Sunday, July 20, 2008

ကြွေလွင့်သွားသော ကြယ်တစ်ပွင့်

ဖေဖော်ဝါရီလ ၁၄-ရက်၊ ညနေ ၄-နာရီ မီနစ်-၄၀ အချိန်တွင် ကေအန်ယူအထွေထွေအတွင်းရေးမှူးချုပ် ဗဒိုမန်းရှာလာမန်း သည် အမည်မသိ သေနတ်သမားနှစ်ဦး၏ လုပ်ကြံမှုကြောင့် မဲဆောက်မြို့နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရပါသည်။
မျက်မြင်သက်သေတစ်ဦးဖြစ်သူ၏ ပြောပြချက်အရ အိမ်ရှေ့မှာ ကားအနက်တစ်စီးရပ်ပြီး ကားပေါ်မှ လူနှစ်ယောက်ဆင်းလာကာ အိမ်ရှေ့လှေကားပေါ်တက်လာပြီး လက်ထဲတွင်လည်း သစ်သီးထည့်ထားသော ခြင်းတစ်လုံးကိုင်ပြီးတော့ ဦးလေးထိုင်နေရာ အိမ်ရှေ့ဝရန်တာသို့ သွားကာ ဦးလေးမင်္ဂလာပါ ဆိုသည်ကို ကရင်လိုပြောဆိုနှုတ်ဆက်ပြီး ရင်ညွန့်ကို သေနတ်နဲ့ နှစ်ချက်ပစ်လိုက်တာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားတယ်၊
ဗဒိုမန်းရှာသည် ၁၉၄၃-ခုနှစ်တွင် အေရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် မွေးဖွားသော ပိုးကရင်အမျိုးသားတစ်ဦးဖြစ်ပြီး ၁၉၆၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့ကာ ၁၉၆၆-ခုနှစ်တွင် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရပြီး ၁၉၆၇-ခုနှစ် သြဂုတ်လတွင် ကရင်တော်လှန်ရေးတပ်သို့ ၀င်ရောက်ခဲ့သည်၊ ၁၉၈၄-ခုနှစ်တွင် ကေအန်ယူအရန်ဗဟိုကော်မတီဝင်ဖြစ်ခဲ့ပြီး ၁၉၉၀-ခုနှစ်တွင် ဗဟိုကော်မတီဝင်ဖြစ်လာခဲ့သည်၊ ၁၉၉၅-ခုနှစ်တွင် ကေအန်ယူတွဲဖက် ကေအန်ယူကွန်ကရတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရကာ ကွန်လွန်သည့်အထိ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်၊
ဗဒိုမန်းရှာ၏ ဈာပနအခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ဌာနချုပ်တွင် ၁-၂-၂၀၀၈ တွင်ကျင်းပခဲ့သည်၊ သူ၏ကွယ်လွန်ချိန်တွင် သမီးနှစ်ယောက်ဖြစ်သည့် နန့်ဘွာဘွာမန်း၊ နန့်ဇိုရာဖန်းနှင့် သားနှစ်ယောက်ဖြစ်သည့် စောစေးစေးနှင့် စလုံဖန်းတို့ ညီအစ်ကိုမောင်နှမလေးယောက်ကျန်ရစ်ခဲ့ပါသည်။
စောစေးစေးမှလွဲပြီး ကျန်သားသမီးသုံးဦးမှာ နိုင်ငံခြားတွင် ပညာသင်ကြားလျက်ရှိသည်။

No comments: