Saturday, December 13, 2008

မေးခွန်း

သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်း
ငါရည်မှန်းထားတဲ့တစ်စုံတစ်ရာ
အသေအချာရှိနေတယ်။
သံလိုက်အိမ်မြောင်ကစုတ်ပဲ့
တက်မပါ ရွက်ဗလာ
ပဲ့ဆိုတာနတ္ထိ ဆွေးမြိမြိနံဘေး
စုတ်ခြာတဲ့လှေလေးကိုအားပြု
ထုထည်ကြီးမားတဲ့ သမုဒ္ဒရာရဲ့လှိုင်းထုကို
ဇရာအိုစပြုနေတဲ့ငါ အံတုနိုင်မှာတဲ့လား။

ကမ်းမမြင်လမ်းမမြင် လှိုင်းကြမ်းလေဆင်
မုန်တိုင်းဝင်နေတဲ့ ပင်လယ်ပြင်ထဲ
ရဲရဲတောက်ဇွဲသတ္တိနဲ့ မျိုးဆက်သစ်တို့ ခရီးဆက်နိုင်ဖို့အရေး
အရည်သွေးကောင်းတဲ့ လှေတစ်စင်းစာအတွက်-

ငါဘာလုပ်ခဲ့သလဲ
ငါဘာလုပ်နေလဲ
ငါဘာဆက်လုပ်မှာလဲ

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး
Minnesota, USA

No comments: