နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ထိန်းချုပ်ရာ တပ်မဟာ (၇) နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ မဟာမိတ်အင်အားစုများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့က တက်ရောက်ခဲ့ကြသည်။
ကရင့်တော်လှန်ရေးသည် ကရင်လူထုတရပ်လုံးနှင့်အတူ မြန်မာပြည်သူများအားလုံး၏ တော်လှန်ရေးဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကရင်လူထုတရပ်လုံးနှင့် မြန်မာပြည်သူအားလုံး ပူးပေါင်းပြီး နအဖစစ်အာဏာရှင် ပြုတ်ကျရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်သွားရန်ကို တောင်းဆိုကြောင်း ဇိုယာဖန်းက ပြောသည်။
“ကျမတို့တော်လှန်ရေး မအောာင်မြင်သေးတာက ကျမတို့ ညံ့လို့မဟုတ်သလို ရန်သူကတော်နေလို့လည်း မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရော ဒီမိုကရေစီအင်အားစုတွေရော ဒီထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုမယ်ထင်ပါတယ်၊ လူထုတွေကိုလဲ ထိထိရောက်ရောက် စည်းရုံးဖို့လိုတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကိုလဲ ဖိအားပေးဖို့ စည်းရုံးလုပ်ဆောင်ရမယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကရင်အမျိုးသားတပ်မတော်မှ စစ်သည်တဦးက “ကရင့်တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ ဘာကြောင့် ကျနော်တို့ မျှော်လင့်ရတာလဲဆိုတော့ စစ်မှန်တဲ့တရားကို ကိုင်စွဲပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွှဲတယ်၊ ကျနော် ကရင်စစ်သားတယောက်အနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးတယ်၊ အမှန်တရားကို ကိုင်စွဲတိုက်ပွဲဝင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။
ကရင့်အမျိုးသားတော်လှန်းရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ပြီး တိုင်းရင်းသားတန်းတူညီရေးအတွက် ကရင့်ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူများအတိုင်း ဆက်လက်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
Showing posts with label photos. Show all posts
Showing posts with label photos. Show all posts
Sunday, February 1, 2009
နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂုဏ်ပြုမှတ်တမ်းဓာတ်ပုံအချို့(၃၁-၁-၀၉)
Labels:
photos
Subscribe to:
Posts (Atom)