Saturday, December 20, 2008

နှစ်သစ်ကူးဆုတောင်း


ပြာသိုလမှာ နှင်းမှုံဖြာဆင်း
လယ်ယာလုပ်ခွင် ကင်းရှင်းစင်၍
ကြယ်စင်လင်းလက် အာကာထက်၊

စောင်းကောက်ခတ်သံ မိုးထက်ယံကြား
ဆိုဟန်မြူးလှ ကဟန်ကြွသည့်
ခန့်ထည်အစဉ် ဇွဲကပင်။

ပိန်းဥမျှစ်ချဉ် ခရုဖင်ချွန်
ဘိုးစဉ်ဘောင်ဆက် မူမပျက်ရေး
လက်စုံလွေးမြဲ ကောက်သစ်ပွဲ။

နှင်းပန်းမွှေးကြိုင် နှစ်သစ်တိုင်တော့
ခွေယိုင်ညစ်ထွေး စိတ်ယုတ်ဘေးထုတ်
အတွေးနုတ်တွေ ပျောက်ကြစေ။


ပြာသိုလဆန်းတစ်ရက်နေ့မှာ ကျရောက်မည့်
၂၇၄၈-ခု
ကရင်နှစ်သစ်ကူးအတွက် ကြိုဆိုလျှက်--

မင်းစိုးစံ(အဝေးရောက်ကရင်ဒုက္ခသည်တဦး)
Minnesota, USA.

No comments: