ လေးလေးနက်နက် စဉ်းစားသင့်တာကတော့ ကျနော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့ အောင်ပွဲ ရ၊ မရ ဆိုတာပါပဲ” ဟု သူက နှိုင်းနှိုင်းဆဆ ပြောသည်။

၁၉၈၈ ခုနှစ်မှ စ၍ ထောင်ပေါင်းများစွာသော နိုင်ငံရေး လှုပ်ရှား တက်ကြွသူ များကို စစ်အစိုးရက ရက်စက်ကြမ်းကြုတ်မှု များဖြင့် နာမည်ကြီးသည့် အကျဉ်းထောင်များတွင် ထောင်သွင်းအကျဉ်းချ ထားခဲ့ပြီး အနည်းဆုံး နိုင်ငံ ရေးအကျဉ်းသား ၁၃၇ ဦးက စစ်အစိုးရ၏ သံတိုင်များ နောက်ကွယ်တွင် အသက်ဆုံးရှုံး ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) (AAPP) က ထုတ် ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။

ထိုမျှမက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးအား ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး နောက်ပိုင်းတွင် ထောင်သောင်းချီသော လှုပ်ရှား တက်ကြွသူများလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

တကိုယ်ရေ စွန့်လွှတ်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံရေးခေါင်းဆောင် များ အနေဖြင့် လက်တွေ့ကျသော မဟာဗျူဟာ၊ ရှင်းလင်းသော ခေါင်းဆောင်မှုနှင့် ညီညွတ်ရေးအတွက် ပိုမို အာရုံစိုက်သင့်သည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

၁၉၈၈ လူထုအုံကြွမှုနှင့် နောက်ပိုင်းနှစ်များအထိ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အပြီး ကာလများတွင် နိုင်ငံရေး ခေါင်းဆောင် အားလုံးနီးပါး တရားသေ ဆုပ်ကိုင်ခဲ့သော မူဝါဒများအနက် တခုမှာ စစ်တပ်ကို သူတို့၏ နေရာမှန်၊ စစ်တန်း လျားသို့ ပြန်ပို့ရေးပင် ဖြစ်သည်။ ဤမူဝါဒကို ဆုပ်ကိုင် သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င် ဖြစ်သည်။ သူ၏ဖခင်က စစ်တပ်ကို တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး စစ်တပ်၏ အခန်းကဏ္ဍသည် လူထုကို နှိပ်စက်ရန်မဟုတ် ဟုလည်း သူက ပြန်ပြောင်းပြောခဲ့သည်။

ယခုအချိန်တွင် ပြည်ပရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ၏ နိုင်ငံခြားရေး ကော်မတီ တာဝန်ခံ ဖြစ်သော ကိုညိုအုန်းမြင့်က ထိုနည်းလမ်းကို အစွန်းရောက်သည်ဟု မြင်ကြောင်း ပြောသည်။

“ကျနော်တို့ရဲ့ မူဝါဒအားနည်းချက်တခုက မင်းတို့ ငါ့ဘက်ကလား ရန်သူ့ဘက်ကလား ဆိုပြီး စဉ်းစားကြတဲ့ အချက်ပဲ။ အလယ်အလတ် ရပ်တည်ချက်ပုံစံမျိုးဆိုတာ မရှိခဲ့ဘူး။ စစ်အစိုးရကို ပိုပြီး ခပ်ရိုင်းရိုင်း၊ ခပ်ထန်ထန်၊ ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ မပြောနိုင်ရင် ခင်ဗျား နိုင်ငံရေးခေါင်းဆောင်နေရာ ရမှာမဟုတ်ဘူး” ဟု ကိုညိုအုန်းမြင့်က သုံးသပ်သည်။

အကျိုးဆက်အဖြစ် ဘက်နှစ်ဘက်စလုံးက တဘက်နှင့်တဘက် အပေးအယူ လုပ်ခြင်းထက် အပြီးသတ် ချေမှုန်း ရေးကိုသာ ဦးတည်နေကြသည်ဟု သူက ပြောပြခဲ့သည်။

“အန်အယ်လ်ဒီက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဘဝင်မြင့်သွားတယ်။ ရွေးကောက်ပွဲ ရလဒ်က ပါတီဝင် တွေကြားမှာ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်စေခဲ့တယ်။ နိုင်ငံရေးအသာစီး ရပြီလို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပွဲသိမ်းလို့ ထင်မြင်ယူဆတာ မဟာအမှားပဲ” ဟု ကိုညိုအုန်းမြင့်က ပြောပြခဲ့သည်။

အန်အယ်လ်ဒီအဖွဲ့ဝင် အများစုလိုချင်သည်မှာ စစ်တပ်က ၎င်းတို့ပါတီထံသို့ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။ သို့သော်လည်း ယင်းအချက်ကြောင့်ပင် စစ်တပ်ကို ပို၍ ဝေးကွာ သွားစေပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ရန် အတွက်လည်း ပို၍ အလှမ်းဝေး သွားစေသည်ဟု သူက ဆိုသည်။

“၁၉၈၈၊ ၉၀ ကာလတွေမှာ မြန်မာနိုင်ငံက စစ်မြေပြင်ကြီးလိုပဲ။ ဒေါ်စုက ကျနော်တို့ရဲ့ တပ်မှူးပေါ့။ ပြည်သူတွေကတော့ ကျနော်တို့ရဲ့ ရဲဘော်တွေ။ ကျနော်တို့က အင်အားကြီးတဲ့ တကယ့်စစ်တပ်ကြီးနဲ့ တိုက်ပွဲဖြစ်နေတာနဲ့ တူတယ်။ စစ်တပ်က ကျနော်တို့ တပ်တွေကို ဖြိုခွင်းလိုက်တဲ့ အချိန်မှာ ကိုယ့်အင်အား ကို ကိုယ် ကျနော်တို့ ပြန်မတည်ဆောက် နိုင်တော့ဘူး” ဟု ကိုညိုအုန်းမြင့်က ပြောသည်။

ထိုစဉ်က နိုင်ငံရေးသမားများနည်းတူ လှုပ်ရှား တက်ကြွသူများ၏ နိုင်ငံရေး အတွေ့အကြုံမှာ ၃၊ ၄ လ ခန့်သာ ရှိသေး သော်လည်း အဖွဲ့ချုပ်တွင် မူဝါဒချမှတ်သူများ ဖြစ်လာခဲ့ကြသည်ဟု သူက ပြောပြသည်။

“ကျနော်တို့ရဲ့ အမှားတခုကတော့ စိတ်ခံစားချက်တွေကို အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာ ရောထည့် ခဲ့ကြတာပဲ။ နွားရိုင်းသတ်ပွဲလို မည်းမည်းမြင်ရာ လိုက်ဝှေ့နေသလို ဖြစ်နေတယ်” ဟု သူက ပြန်ပြောင်း သုံးသပ်သည်။

မြန်မာလူမျိုး အများစုကလည်း ဤသို့ ရပ်တည်ချက် ပြင်းထန်မှုမျိုးကို သဘောကျခဲ့ပြီး အပေးအယူ လုပ်ရန် မလိုလား ခဲ့ကြဟု ကိုညိုအုန်းမြင့်က ဆိုသည်။

“၁၉၈၈ ခုနှစ်က တကယ့်ကို ကြီးမားတဲ့ လူထုအုံကြွမှုကြီးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်မှာ ကျနော်တို့ တွေက လုံးဝ ပြီးပြည့် စုံတဲ့ အောင်ပွဲတခု ရတော့မယ်လို့ ထင်ခဲ့ကြတာ” ဟု သူက ဆက်ပြောသည်။

ကိုအောင်နိုင်ဦးက အင်္ဂလိပ်ကဗျာဆရာ ၀ီလီယံ အားနက်စ် ဟန်နလီ ရေးသည့် အနိုင်မခံ (Invictus) ဆိုသော ကဗျာထဲမှ စာကြောင်းတကြောင်းကို ဗိုလ်ချုပ် အလွန်သဘောကျခဲ့သည်ဟု ပြောပြသည်။

“ငါ၏ ဦးခေါင်း သွေးများဖြင့် ရဲရဲနီလျှက်ရှိသည်။ သို့သော် ညွတ်ကား မညွတ်.. ဆိုတဲ့စာသားလေးပဲ။ ကျနော်တို့တွေလည်း အဲဒီသတ္တိမျိုးနဲ့ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမယ့် တခြားဘက်မှာတော့ ကျနော်တို့ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ကိုအောင်နိုင်ဦးက ပြောပြသည်။

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက စစ်အစိုးရနှင့် အပေးအယူမလုပ်နိုင်ခြင်းမှာ အံအားသင့်ဖွယ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အတိုက်အခံများ အချင်းချင်း အကြားတွင်ပင် အပေးအယူ မလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကိုအောင်နိုင်ဦးက သုံးသပ်သည်။

“ရန်သူကို အထီးကျန်မဖြစ်ပါစေနဲ့။ ရန်သူကို ချောင်ထဲမှာ ထိုးမထားပါနဲ့။ ကျနော်တို့က ရန်သူကို အလင်းထဲကို ဆွဲထုတ်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင်တော့ အပြောင်းအလဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

သို့သော် စစ်တပ်ခေါင်းဆောင်များကို အလင်းရောင်အတွင်းသို့ ထွက်လာ စေရန် မည်သို့ ဆွဲဆောင်ရမည်ကို မည်သူ တဦး တယောက်မျှ မသိခဲ့ကြပေ။ သေချာသည်ကတော့ စစ်အစိုးရတွင် ထို့ကဲ့သို့သော နိုင်ငံရေးဆန္ဒ မရှိသည် ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားရင်ကြားစေ့ရေး အတွက် ခြွင်းချက်မထား၊ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေ မည့်အစား စစ်အစိုးရ ထံသို့ ရှင်လင်းပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာကာ တင်ပြ သင့်သည်ဟု ကိုအောင်နိုင်ဦးက ယုံကြည်နေသည်။

“မြန်မာ့နိုင်ငံရေးက အစွန်း ၂ ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့က အစွန်းရောက် အဖြေတွေ ရှာကြမှာလား။ စစ်အစိုးရကို ဗုံးကျဲပြီး အပြတ် ရှင်းပစ်နိုင်မှာလား။ ဒါက မဖြစ်နိုင်ဘူး။ ဒါဆို စစ်အစိုးရနဲ့ လုံးဝ ပူးပေါင်းမလား။ ဒါကလည်း မဖြစ်နိုင်တဲ့ နည်းလမ်းတခုပဲ” ဟု သူက ဆိုသည်။

အလယ်အလတ်ကျသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသည်လည်း အလုပ်မဖြစ်ဟု သူကပြောပြန်သည်။

“ဒါဆိုရင် ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဝေဖန် ဆန်းစစ်မှု လုပ်ဖို့ လိုအပ်နေပြီ။ နိုင်ငံရေး ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်တဲ့ နည်းတွေကို စဉ်းစားဖို့လိုလာပြီ။ ၁ နှစ် ဒါမှမဟုတ် ၂ နှစ် လောက် မှား ခဲ့တာက ပြဿနာမဟုတ်ပေမယ့် အနှစ် ၂၀ တောင် မှားတယ် ဆိုတာတော့ မဖြစ်သင့်ဘူး” ဟု ကိုအောင်နိုင် ဦးက မှတ်ချက်ချသည်။
ဧရာဝတီမှ ကူးယူသည်

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

စောဂျွန်ဆင်ဒီဘိုးမင်း

မွေးရးပ်ဇာတိ
စောဂျွန်ဆင်ဒီဘိုးမင်းသည် တောင်ငူမြို့၊ စစ်တောင်းမြစ်အရှေ့ဖက်ခြမ်း၊ ကသဲစုကျေးရွာတွင် အဖ ဒေါက်တာဒါမေဘိုးမင်း၊ အမိ နော်ဆယ်ဖောတို့မှ မွေးဖွားသော သားသုံးယောက်အနက် သြရသသားကြီးဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၉၀၄-ခု၊ ဧပြီလ (၂၇)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့ သူဖြစ်ပါတယ်၊
စောဂျွန်ဆင်ဒီဘိုးမင်းသည် ငယ်စဉ်ပညာသင်ချိန်၌ တောင်ငူမြို့-ဘန်းကားမစ်ရှင် အထက်တန်းကျောင်း-တွင် ဆဋ္ဌမတန်းအောင်မြင်သည့်အထိ ပညာဆည်းပူးခဲ့သည်၊ထို့နောက် ရန်ကုန်မြို့၊ ကူရှင်အထက်တန်းကျောင်းတွင် ဒဿမတန်းအောင်မြင်သည့်အထိ ဆက်လက် ပညာဆည်းပူးခဲ့ပြီး ရန်ကုန် -ဂျပ်ဆင်ကောလိပ်-တွင် L.A Senior အောင်မြင်သည့်အထိ တက္က သိုလ်ပညာကို (၂)နှစ် သင်ယူခဲ့သည်။
အိမ်ထောင်သည်ဘဝ
တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မပြီးမြောက်ခင်မှာပဲ ဆွေမျိုးတော်စပ်သူ -နော်သေး ဖြူ-နှင့် အိမ်ထောင်ကျခဲ့သည်၊ ၄င်းတို့ နှစ်ဦးအိမ်ထောင်သက်တမ်းတွင် သားသမီး (၁၁) ယောက်ထွန်းကားခဲ့သည်၊ အိမ်ထောင်ကျပြီးသည့်နောက် အမျိုးသားအကျိုးအတွက် ဆောင် ရွက်နေသော ဖခင်ကြီး၏ အလုပ်ကိစ္စများကို တတ်အားသရွေ့ပါဝင်ဆောင်ပေးခဲ့ရသလို တစ် ဖက်မှာလည်း မိဘများပိုင်ဆိုင်သော ဆင်များနှင့် လုပ်ဆောင်ရသော သစ်လုပ်ငန်းများကို လည်း ကွပ်ကဲစီမံဆောင်ရွက်ပေးရသည်။
ဘ၀အပြောင်းအလဲ
၁၉၂၆-ခုနှစ်၌ ဆင်ဖြူတော်ကို အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများသို့ ခေါ်ဆောင်ပြသခဲ့သော ဖခင်ကြီး၏ အနောက်နိုင်ငံခရီးစဉ်၌ ဖခင်နှင့်အတူ ညီဖြစ်သူ စောတွန်မ်ဆင်နှင့်တကွ လိုက် ပါသွားကြသည်၊ ထိုခရီးစဉ်မပြီးဆုံးမီ မြန်မာနိုင်ငံတွင် ဆောင်ရွက်စရာကိစ္စများရှိနေ၍ မိမိတစ် ဦးတည်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်၊ ဖခင်ကြီးသည် နိုင်ငံခြားခရီးစဉ်မှာ ပြန်ရောက်လာပြီး မကြာခင်မှပဲ ၁၉၃၁-ခုနှစ်တွင်ကွယ်လွန်ခဲ့ပါသည်၊ ဖခင်ကွယ်လွန်ပြီး နောက် မခင်ကြီးအပါးမှာ သားသမီးအရင်းချာဟူ၍ စောဂျွန်ဆင်ဒီဘိုးမင်းတစ်ယောက် တည်းသာ ရှိနေ ခဲ့ပါသည်၊ ညီဖြစ်သူ စောဝေါလ်ဆင်မှာ တောင်ငူတွင် မေးခိုင်ရောဂါဖြင့် ကွန်လွန်ခဲ့ရပြီး ညီလတ် စောတွန်မ်ဆင်က အင်္ဂလန်မှာပညာသင်ယူရန်နေခဲ့သည်။
သတောကရင်ဘာသာရေးအသင်းခေါင်းဆောင်
ဖခင်ကြီးမကွယ်လွန်မီ ကရင်လူမျိုးတို့၏ဗီဇကို အခြေခံသော မိရိုးဖလာယုံကြည်ကိုးကွယ်မှု အယူဝါဒဂိုဏ်း ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်၊ ယင်းဘာသာရေးဂိုဏ်းကို တည်ထောင် ပေးခဲ့သူမှာ ဘိုးပိုက်ဆံ ခေါ် ဖူးဘူးဘွယ်မူး ဖြစ်ပြီး ဆင်ဖြူရှင်ဖြစ်လာသော ဒေါက်တာဒီဘိုးမင်းသည် ဘိုးပိုက်ဆံ၏ ဗျာဒိတ်အရ ဘာသာရေးဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ရသည်၊အဆိုပါ ဘာသာရေးဂိုဏ်း တရားဝင်ရပ်တည်နိုင်ရေးအတွက် ဒေါက်တာဒီဘိုးမင်း က (The Register of Joint Stock Companies, Burma) မှတ်တမ်းရုံးတွင် (The Society of Righteousness ) -သတောကရင်ဘာသာရေးအသင်း- တစ်သင်းအဖြစ် မှတ်ပုံတင်ခဲ့ သည်၊ ဒေါက်တာဒီဘိုးမင်း ကွယ်လွန်သွားသောအခါ ၄င်းအရိုက်အရာကို ဆက်ခံသူ ခေါင်း ဆောင်တစ်ဦးအဖြစ် သားကြီးဖြစ်သူ စောဂျွန်ဆင်ဒီဘိုးမင်းကို ယင်းဘာသာရေးအသင်း၏ အဖွဲ့ဝင်လူကြီးအားလုံးတို့က တညီတညွတ်တည်း သဘောတူလိုက်ကြသည်၊ လူမှာအမျိုး ကြက်မှာအရိုး-ဆိုရိုးစကားအတိုင်း စောဂျွန်ဆင်ဒီဘိုးမင်း၏ အဘိုးဖြစ်သူ ဖူးပယော်သဲ သည်လည်း ထိုစဉ်တစ်ချိန်က တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊ သဲဘောဒဲ ကရင်စုကျေးရွာ၌ သြဇာညောင်းသောကျေးရွာလူကြီးတစ်ဦးဖြစ်ခဲ့သည်၊ ဖခင်ကြီးမှာလည်း ထင်ပေါ်ကျော်ကြား သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒေါကလုခေါ် ကရင်အမျိုးသားအစည်းအရုံးအသင်း၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်ခဲ့သည်၊ ထို့ကြောင့် အများကို ခေါင်းဆောင်မှုပြုရသော စောဂျွန်ဒီဘိုးမင်း သည် မျိုးရိုးကပေးအပ်သော အမွေအနှစ်တစ်ခုဟု သတ်မှတ်ရမည်ဖြစ်သည်။


အမျိုးသားရေး
စောဂျွန်ဆင်ဒီဘိုးမင်းအနေဖြင့် ယင်းဘာသာရေးအသင်းခေါင်းဆောင်ကြီးနေရာကို နှစ်နှစ်တိုင်မျှ ဆောင်ရွက်နေချိန်မှာ ညီဖြစ်သူ စောတွန်မ်ဆင်ဒီဘိုးမင်းသည် အင်္ဂလန်နိုင်ငံ၌ ပညာဆည်းပူးမှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ၁၉၃၃-ခု၊ မေလတွင် ပြန်ရောက်ရှိလာခဲ့သည်၊ ထိုအ ချိန်ကာလ၌ မြန်မာနိုင်ငံတော်ကြီးတွင် ကိုလိုနီနယ်ချက်အုပ်စိုးမှုစနစ်လက်အောက်မှ လွတ် မြောက်ရန် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များတို့သည် နိုင်ငံရေးစိတ်ဓာတ် တက်ကြွနိုးကြားလာကြသောအချိန်ဖြစ်ပြီး မြန်မာပြည်လွတ်လပ်ရေးနှင့် အမျိုးသားများအ အတွက် လှုပ်ရှားလာကြသော အချိန်အခါလည်းဖြစ်သည်၊ စောဂျွန်ဆင်ဒီဘိုးမင်းသည် ဇာတိ သွေးပြည့်ဝသူတစ်ဦးဖြစ်သည့်အတိုင်း ထိုအချိန်က သူ၏အသက်အရွယ်အားဖြင့်လည်း လူ လတ်ပိုင်းအတွင်းသို့ ချင်းနင်းဝင်ရောက်လာချိန်ဖြစ်၍ အတွေးအခေါ်အယူအဆမှာလည်း ရင့် ကျက်မှုရရှိလာသည် ဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအတွက် အခြားသော တိုင်းရင်း သားခေါင်းဆောင်များနည်းတူ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန် စိတ်အားထက်သန်နေသူ တစ်ဦးဖြစ်သည်။
သို့ဖြစ်၍ ညီဖြစ်သူ စောတွန်မ် ဆင်ဒီဘိုးမင်း နိုင်ငံခြားမှ ပြန်လည်ရောက်ရှိပြီးမကြာမီ တွင် သာသားရေးနှင့်သာသက်ဆိုင်သော သတောကရင်အသင်းတော်ကြီး၏ နေရာကို ညီဖြစ် သူအား လွှဲပြောင်းပေးနိုင်ရေးအတွက် အသင်းလူကြီးများနှင့်တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ကြ သည်၊ ထို့ကြောင့် ၁၉၃၃-ခု၊ ဇွန်လ(၈)ရက်နေ့တွင် လက်ပံတန်းမြို့၌ အသင်းအစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပသည်၊ ထိုအစည်းအဝေးတွင် စောဂျွန်ဆင်ဒီဘိုးမင်းက အသင်း၏လက်ရှိ ဂိုဏ်းချုပ်ကြီးနေရာမှ နှုတ်ထွက်ပြီး ညီဖြစ်သူ စောတွန်မ်ဆင်ဒီဘိုးမင်းအား အသင်းလူကြီးများ အားလုံးတို့၏သဘောတူညီချက်ဖြင့် အသင်းကြီး၏ ဂိုဏ်းချုပ်ကြီးအဖြင့် တင်မြောက်လိုက်ကြ သည်။

ပါလီမန်အမတ်ဖြစ်လာခြင်း

၁၉၃၆-ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ ကျင်းပပြုလုပ်သော ရွေးကောက်ပွဲတွင် စောဂျွန်ဒီဘိုးမင်းသည် တောင်ငူခရိုင်မှ ကရင်နှင့် တောင်သူလူမျိုးများကို ကိုယ်စားပြုသော ပါလီမန်အမတ်တစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာမှ အနိုင်ရရှိ၍ ပါလီမန်အမတ်တစ်ဦး ဖြစ် လာသည်။ ထိုရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သော အခြားကိုယ်စားလှယ်လောင်းခြောက်ဦးကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ကြိုးပမ်းချက်

ပါလီမန်အမတ်တစ်ဦးဖြစ်လာသည်နှင့် တစ်ပြိုင်နက် ကရင်တစ်မျိုးသားလုံးအတွက် လိုအပ် ချက်တစ်ခုဖြစ်သော ကရင်နှစ်သစ်ကူးနေ့ကို အစိုးရအသိအမှတ်ပြုတရားဝင်ရုံးပိတ်ရက်အဖြစ် -ဒေါကလု-အသင်း၏ ဆုံးဖြတ်ချက်အရ ကြိုးစားခဲ့ကြသော်လည်း အောင်မြင်ခဲ့ခြင်းမရှိသေး သည့် ယင်းကိစ္စကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်၊ ကရင်အမတ်တစ်ဦးဖြစ်သူစောမြတ်သိန်းနှင့်တိုင်ပင်ပြီး ယင်းကိစ္စအောင်အောင်မြင်မြင်ဖြင့် ဖြစ်လာစေရန် တစ်ခြားသောတိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်းများနှင့် အပေးအယူလုပ်ကာ ၄င်းတို့အားလုံး၏ ထောက်ခံမှုကိုရရှိခဲ့ခြင်းကြောင့် ကရင်နှစ်သစ်ကူးနေ့အရေးကိစ္စမှာ အောင်လံထူနိုင်ခဲ့သည်၊ ၄င်းကပင် မည်သည့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ မတင်သွင်းရဲသော လွှတ်တော်အမတ်လစာနှင့် ခရီးစရိတ်ရရှိရေးဥပဒေမူကြမ်းကို တင်သွင်းရာမှာလည်း အောင်မြင်မှုရရှိခဲ့သည်။
ထို့ပြင် လာဘ်စားမှုပပျောက်ရေးအတွက် အဆိုပြုမူကြမ်းတစ်ရပ်တင်သွင်းရာမှာလည်း ပါလီမန်က လက်ခံအတည်ပြုပေးပြီး လာဘ်စားမှုပပျောက်ရေးကော်မတီတစ်ခုကို အစိုးရက ဖွဲ့စည်းပေးလိုက်ရသည်၊
စောဂျွန်ဆင်ဒီဘိုးမင်း ပထမအကြိမ်ရွေးကောက်ခံခဲ့ရသော ပါလီမန်သက်တမ်း၌ ၄င်း မဲဆန္ဒနယ်မြေအတွက်သာမကဘဲ တိုင်းပြည်နှင့် ကရင်တစ်မျိုးသားလုံးအတွက်ပါ အကျိုးရှိ သော ဆောင်ရွက်ချက်များကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသော ကရင်လူထုကြီးက ထိုပါလီမန်သက်တမ်း ကုန်ဆုံး၍ နောက်တစ်ကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် စောဂျွန်ဆင်ဒီဘိုးမင်းကိုသာ ဆက်လက်ရွေးချယ်တင်မြောက်ကြဖို့ ကရင်လူထုအတွင်း ပြော ဆိုသံနှင့် ကရင်ဘာသာဖြင့် ထုတ်ဝေသောစာစောင်များ၌ ရေးသားတိုက်တွန်းမှုများ ဆက် တိုက်ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်၊ စောဂျွန်ဆင်ဒီဘိုးမင်းကို ထောက်ခံကြောင်း နှင့် ၄င်းအား ဆက်လက်ရွေးကောက်တင်မြောက်စေလိုကြောင်း တိုက်တွန်းရေးသားသူများအ ထဲ၌ ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်သည့် ကရင့်သမိုင်း “ Burma and the Karen” စာအုပ်ရေး သားသူ ဆရာစောအောင်လှ၊ The Karen Times စာအုပ်ရေးသားသူ ဒေါက်တာစံစီဖိုး၊ ဂျာနယ်အယ်ဒီတာ ဒေါက်တာဒွေး စသည့်ပုဂ္ဂိုလ်ကျော်များ ပါဝင်သည်ကို တွေ့ရသည်။
သို့သော်လည်း ရွေးကောက်ပွဲ နောက်တစ်ကြိမ်ပြုလုပ်ရန် အချိန်မရောက်လာမီ ၁၉၄၀-ခုနှစ် အစောပိုင်းကာလကစပြီး ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ရောင်များက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့လာသည်၊ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်အစိုးရ၏ ကြိုးဆွဲအုပ် ချုပ်မှုအောက်တွင် ရှိနေသည့်အတွက် မြန်မာပြည်တွင်းရေးအခြေအနေနှင့် ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပေါ်လာသည့် စစ်ရေးလှုပ်ရှားမှုအခြေအနေများကြောင့် ပြည်တွင်းလုံခြုံရေးကို ကွပ်ကဲထိန်း သိမ်းရန် ခက်ခဲမည့်အခြေအနေသို့ ဆိုက်ရောက်နို်င်သည်၊ ဤကဲ့သို့သော အခြေအနေမျိုးအောက်၌ အထွေထွေရွေးကောက်ပွဲကြီးပြုလုပ်ရန်မသင့်တော်ကြောင်း အင်္ဂလိပ်အစိုးရက ဆုံးဖြတ်လိုက်သည်၊ သို့ဖြစ်၍ ဘုရင်ခံ -ဆာဒေါ်မန်စမစ်-က နန်းရင်းဝန် ဦးစော အစိုးရအဖွဲ့နှင့်တိုင်ပင်ပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားပြီး လက်ရှိ ပါလီမန်သက်တမ်းကို ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နှစ်မှ နောက်ထပ်ဆယ့်နှစ်လအထိ တိုးပေး လိုက်သည်။

ဆက်လက်ဖော်ပြပါမည်

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Thursday, August 21, 2008

အမှန်တရားနှင့်ဝေးရသော

တစ်ချို့က မြွေတော့မဟုတ်ဘူး
ဒါပေမယ့် မြေကြီးပေါ်မှာ အလျားလိုက်လျှောက်နေကြရတယ်၊
တစ်ချို့က သမင်တော့မဟုတ်ဘူး
ဒါပေမယ့် ကျားရှေ့မှာ အထိတ်တလန့် သွားနေရတယ်၊
တစ်ချို့ကျတော့ ကျားတော့ကျားပဲ
ဒါပေမယ့် ခြင်္သေ့ကို ကြောက်နေရတယ်၊
လူ့လောကဟာ အားကြီးသူနိုင် ရှုံးသူအစားခံရတဲ့
တိရိစ္ဆာန်လောကကြီးတစ်ခုလို
ကမ္ဘာဦးလူရိုင်းဘ၀ကို
ရာစုသစ်က တွန်းပို့နေရော့လား။


လူလူချင်းမှာ ညီမျှခြင်းပုစ္ဆာအတွက်
ဘာကြောင့် အဖြေခက်နေတာလဲ
မိုးပေါ်မှာတွားတဲ့တိမ်
ဇီဝိန်မရှိပေမယ့်
ငြိမ်းချမ်းတဲ့သင်္ကေတအလှရှိတယ်၊
စမ်းချောင်းမှာစီးတဲ့ရေ
ဇီဝိန်မရှိပေမယ့်
နားဝင်ချိုတဲ့ဂီတာသံရှိတယ်။

သက်မဲ့မှာအသိတရားမရှိပေမယ့်
လာထိတဲ့သူ့အမှန်တရားက
ကာလသုံးပါးမှာ မျက်နှာမလိုက်တတ်ဘူး
ရူးချင်ယောင်ဟန်မဆောင်တတ်ဘူး။

ဝန်ထုတ်တွေထမ်းထားရတဲ့ငါ့ပုခုံး
ဒဏ်ရာတွေနဲ့လေးလံချိန်
နာဂစ်ကကျိန်စာတစ်ခုလို
အန်ဖတ်တွေကိုခါချပြန်တယ်၊

ဘာနဲ့မှညှိနှိုင်းလို့မရတဲ့အတ္တ
အမြင်မမှန်တဲ့တစ်ကိုယ်ကောင်းဆန်မှု
လူမဆန်တဲ့အတွေးတွေကြားမှာ
အမှန်တရားက ဆွံ့ အ ဆဲ။
ဟှာင်.အဲဆိုဒ်


ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

အဘဖဒိုမန်းရှာကို ဘယ်သူသတ်သလဲ?

အဘဖဒိုမန်းရှာကိုပြောလိုက်ရင်မသိတဲ့လူမရှိသလို အတုယူရမယ့်ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ်။
ခေါင်းဆောင်တစ်ယောက်ဖြစ်လာရင်သာမှနေ သဘောမျိုးမဟုတ် အမှားအမှန်ကိုခွဲခြားသိမြင်ပြီး အမှန်ဖက်ကိုလိုက်ရမယ်ဆိုတာ ခေါင်းဆောင်တိုင်းသိကြ၏။ သိကြပေမယ့် တစ်ချိုခေါင်းဆောင်တွေအမှန်ဖက်ကိုမလိုက်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သားတွေသမီးတွေ မိသားစုတွေ နှင့် ရာထူးတွေပြုတ်မှာဆိုးသောကြောင့်ဖြစ်၏။သို့ သော်အဘဖဒိုမန်းရှာက အဲဒီစိတ်ဓာတ်မျိုးမဟုတ် အများကြိုက်အများလက်ခံထိုက်သည့်အလုပ်ကိုပဲအများဖက်ကမားမားမတ်မတ်
အမြဲရပ်တည်တဲ့စိတ်ဓာတ်ရှိ၏။ပွင့်ပွင့်လင်းလင်းပြောရဲဆိုရဲ၏။


သူတော်ကောင်တိုင်းကိုလူမိုက်တွေကမကြိုက်ကြဘူးဆိုတာအဘကဲ့သို့သာဓကတွေ အမြောက်အများရှိခဲ့ကြ၏။ပွင့်ပွင့်လင်းလင်းအမြဲပြောလေ့ရှိတဲ့အဘကိုလူသတ်သမား လူမိုက်တစ်စုကမကြိုက်ရုံသာမကအဘကိုရက်ရက်စက်စက်သတ်ပစ်လိုက်၏။ ပညာရှင်တွေကအဘကိုဝမ်းနည်းနှမြောမိပြီးလူမိုက်တစ်စုက အဘသေသွားတာကိုဝမ်းသာပြီးလက်ခုတ်တွေတီးကြ၏။
ဒါကသဘာဝဖြစ်၏။အဘသေသွားတာကိုတစ်ကမ္ဘာလုံးကသိကြပေမယ့်အဘကို ဘယ်သူလက်ချက်ဘယ်သူသတ်သလဲဆိုတာမရေးတတ်မပြောတတ်ကြပေ။
ကျွန်တော်ကစာရေးဆရာတစ်ယောက်မဟုတ်ပေမယ့်လိုအပ်ချက်တွေကို
အနည်းငယ်ဖြည့်စွက်ချင်၏။
တစ်ချို့ ကအဲဒီအကြောင်းရာကိုမရေးနဲ့ လူမျိုးထိခိုက်တယ်လို့ ကျွန်တော်ကိုတားမြစ်ကြတာလည်းရှိသည်၊်။ဒါပေမယ့် ကျွန်တော်ကလက်မ မကောင်းလက်မ ခြေမမကောင်းခြေမပဲလို့ ခံယူချက်ရှိ၍ အဲဒီမှန်ကန်တဲ့ အကြောင်းကိုရေးရင်ကရင်လူမျိုးထိခိုက်မည်မဟုတ် ထိခိုက်အောင်လဲ ရည်ရယ်ချက်မရှိပါ။ကျွန်တော်တို့ကရင်ပြည်နယ်မှာလူမိုက်တွေကိုအတော်များများတွေ့ ဘူး၏။အဘကိုသတ်တဲ့လူမိုက်ထက်မိုက်တဲ့သူကမ္ဘာမှာ ကျွန်တော်မတွေွ့ ဖူးပါ။အဲဒီလူက ကရင်ပြည်နည်၊လှိုင်ဘွဲ့ မြို့ နယ် ထီလုံကျေးရွာက နှစ်မိုင်ကျော်ကွာဝေးတဲ့ မုခိုးရွာသား D.K.B.A.စစ်ခေါင်းဆောင်ဗိုလ်ချောင်ပြုံးဖြစ်သည်။ဗိုလ်ချောင်ပြုံးဟာ ခရစ်ယာန်ဘာသာ ၀င်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကမြင်းဆေးကုန်ကူးသူတွေထဲမှာ နာမယ်ကျော်တစ်ယောက်ဖြစ်တယ်။ဗိုလ်ကိုးလုံးကျဆုံးပြီးနောက် မြိုင်ကြီးငူအ နောက် ဘက်ခြမ်း ကမာ့မောင်းနယ်၊ထီ့သဒန်းထားကျေးရွာ ဗိုလ်ကိုးလုံးတူမအရင်းဖြစ် သော ဆရာမနော်ဘန်းနဲ့ လက်ထပ်ခဲ့တယ်။သူတို့ ဟာ မြင်းဆေးကုန်ကူးတဲ့အတွက်ကြောင့်နာမည်ပျက်ခဲ့ဖူးပါတယ်၊ ရွှေကုက္ကို ဗိုလ်ချစ်သူနဲ့ စီးပွားရေး အတူလုပ်ကိုင်ခဲ့တယ်။လွန်ခဲ့တဲ့နှစ်ကနအဖနဲ့ငြိမ်းချမ်းရေးယူထားတဲ့
ဗိုလ်ချုပ်ထိန်မောင်ရဲ့သမက်လုပ်ကြံခံရတာကိုK.N.U လက်ချက်ဟု နအဖနဲ့သူရဲ့နောက်လိုက်တစ်စုကဘာအထောက်အထားမှမရပဲ ထင်ရောင်ထင်မှားခဲ့ကြတယ်။ဒါကြောင့်နအဖက နောက်ကနေကြိုးကိုင်ပြီးK.N.U.ခေါင်းဆောင်ကိုပြန်ကလက်စားချေဖို့အတွက်D.K.B.A ခေါင်းဆောင်လူမိုက်ကြီးဗိုလ်ချောင်ပြုံးသည်ခိုင်းနွားတစ်ကောင်ပမာသူ့ရဲ့နောက်လိုက် တပည့် ၇ ယောက်နဲ့ အတူ ခေါင်းဆောင်ကြီးအဘမန်းရှာကိုသတ်နိုင်ရင် ထိုင်းဘတ်ငွေ နှစ်သိန်းပေးမယ် ဟု နအဖရဲ့ မက်လုံးပေးခြင်းကို ခံရပြီး လူမိုက်ကြီး ချောင်ပြုံးသည် နဂိုမြင်းဆေးကုန်ကူးပြီးရလာတဲ့ငွေတွေကိုမရောင့်ရဲနိုင်ပဲ နအဖမြောက်ပေးတဲ့ ငွေတွေ ကိုမြင်လိုက်တာနဲ့လူမိုက်ကြီးချက်ချင်းခိုင်းတဲ့အတိုင်းလုပ်ခဲ့တယ်။လူမိုက်ကြီးဗိုလ်ချောင်ပြုံးဟာ အဘဖဒိုမန်းရှာကိုသတ်ပြီးတာနဲ့ဗိုလ်ချစ်သူထံသို့သွားပြီ သူ့အသက်လုံခြုံရေးအတွက်တောင်ခံတာကိုဗိုလ်ချစ်ကသူလုံခြုံရေးမယူပေးနိုင်ဘူးလို့ပြော
ပြီး သူ့တပည် ၇ ယောက်နဲ့အတူ နအဖစစ်တပ်ရှိမြ၀တီသို့သူ့အသက်လုံခြုံရေးအတွက် တောင်းခံပြန်တယ်။စစ်တပ်လည်းလုံခြုံရေးမယူပေးနိုင်တဲ့အတွက်လုံခြုံရေးအရှိဆုံးလို့ထင်ရတဲ့ကြပ်ပြေးနေပြည်တော်သို့ခေါ်သွားပြီးအခုထိဘာမှမကြားတော့ဘူး။
ဒါကြောင့်အဘမန်းရှာကို သတ်တဲ့သူက နအဖ ခိုင်းတိုင်းလုပ်ပေးနေမြဲ ဖြစ်သော (D.K.B.A) တိုးတက်သောကရင်ဗုဒ္ဓဘာသာအသင်းမဟုတ်ဘဲ တိုးတက်သောတောင်ပေါ်ကစေတီတော်တွေနဲ့ သူတို့ရဲ့မိသားစုအတွက်သာ ဖြစ်သော လူသတ်သမားခေါင်ဆောင် ဗိုလ်ချောင်ပြုံး သာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

မွှေးမွှေး ကရင်ပြည်နယ်သား
မွှေးမွှေးဆီမှ အီးမေးလ်ကနေတဆင့် ရောက်ရှိလာသော စာအတိုင်းတင်လိုက်သည်၊

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Friday, August 15, 2008

Bush Visits Refugees on Thai-Myanmar Border

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

အခြေအနေအရ နေထိုင်ခြင်း

ပျောက်ဆုံးနေတဲ့ စိတ္တဇပန်းချီကားများ

နေ့လည်ခေါင်မျာလမ်းလျောက်ရတာမောတယ်

ဘ၀သစ်ကို စတင်ခြင်း

တမြေ့မြေ့ကြီးထွားလာတဲ့ အကျင့်ပျက်ကို လက္ခံဖို့ရန်

ညင်းဆိုခဲ့တယ်

ရယ်မောဖို့ ဖြစ်တည်လာသောအတွေးများနဲ့

ဒဏ်ရာရင့်လာတာကို ကြိုဆိုခဲ့တယ်

တစ်နေ့ပြီးသွားမယ်ဆိုတာ သိရဲ့သားနဲ့

အဆုံးကို ကြောက်ရွံ့နေတာဟာလဲ

လူ့ဘ၀ရဲ့အရသာလို့သိခဲ့တယ်

ဖြစ်ချင်တိုင်းဖြစ်ခွင့်ရတဲ့ ကုသိုလ်မျိုး မလိုချင်ဘူး

လူသေတိုင်း အော်ဟစ်ငိုကြွေရတဲ့ ဘ၀ကိုကြောက်တယ်

လူ့ဘ၀ဆိုတာ လုနေရတဲ့ဘ၀ဆိုတော့

အနာဂတ်မှာ အနာတွေရပ်တန့်သွားအောင်

လုပ်နေရတယ်

အဝေးက နေရောင်ခြည်ဟာ

ရင်ညွန့်ထဲ ထိုးကျမလာဘူး

ထတောက်နေတဲ့ မီးလျှံကို မသေစေနဲ့

လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ဘ၀တွေကို

လမ်းမဖျောက်ပစ်ရင်ကောင်းမယ်

ဥပါဒ်ဖြစ်နေတဲ့ အစာတွေပဲ စားနေရတော့

ရောဂါတွေပဲ ရနေခဲ့တယ်

ပျောက်ဆုံးနေတဲ့ တက်မက်မှုတွေကို

ရှာဖွေရင်း

ရေကြည်ရာ မြက်မနုခဲ့ဘူး

အလင်းနှစ် သန်းတစ်ထောင်ဆိုပေမဲ့

အမှောင်တွေပဲ ကြီးစိုးနေခဲ့တယ်

အမှန်သိမြင်ဖို့ အမှန်တွေလိုအပ်တယ်

စစ်ကို စစ်နဲ့ တုန့်ပြန်ဖို့ မဖြစ်ဘူး

ဆိုတော့

လွင့်နေတဲ့ စိတ်တွေ စုစည်းလိုက်တယ်

အခြေအနေအရ နေထိုင်ရပေမယ့်

အခြေအနေတွေ မချေဖျက်နိုင်သေးဘူး

ဝိပဿနာ ပညာမဲ့နေတဲ့ စိတ္တဇနာမ်ဟာ

ဘယ်တော့မှ အကောင်းမမြင်ဘူးဆိုတာ မှန်တယ်

အလိုမပြည့်တိုင်း ဒုက္ခဖြစ်တယ်ဆိုရင်

ဒုက္ခဖြစ်တိုင်း အလိုမပြည့်ဘူးပေါ့

ဒီတော့

စိတ်နာတယ်ဆိုလည်း

နာနေတဲ့ စိတ်တွေ မကုသချင်တော့ဘူး

လေဟာနယ်မှာ

မမြင်ရတဲ့ အသံတွေကြားနေရတယ်

ကုစားလို့မရတဲ့ ရောဂါများ

အော်ဟစ်လို့ မရတဲ့ ဆာလောင်မှုများ

ဖော်ပြလို့မရတဲ့ ဒဏ်ရာများ

ရေးဆွဲလို့မရတဲ့ ပန်းချီကားများ

တွန်းလှန်လို့ မရတဲ့ ဝေဒနာများ

ပြောဆိုလို့မရတဲ့ စကားလုံးများ

ပျံသန်းလို့မရတဲ့ အတောင်ပံများ

နေထိုင်းခြင်းမှာ စည်းတွေ ရှိခဲ့တယ်။

ဘ၀ကို ခေါစာချကျွေးရင်းတောင်

ဘယ်ခွေးလေခွေလွင့်ကမှ လာစားမှာမဟုတ်ဘူး

အဲဒီလို ကျိန်စာသင့်နေတဲ့ဘ၀ဟာ

ကမ္ဘာမြေပေါ်မှာ

အခြေအနေအရ နေထိုင်ခဲ့ရပါတယ်။ ။

(၂၀၀၈-မတ်-ပျော်ပျော်ရွှင်ရွှင်-စိစစ်ရေးထိ)

မောင်မင်းစိုး (ရွှေနံ့သာ)

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပ

ယနေ့ကျရောက်သည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ အခမ်း အနားကို ထိုင်း-မြန်မာနယ်စပ် မယ်ပတောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းပွဲတော်ကို အဝေးရောက်မျိုးချစ်ကရင်အမျိုးသားများ၊ ထိုင်းနိုင်ငံရောက် ကရင်အမျိုးသားများ နှင့် အခြားတိုင်းရင်းသားညီအကို မောင်နှမများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

“ဒီပွဲတော်ကိုကျင်းပတဲ့ဆိုတာက ဟိုအရင်တုန်းလူကြီးတွေက ယုံကြည်မှုနဲ့လုပ်တာပါ၊ မျက် မှောက်ခေတ်ကျတော့ ကျနော်တို့ ကရင်အမျိုးသားတွေကြားမှာ စည်းလုံးညီညွတ်မှုရှိဖို့အဓိက ထားပြီးလုပ်တာပါ” ဟု ကရင့်ရိုးရာပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး မန်းမျိုးမြင့်က ပြောသည်။

ကရင့်ရိုးရာယဉ်ကျေးမှုချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို နှစ်စဉ် ဝါခေါင်လတွင် ပြုလုပ်ကျင်းပ လေ့ရှိပြီး ရှေးကရင်တိုင်းရင်းသားများ အယူအဆအရ ယခုလသည် မကောင်းဆိုးဝါးများ ပျော်မြူးသည့်လဖြစ်သောကြောင့် ၎င်းဝိဉာဉ်များ သားသမီးမြေးမြစ်များအပေါ် ကျရောက်ခြင်း မရှိစေရန် အဆောင်အယောင် (၇) မျိုးနဲ့ စီမံထားသည့် ချည်ဖြူမျှင်ဖြင့် လက်မှာပတ်ပြီး အကာ အကွယ်ပြုလုပ်သည့်ပွဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ပွဲတော်သို့တက်ရောက်လာသည့် ကရင်တိုင်းရင်းသူတဦးက “တနှစ်တခါ ကျမတို့ ကရင်ရိုးရာ လက်ချည်ပွဲ ကိုယ့်ရဲ့ရိုးရာပွဲဖြစ်လို့လားတော့မသိဘူး၊ အရမ်းပျော်ပါတယ်၊ ဆွေမျိုးမောင်နှမတွေ ဒီမှာလာဆုံကြတာပေါ့၊ အခြေအနေအရပ်ရပ်ကြောင့် ကိုယ့်မြို့ကိုယ်ရွာမှာ မပျော်ခဲ့ရတာ နှစ် (၂ဝ) လောက်ရှိပြီ၊ ကိုယ့်ပြည်နယ်မှာသာ လုပ်ရရင်တော့ ပိုပျော်မှာပေါ့” ဟု ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း နိုင်ငံအတွင်း (၁၇) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အခြားတိုင်းရင်းသား များမှာလည်း ယခုကဲ့သို့ ရိုးရာပွဲတော်များ ကျင်းပလေ့ရှိကြောင်း ကရင်တိုင်းရင်းသားတဦးက ပြောသည်။

“ဒီလိုပွဲတော်တွေဆိုရင် စိတ်ထဲမှာ အရမ်းဘဲခံစားရတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ ကရင်လူထုတွေ သူများနိုင်ငံထဲမှာ အများကြီးဘဲ ရောက်နေကြတယ်၊ တကယ်တမ်း ကိုယ့်နိုင်ငံ က အုပ်ချုပ်တဲ့အစိုးရတွေသာ ကောင်းရင် ကျနော်တို့ကရင်လူထုရော၊ အခြားတိုင်းရင်းသားတွေ ရော အားလုံးရိုးရာပွဲတွေကို လုပ်နိုင်မှာပေါ့၊ သူများနိုင်ငံမှာ လာလုပ်ရတဲ့အခါကြတော့ သိပ်တော့ မပျော်ရဘူး” ဟု ၎င်းကဆက်လက်ပြောသည်။

စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှုများ နှင့် နှစ်ကျင်းပပြုလုပ်သည့် ရိုးရာပွဲတော်များကို တားမြစ်ပိတ်ပင်မှုများရှိနေပြီး တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေလျှက်ရှိသည်။

Yoma news

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Thursday, August 14, 2008

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လေးစားဖို့ သမ္မတဘုရှ် - ရုရှားကို တိုက်တွန်း

အရင်ဆိုဗီယက်ယူနီယံ လက်အောက်ခံ ဖြစ်ခဲ့တဲ့ ဂျော်ဂျီယာနိုင်ငံတွင်း တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ သဘောတူညီပြီး နောက်တရက်အကြာမှာ - ရုရှားအနေနဲ့ ဂျော်ဂျီယာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဘုရှ် က ပြောလိုက်ပါတယ်။ ရုရှားစစ်တပ်သုံး ယာဉ်တွေဟာ ဂျော်ဂျီယံ ပိုင်နက်အတွင်းထဲအထိ တိုးဝင်နေတုန်းပဲလို့ သတင်းတွေ ထွက်နေချိန်မှာ သမ္မတဘုရှ် က အခုလို ပြောဆို သတိပေးလိုက်တာ ဖြစ်တယ်လို့ ဗွီအိုအေ သမ္မတ အိမ်ဖြူတော် သတင်းထောက် Scott Stearns က သတင်းပေးပို့ထားပါတယ်။

ရုရှားအနေနဲ့ သူတို့ရဲ့ ကတိက၀တ် အတိုင်း ဂျော်ဂျီယာနိုင်ငံအတွင်းက စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး ပြီးခဲ့တဲ့ရက်အတွင်း ဂျော်ဂျီယာအတွင်းပိုင်းထဲအထိ ၀င်ရောက်ထိုးစစ်ဆင်ခဲ့တဲ့ သူ့တပ်တွေ အားလုံးကိုလည်း ပြန်လည် ရုတ်သိမ်းမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း သမ္မတဘုရှ် ကတော့ ပြောခဲ့ပါတယ်။

“ဂျော်ဂျီယာနိုင်ငံ ဂိုရီမြို့ အရှေ့ဖက်ခြမ်းမှာ ရုရှားတပ်တွေ နေရာယူထားတယ် ဆိုတဲ့ သတင်းတွေအတွက် ကျနော်တို့ စိုးရိမ်ပူပင်မိပါတယ်။ ဒီနေရာဟာ ဂျော်ဂျီယာ နိုင်ငံကို အရှေ့အနောက် ဖြတ်ထားတဲ့ လမ်းမကြီးကို ပိတ်ပင်ထားသလို မြို့တော် ရှကစ်ဗီလီကိုလည်း စစ်ရေး ခြိမ်းခြောက်မှု ရှိစေပါတယ်။ ဂျော်ဂျီယာရဲ့ Poti ဆိပ်ကမ်းမြို့မှာလည်း ရုရှားတပ်တွေ ၀င်ရောက် နေရာယူထားတယ် ဆိုတဲ့ သတင်းတွေ အပေါ်မှာလည်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒီကနေ ရုရှားစစ်သုံးယာဉ် တွေဟာ ဆိပ်ကမ်းကို ပိတ်ဆို့ထားပြီး ဂျော်ဂျီယာ သင်္ဘောတွေကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ နဲ့အတူ သမ္မတအိမ်ဖြူတော် မြက်ခင်းပြင်မှာလုပ်သွားတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးခြယ်ခံရတဲ့ အစိုးရ နဲ့အတူ ရပ်တည်သွားမယ်လို့ သမ္မတဘုရှ် က ပြောခဲ့ပါတယ်။

“ဂျော်ဂျီယာနိုင်ငံရဲ့ အချုပ်အချာအာဏာ ပိုင်နက်နယ်မြေကို လေးစားရမယ်လို့ ကျနော်တို့ အခိုင်အမာ ကိုင်စွဲထားပါတယ်။ ဂျော်ဂျီယာမှာ အစိုးရ အပြောင်းအလဲ လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုတာကိုလည်း ရုရှားက ပြောထားပါတယ်။ ရုရှား အနေနဲ့ ဒီကတိက၀တ် ကို လေးစား လိုက်နာမယ်လို့ အမေရိကန် ပြည်ထောင်စုရော နိုင်ငံတကာကပါ မျှော်လင့်ထားပါတယ်။”

သမ္မတ ဘုရှ်ဟာ ဒီမတိုင်ခင်ကတော့ ဂျော်ဂျီယာ သမ္မတ Mikheil Saakahvili နဲ့ရော ဂျော်ဂျီယာမှာ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့ ကြားဝင် ညှိနှိုင်း ပေးနေတဲ့ ပြင်သစ်သမ္မတ နီကိုးလပ် ဆာကိုဇီ နဲ့ပါ စကားပြောခဲ့ပါတယ်။ သမ္မတ ဘုရှ် အနေနဲ့ အခုဆိုရင် သမ္မတ ဆာကိုဇီနဲ့ နောက်ထပ် ဆွေးနွေး တိုင်ပင်မှုတွေ လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ကို ပြင်သစ်ကို စေလွှတ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဟာ ရှကစ်ဗီလီ ကိုလည်း သွားပြီး ဂျော်ဂျီယာ အစိုးရကို အမေရိကန်တွေ အနေနဲ့ ထောက်ခံထားတဲ့ အကြောင်း စကားပါးဖို့လည်း ရှိတယ်လို့ သမ္မတဘုရှ် က ပြောပါတယ်။

“ဒီခရီးစဉ်မှာတော့ လွတ်လပ်တဲ့ ဂျော်ဂျီယာနိုင်ငံကို အကာအကွယ် ပေးဖို့ရာ လွတ်လပ်တဲ့ ကမ္ဘာက စုဝေးတိုင်ပင်မှုတွေ လုပ်ဖို့ သူမက ဆက်ကြိုးစားသွားမှာပါ။”

အမေရိကန်စစ်တပ်ဟာ ဂျော်ဂျီယာကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးအတွက် ဦးဆောင်သွားရာ ရောက်မယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။ အရပ်သားပြည်သူတွေအတွက် ဒီအကူအညီ အထောက်အပံ့တွေ ပေးရာမှာ ပင်လယ်ဆိပ်ကမ်း လေဆိပ် ကုန်းလမ်းနဲ့ ဝေဟင် စတဲ့ လမ်းပမ်းသယ်ယူ ပို့ဆောင်ရေး ဆက်သွယ်ရေး ကိစ္စတွေ အသုံးပြု ဆောင်ရွက်ရေး အတွက် ရုရှားဖက်က ကတိက၀တ်အတိုင်း လိုက်နာမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း သမ္မတ ဘုရှ် က ပြောပါတယ်။

၂၁ ရာစု ကမ္ဘာကြီးရဲ့ သံတမန်ရေး နိုင်ငံရေး စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ရုရှားတို့ ပူးပေါင်း ပါဝင်လာနိုင်ရေးမှာ အမေရိကန်ဖက်က အရင်က အထောက်အကူ ပြုပေးခဲ့တယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

“ဂျော်ဂျီယာမှာ အခုလို ဆောင်ရွက်လိုက်တဲ့ ကိစ္စကြောင့် ရုရှားရဲ့ ဒီရည်မှန်းချက်တွေဟာ အခု ထိခိုက်လာနိုင်ချေ ရှိပါတယ်။ အခု လုပ်တဲ့ ကိစ္စက ဒီလို ကမ္ဘာ့အဖွဲ့အစည်း ကမ္ဘာ့ အသိုင်းအ၀ိုင်းကြီးရဲ့ အခြေခံမူတွေနဲ့လည်း မကိုက်ညီပါဘူး။ ရုရှားအနေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ အခြားနိုင်ငံတွေနဲ့ ပျက်ပြားသွားတဲ့ ဆက်ဆံရေးကို ပြန်ကောင်းမွန်အောင် ဆိုရင် - ကမ္ဘာမှာ သူ ရခဲ့တဲ့နေရာ ပြန်ရဖို့ ဆိုရင် အခု သူပြောခဲ့တဲ့ စကားတွေအတိုင်း လိုက်နာပြီး ဒီပြဿနာကြီးကို အဆုံးသတ်ရပါလိမ့်မယ်။”

အခု ဂျော်ဂျီယာအရေးအခင်း နဲ့ပတ်သက်လို့တော့ NATO (နေတိုး) နိုင်ငံခြားရေး ၀န်ကြီးများ အရေးပေါ် အစည်းအဝေးကို အမေရိကန်ပြည်ထောင်စုက ခေါ်ယူထားပါတယ်။ ဒီအစည်းအဝေးကို လာမယ့် ရက်သီတင်းပတ် အစောပိုင်းမှာ ကျင်းပဖွယ် ရှိပြီး ရုရှား အနေနဲ့ ကတော့ လေ့လာသူနေရာကနေ တတ်ရောက်ခွင့် ရမှာတော့ မဟုတ်ဘူးလို့ နေတိုးဖက်ကတော့ ပြောပါတယ်။ VOA News

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Friday, August 8, 2008

Analysis: Asia after Bush

US President Bush spelled out a series of bilateral successes with Asian countries based on core American values and perceptions of security and prosperity. His emphasis on bilateralism over regionalism and multilateralism will be his principal legacy for future US engagement in Asia.

What was included in President George W Bush's major foreign policy speech in Bangkok was as important as that which was omitted. His overarching paradigm of freedom, prosperity and security and what he saw as the overall achievements of his two terms in office were unsurprising. But the good news for Mr Bush's successor is that the outgoing president's approach towards Asia leaves much room for manoeuvre, much space in which to operate.

With a wide array of Asian countries to choose from in delivering his remarks prior to his final destination of the Beijing Olympics, Mr Bush's choice of stopovers in Seoul and Bangkok were symbolic and testimony to America's longstanding priorities in Asia. South Korea and Thailand, two formal treaty partners of the United States, have formed linchpins in Washington's engagement with the region since World War Two.

The Korean War was a watershed in the 1950s during the Cold War. Its unfinished business over Korean reunification and the ongoing de-nuclearisation of North Korea remains a thorny issue and the main focus of Mr Bush's dealings with East Asia.

That Thailand was picked for the second leg of the overseas visit and venue for the major policy recap of the Bush years, is equally significant.

Thai-US relations have just reached a milestone of 175 years, the oldest relationship in these parts. Bangkok's anti-communist support during the Cold War never wavered. Thailand is not just a treaty partner but a major non-Nato ally. It struggled through a coup period and has returned to democratic rule. Mr Bush acknowledged this point but skipped the contested nature of Thai democracy, its prolonged crisis and stalemate.

Thailand's geography also made sense for Mr Bush's second Asia policy focus on Burma. Yet the president's brief reference to Burma's military regime and repression was surprisingly light. A full-blown castigation of the Burmese generals could have caused considerable discomfort for Bangkok, which has just assumed the chair of Asean, which includes Burma. As a next-door neighbour to Burma, Thailand risked tensions with the State Peace and Development Council if it allowed Mr Bush a springboard to castigate the Burmese generals.

Instead, Mr Bush and his wife used less official venues to make their points, featuring his lunch with leading Burmese dissidents and her high-profile visit to a refugee camp on the Thai-Burmese border. The cause of Burma's freedom, democracy and human rights was poignantly served but whether Mr Bush and his wife's gestures will make any difference on the ground is doubtful.

Under Mr Bush's watch, Washington's sanctions upon sanctions on Burma's military junta have been frustrated and overcome by the generals, and may have been counter-productive and detrimental in their unintended effect of exacerbating the people's hardship.

What Mr Bush skipped was the roles of India, China and Asean in effectively allowing the SPDC to go on. Mr Bush's successor will have ample opportunities to rebalance Washington's Burma policy to combine selective engagement with increased leverage on the big players in Burma's neighbourhood.

What Mr Bush highlighted as his accomplishments - alliance formation and reinforcement, pursuit of values such as freedom and democracy, Asia-Pacific growth and prosperity, and concerted efforts to "confront challenges", is an updated version of the Bush Doctrine, minus the primacy of security and the concept of pre-emption back in vogue in the wake of the Sept 11 terrorist attacks in New York and Washington.

But here is where Mr Bush's omission is the most glaring. The war on terror, particularly in Iraq and to a lesser extent in Afghanistan, has been a grand US misadventure. It was misguided, and has failed for all intents and purposes. It has sapped the energy and resources which could have gone into what Mr Bush considers his success in Asia.

China was the third primary focus. Mr Bush was measured in his assessment, citing Beijing's role in the six-party talks on North Korea's nuclear disarmament and the maintenance of cross-straits status quo i.e. neither Chinese takeover of the island nation nor Taiwanese declaration of independence. But Beijing was naturally chastised for its lack of freedom and human and religious rights. The more critical comments on China were best said in Bangkok, before the president arrives in Beijing.

The thrust of Mr Bush's remarks spelled out a series of bilateral successes with Asian countries based on core American values and perceptions of security and prosperity. Mr Bush's emphasis on bilateralism over regionalism and multilateralism will be his principal legacy for future US engagement in Asia.

The new administration from next January will have to ponder whether a broader conceptualisation of engaging Asia as a region by signing Asean's Treaty of Amity and Cooperation and joining the inchoate regional architecture such as the Asean Plus Three, East Asian Community-building, and East Asia Summit, is in America's greater interest. The events of Sept 11 were Mr Bush's misfortune as they have subsequently defined his rule.

The next president will have more latitude to refashion US foreign policy in Asia with less of the baggage from the war on terror. He should see Asia as much more than just North Korea in the northeast and Burma in the southeast. In view of China's rise and nuanced handling of Asia, it behooves Washington to engage the region as an integrated partner, not on a bilateral basis but as a major architect of Asian regionalism.

By Thitinan Pongsudhirak, Director of the Institute of Security and International Studies, Faculty of Political Science, Chulalongkorn University

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Thursday, August 7, 2008

ကာရန်မညီသောကျောက်စာ

တစ်ခါက-
ဆောင်းအိုညများထဲ
ကြယ်စင်တွေ ကြွေလိုက်ကြတာ
ဒဏ္ဍာရီလမင်းကြီးလည်း
ပုံပြင်ဟောင်းထဲဆန်ဖွတ်ခံရ။
ပထ၀ီမျက်နှာနဲ့
ထွင်းခဲ့တဲ့ အမေ့ရဲ့ကျောက်စာ
သမိုင်းတစ်ခုရဲ့ပြည်ထောင်မှာ
လှပတဲ့ သံလွင်
ဧရာဝတီ


ရာဇ၀င်တွေနဲ့
ညင်သာတဲ့တိုက်ကွက်လေညင်း
ရင်ထဲဆွဲငင် တိုက်စားရင်း
ရှင်သန်ခြင်းကမ်းစပ်တွေ လဲပြိုခဲ့ရ၊
ဘာသာရောင်လှိုင်းလုံးများလည်း
ရိုးသားတဲ့မြစ်တစ်စင်းပေါ်
တဖုံ့ဖုံ့ထန်ပြ
ညီညာရွက်တိုင်များတို့ လွှင့်ကျခဲ့ပေါ့။
တစ်ချိန်က-
အဖိုးရဲ့မြားဟောင်းတစ်စင်း
ရင်ကို ပစ်ခွင်းလာပြန်တော့
ကြောက်လန့်နေတဲ့ရိုးတွင်းပိုးများ
အချင်းချင်းနှုတ်ဆက်စကားတွေက
မြွေတွန်သံလို
ကွဲအက်လာတဲ့ဖူးစာ
သံလွင်ရေလောက်တောင် သစ္စာမရှိဘူး။
ရှိပါစေတော့-
အဲဒီသမိုင်းတံခါးများ
ပိတ်ပစ်လိုက်တာကြာပြီ
ဘယ်အခါမှမရွေ့တဲ့ ကောင်းကင်ကြီး
ဘယ်အခါမှ မတွားတဲ့ ဟော့ဒီမြေကြီး
နှင်းတွေဝေလေ ဖားစည်သံသာယာလေပဲ။

စဟိန်းမင်းဇာ (၀ါးသင်္ခ)

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

အာဇာနည်ခေါင်းဆောင်ဝန်ကြီး မန်းဘခိုင်



အာဇာနည်ခေါင်းဆောင် ၀န်ကြီးမန်းဘခိုင်သည် ၁၉၀၃-ခုနှစ်၊ အောက်တိုဘာလ ၂၆-ရက်နေ့တွင် ဟင်္သာတမြို့အပိုင် ယုန်သလင်း ရွာတွင် မွေးဖွားသည်၊ မိဘနှစ်ပါးမှာ မန်းပေကုန်းနှင့် ဒေါပုတို့ဖြစ်ကြသည်၊ မွေးချင်း ၁၀ ဦးရှိရာ မန်းဘခိုင်သည် ပဉ္စမမြောက်ဖြစ်သည်၊ ယင်းမွေးချင်း (၁၀) ဦးအနက် ပထမနှင့် အဋ္ဌမမှာ မိန်းကလေး နှစ်ဦးဖြစ်ပြီး ကျန်ရှစ်ဦးသည် ယောက်ျားကလေးများ်း ဖြစ်ကြသည်၊ မန်းဘခိုင်နှင့် တစ်ယောက်ခြား သတ္တမမြောက် ညီ ဖြစ်သူ မန်းဘဆိုင်သည် ပထမတွင် ကရင့်ရေးရာဝန်ကြီးနှင့် ပြည့်သူလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ထိုမှ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သတိုးသီရိသုဓမ္မ မန်းဘဆိုင် ဖြစ်လာသည်၊
မန်းဘခိုင်သည် ငယ်စဉ်က ဟင်္သာတမြို့ (အေဘီအမ်) အထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်၊ ယင်းတို့၏ မျိုးရိုးမှာ ယုန်သလင်းရွာကို အခြေခံလျက် ခြံပိုင်ရှင်၊ မြေ ပိုင်ရှင်နှင့် သူကြီးမျိုးရိုးပင်ဖြစ်သည်၊ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ မန်းဘဆိုင်သည် အမျိုး သားရေး၊ နိုင်ငံရေးထဲမ၀င်မီ မျိုးရိုးအရ သူကြီးလုပ်ခဲ့ရာမှ မြန်မာတစ်နိုင်ငံလုံးရှိ သူကြီးဥက္ကဋ္ဌ အထိ ဖြစ်လာသည်။ မန်းဘခိုင်၊ မန်းဘဆိုင်၊ ဟုဆိုလျှင် ဟသာင်္တတစ်နယ်လုံးရှိ ကရင် ဗမာ အားလုံး ကြည်ညိုလေးစားကြသည့်အပြင် ဟင်္သာတမြို့ပေါ်ရှိ ဗမားများက ဦးလေးဘခိုင်၊ ဦးလေးဘဆိုင် ဟူ၍ ခေါ်ကြသည်။


အာဇာနည်ခေါင်းဆောင် ၀န်ကြီးမန်းဘခိုင်သည် အိမ်ထောင်နှစ်ဆက်ရှိသည်၊ ပထမ ဇနီးဒေါ်အေးလုံနှင့် သားသမီး (၈)ဦး ထွန်းကားရာ ယောက်ျားလေး ငါးဦးနှင့် မိန်းကလေး သုံး ဦးဖြစ်သည်၊ ဒုတိယအိမ်ထောင် ဒေါ်ခင်နီနှင့် သားတစ်ယောက် သမီးတစ်ယောက်ထွန်းကား သည်။ စုစုပေါင်း သူ၏မိဘနှစ်ပါးကဲ့သို့ပင် သားသမီး(၁၀)ယောက်တိတိ ထွန်းကားခဲ့သည်။

ပထမတွင် အာဇာနည်နေ့ ရောက်လျှင် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိကို ဖော်ပြရာ၌ ၀န်ကြီးမန်းဘခိုင်၏ အတ္ထုပ္ပတ္တိတွင် ဒုတိယအိမ်ထောင် ဒေါ်နီ၏ အမည်ကိုသာ ထုတ်ပြလေ့ရှိသည်၊ ဤသို့ဖြင့် စားရေးသူသည် အိမ်စောင့်အစိုးရလက်ထက် ဗိုလ်တထောင် သတင်းစာ၌ ၀န်ကြီးမန်းဘခိုင်၏ ပထမအိမ်ထောင်အမည်နှင့် သားသမီး(၈)ဦးတို့၏ အမည် ကိုပါ ဖော်ထုတ်ရေးသားလိုက်ရာ ၀န်ကြီးမန်းဘခိုင်၏ အိမ်ထောင်ရေးဖြစ်စဉ်မှာ ပြီးပြည့် စုံသွားပါတော့သည်၊
(နိုင်ငံရေး အမျိုးသားရေး)
မန်းဘခိုင်သည် ပထမတွင် ရန်ကုန်မြို့ရှိ (အေစကော့) ကုမ္ပဏီ၌ အမှုထမ်းခဲ့ဖူးသည်၊ ပြီးလျှင် ယုန်သလင်းရွာ၌ စိုက်ပျိုးရေးနှင့် အရောင်းအ၀ယ်လုပ်ငန်းကို လုပ်ယင်း၊ လူမှုရေး လုပ်ငန်းတစ်ရပ်အနေနှင့် ရွာသူကြီးလည်း လုပ်ခဲ့ဘူးသည်၊ ထိုမှ တစတစဖြင့် အမျိုးသားရေး နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်လာရာ (၉၁)ဋ္ဌာန အုပ်ချုပ်ရေးခေတ်(၁၉၃၇)ခုနှစ်တွင် ပုသိမ် မြောက်ပိုင်း မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်လာသည်။
ထိုစဉ်က အောက်လွှတ်တော်၌ ကရင်အမျိုးသား အမတ် (၁၂)ဦးအနက် မန်းဘခိုင် သည် တစ်ဦးအပါအ၀င်ဖြစ်သည်၊ (၁၉၃၈)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့ကို တရားဝင် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အဖြစ် ရရှိရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အောက်လွှတ်တော် ကရင်အမတ်တစ်ဦးအဖြစ်၎င်း၊ ဒေါကလု အသင်း၏ အမှုဆောင်လူကြီး တစ်ဦးအဖြစ်၎င်း ပါဝင် ခဲ့သည်၊
(၁၉၃၉) ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်လာသောအခါ မန်းဘခိုင်သည် ယုန်သလင်း ရွာတွင် ပြန်လည်နေထိုင်သည်၊ (၁၉၄၀) ပြည့်နှစ်၊ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါး မြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ကရက် ညီလာခံမှ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှုး ဖြစ်သော သခင်အောင်ဆန်းနှင့် သခင်းများသည် မြန်မာတစ်နိုင်ငံလုံးသို့ လှည့်လည်ကာ ဗြိတိသျှဆန့်ကျင်ရေးတရား ဟောပြောကြ၏၊ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၌ အရေးပေါ် ကာကွယ်ရေးဥပဒေကို ထုတ်ပြန်၍ သခင်နှင့် ကျောင်းသားခေါင်းဆောင်များကို တရကြမ်း ဖမ်း ဆီးလေသည်၊ သခင်အောင်ဆန်းသည် ဟင်္သာတမြို့ပေါ်၌ ဗြိတိသျှဆန့်ကျင်ရေးတရား ဟော ပြောမှုကြောင့် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေနှင့် ဖမ်းဝရန်း ထုတ်လိုက်လေသည်၊ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှုးဖြစ်သူ သခင်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် ရှေ့တွင် အစီအစဉ်များရှိနေ၍ အဖမ်းမခံပဲ ဒေသခံသခင်ခေါင်းဆောင်များနှင့်အတူ ယုန်သ လင်းရွာရှိ မန်းဘခိုင်၏အစီအစဉ်ဖြင့် မန်းဘခိုင်တို့၏ ယုန်သလင်းရွာ ငှက်ပျောခြံ ထဲတွင် လုံခြုံဘေးကင်းစွာ သခင်အောင်ဆန်း ပုန်းအောင်းနေခဲ့သည်၊ (၁၉၄၅) ခုနှစ်၊ ဖက်စစ်တော်လှန်ရေး စတင်လာ သောအခါတွင်လည်း ဟင်္သာတခရိုင် ဖက်စစ်တော်လှန်ရေး ဋ္ဌာနချုပ်စခန်းကို ယင်း ယုန်သလင်းရွာရှိ မန်းဘခိုင်တို့၏ ငှက်ပျောခြံမှာ ပင် အသုံးပြုခဲ့ကြသည်။

မန်းဘခိုင်နှင့် စစ်ပြီးနိုင်ငံရေး
(၁၉၄၅) ခုနှစ်၊ ဇွန်လအတွင်း စစ်ရှုံးဂျပန်တပ်ဖွဲ့များနှင့် တော်လှန်ရေးသမားများအတွင်း တနင်္သာရီတို်င်းဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် ကရင်ခေါင်းဆောင်အချို့တို့ သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်၊ ဤတွင် ကရင်ခေါင်းဆောင်အားလုံးတို့၏ တူညီနေသော အတွေးအခေါ်တစ်ခုမှာ စစ်ပြီးခေတ် ကရင်အမျိုးသားရေးရာကို မည်သို့ မည်ပုံ ပြန်လည် စတင်မည်ဆိုသည့် ကိစ္စပင်ဖြစ်သည်။ သို့ဖြင့် (၁၉၄၅)ခု ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့အထိ အမှတ်(၅၂၈) အောက်ကြည့်မြည်တိုင်လမ်းတွင် ကရင်အမျိုးသားထု အစည်းအဝေးတစ်ရပ်ကို ခေါ်ဆိုလိုက် ကြသည်၊ ယင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းတွင်ရှိသော ကရင်ခေါင်းဆောင်များမှလွဲ၍ ကျန်ဒေသများမှ ကရင်ခေါင်းဆောင်များ အစုံအညီတက်ရောက်လာကြသည်။
ယင်းကရင်အမျိုးသားထု အစည်းအဝေးတွင် ယခင်ရှိနေသော ဒေါကလု အသင်းနှင့် ခေါင်းဆောင်များအား ပထမစဉ်းစားကြရ၏၊ သို့ရာတွင် စစ်အတွင်း ယင်းအဖွဲ့မှာ ရပ်ဆိုင်းသွား ရုံမျှမက လက်ရှိ ရှိနေသော ခေါင်းဆောင်အများစုသည်လည်း အိုမင်းမစွမ်းဖြစ်ကြသည်ကို တွေ့ရသဖြင့် ရှေ့အနာဂတ်တွင် ကရင်အမျိုးသားရေးဆောင် ရွက်ရန် အသင်းအဖွဲ့တစ်ခုလို အပ်ကြောင်းကို ဆုံးဖြတ်ခဲ့ကြသည်။
ယင်းသို့ ကရင်အဖွဲ့အစည်းတစ်ရပ် မဖွဲ့နိုင်သေးမီ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်နိုင်စေရန် ဗဟိုကရင်အမျိုးသား အကြံပေးဘုတ်အဖွဲ့ (Karen Central Advisory Board) ကို ဖွဲ့စည်းခဲ့ကြသည်၊ ယင်းသို့ဖြင့် (၁၉၄၅) ခုနှစ်၊ သြဂုတ်လ(၁၅) ရက်နေ့တွင် ဂျပန်က လက်နက်ချလိုက်ကြောင်း ကြေညာလိုက်သဖြင့် မြန်မာနိုင်ငံ အပါဝင် ကမ္ဘာ့အရှေ့ ဘက်ခြမ်း၌ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားလေသည်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေးနှင့် ညီညွတ်ရေးအတွက် ဖတပလ (ဖဆပလ) အဖွဲ့မှကြီးမှုးသော -နေသူရိန်- အစည်းအဝေးကြီးကို ကျင်းပသည်၊ ယင်း အစည်းအဝေးမှ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် (၃၆)ဦး အား ရွှေးချယ်ခန့်အပ်ရာတွင် ကရင် အမျိုးသား အကြံပေးဘုတ်အဖွဲ့ဝင်ဖြစ်ကြသော မန်း ဘခိုင်၊ စောဘဦးကြီးနှင့် ဆရာ သာထိုတို့ က ဗဟိုဦးစီးအဖွဲ့ဝင်များ ဖြစ်လာကြသည်။

ထိုမှ အောက်တိုဘာလရောက်လျှင် အောက်တိုဘာ(၁)ရက်နေ့မှ (၃)ရက်နေ့ အထိ ကြည့်မြည်တိုင်မြို့နယ်၊ ဦးလူနီလမ်းရှိ အိမ်အမှတ်(၂)၌ အထက်ဖော်ပြပါ ဗဟို ကရင်အမျိုး သား အကြံပေးဘုတ်အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့သည်၊ ထိုအစည်း အဝေးတွင် ယခင် ဗဟိုကရင်အကြံပေးဘုတ်အဖွဲ့အစား ကရင်အမျိုးသားဗဟိုအဖွဲ့ ချုပ် (Karen Central Organization) ဟူ၍ ခေါ်ဝေါ်ဖွဲ့စည်းခဲ့ကြသည်၊ ယင်း (K.C.O) ကရင်အမျိုးသားအဖွဲ့သည် ဒေါကလု အသင်းပြီးလျှင် စစ်ပြီးခေတ်၌ ပထမဖွဲ့စည်းခဲ့ သည့် ကရင်အမျိုးသား အဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။

မန်းဘခိုင်သည် (K.C.O) အဖွဲ့၏ ကော်မတီအမှုဆောင်လူကြီးအဖြစ် စောမြ သိန်းနှင့် အတူဆောင်ရွက်ကြပြီး (K.Y.O) ခေါ် Karen Youth Organization အဖွဲ့မှာ လည်း မန်းဘ ခိုင်သည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်၊ (၁၉၄၇)ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပ သော တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲသို့ မန်းဘခိုင်နှင့် မန်းဝင်းမောင်တို့ ခေါင်းဆောင် သော (K.Y.O) က ၀င်ရောက်ရာ ၀န်ကြီးမန်းဘခိုင် သည် မိမိဇာတိ ဟင်္သာတကရင် သီးသန့် မဲဆန္ဒနယ်မှ ရွေးချယ်ခြင်းခံရသည်၊ သို့ဖြစ်၍ မန်းဘခိုင်သည် အာဇာနည်ခေါင်းဆောင်အဖြစ် ကျဆုံးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကြားဖြတ်အစိုးရအဖွဲ့တွင် အလုပ်သမားနှင့် စက်မှု လက်မှုဝန်ကြီးဋ္ဌာန၏ ၀န်ကြီးလည်း ဖြစ်၊ တိုင်းပြည်ပြုလွှတ်တော်အမတ်နှင့် (K.Y.O) ဥက္ကဋ္ဌ လည်းဖြစ်လေသည်၊ လွတ်လပ်သော မြန်မာနိုင်ငံအစိုးရကို ဖွဲ့စည်းတည်ထောင်သောအခါ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မန်းဘခိုင်၏ တည်ကြည်ထက်မြက်မှုအရ ဒုတိယ၀န်ကြီးချုပ် အထိ ခန့်အပ်ရန် ရည်ရွက်ချက်ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ဖွင့်ဟပြောဆိုခဲ့ဘူးသည်။
ဆရာမောင်စင်ကြယ်

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Monday, August 4, 2008

Finding Your Way

Each of us, in our own way, in our own time will awaken and
remember who and what we really are. The first step in that process
often comes in the form of a question. Who am I and/or what am I
doing here?

It is a solitary journey no one can take for us. It is solitary,
but we are not alone. We never were and never can be.

As a species we seem most comfortable with rules, signs posts and a
familiar, well worn path. Fear arises when we are in unknown
territory and have to find our own way.

We have come to a point in our evolution that traditional pathways
no longer serve us. It is time to go beyond the end of the road and
find our own path.

Find things that work for you. Create bookends for your day. Take
time each morning and evening to connect with your divinity. Find
rituals that work for you, perhaps take time to meditate. Find a
practice that helps you feel the energy of love that lives within
and surrounds you. Write, dance, draw, sing, laugh, cry, take long
walks in nature, run naked through your house, go to church, sit in
the energy of worship, practice worshiping yourself, look in the
mirror and connect with yourself, hold a baby, cuddle a teddy bear,
help a homeless person, do random acts of kindness and don't get
caught, love, journal - do it all - do none of it. Adopt a rock -
the list is endless.

Find what works for you and do it. Remember you are in the process
of awakening to a world filled with love and a universe that is
absolutely safe and abundant. It is a world worth finding.

ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...

Sunday, August 3, 2008

why we are so different ?








-All things are difficult before they are easy...
-To teach is to learn twice...
-A rich person is not the one who has the most, but the one who needs the least.
-The only thing that comes to us w/o effort is old age..
are you still complaining?


Observe around you and be thankful for all that you have in this transitory lifetime.
We are fortunate, we have much more than what we need to be content.
Let’s try not to feed this endless cycle of consumerism and immorality in which this
“Modern and advanced” society forgets and ignores the other two thirds of our brothers and sisters
Let’s us complaining less and give more!


ဖ၀်လာ.အေထုက်အှ်ထ၀်ဍာ်...