တစ်ခါက-
ဆောင်းအိုညများထဲ
ကြယ်စင်တွေ ကြွေလိုက်ကြတာ
ဒဏ္ဍာရီလမင်းကြီးလည်း
ပုံပြင်ဟောင်းထဲဆန်ဖွတ်ခံရ။
ပထ၀ီမျက်နှာနဲ့
ထွင်းခဲ့တဲ့ အမေ့ရဲ့ကျောက်စာ
သမိုင်းတစ်ခုရဲ့ပြည်ထောင်မှာ
လှပတဲ့ သံလွင်
ဧရာဝတီ
ရာဇ၀င်တွေနဲ့
ညင်သာတဲ့တိုက်ကွက်လေညင်း
ရင်ထဲဆွဲငင် တိုက်စားရင်း
ရှင်သန်ခြင်းကမ်းစပ်တွေ လဲပြိုခဲ့ရ၊
ဘာသာရောင်လှိုင်းလုံးများလည်း
ရိုးသားတဲ့မြစ်တစ်စင်းပေါ်
တဖုံ့ဖုံ့ထန်ပြ
ညီညာရွက်တိုင်များတို့ လွှင့်ကျခဲ့ပေါ့။
တစ်ချိန်က-
အဖိုးရဲ့မြားဟောင်းတစ်စင်း
ရင်ကို ပစ်ခွင်းလာပြန်တော့
ကြောက်လန့်နေတဲ့ရိုးတွင်းပိုးများ
အချင်းချင်းနှုတ်ဆက်စကားတွေက
မြွေတွန်သံလို
ကွဲအက်လာတဲ့ဖူးစာ
သံလွင်ရေလောက်တောင် သစ္စာမရှိဘူး။
ရှိပါစေတော့-
အဲဒီသမိုင်းတံခါးများ
ပိတ်ပစ်လိုက်တာကြာပြီ
ဘယ်အခါမှမရွေ့တဲ့ ကောင်းကင်ကြီး
ဘယ်အခါမှ မတွားတဲ့ ဟော့ဒီမြေကြီး
နှင်းတွေဝေလေ ဖားစည်သံသာယာလေပဲ။
စဟိန်းမင်းဇာ (၀ါးသင်္ခ)
Thursday, August 7, 2008
ကာရန်မညီသောကျောက်စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment